Thursday, April 27, 2017

ကန်စီးပွားရေးလုပ်ငန်းတွေအတွက် အခွန်ငွေ Trump အစိုးရ သိသာစွာလျော့ချ


အမေရိကန်ပြည်ထောင်စုက လုပ်ငန်းရှင်ကြီးတွေအတွက် အခွန်အခတွေ သိသိသာသာ လျှော့ချဖို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က အဆိုပြုလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံးစီးပွါးရေးလုပ်ဆောင်နေတဲ့ အမေရိကန် နိုင်ငံမှာ အလုပ်အကိုင်ကြီးထွားမှု တိုးလာစေဖို့ဖြစ်ပြီး နိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ အခွန်အခ သတ်မှတ်ချက်တွေအတွက် ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှု ဖြစ်သလို ဒါဟာ အခွန်ထမ်း အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာအတွက် သက်ရောက်မှုလည်း ရှိလာမှာ ဖြစ်ပါတယ်။

ကမ္ဘာ့စက်မှုထွန်းကားတဲ့ နိုင်ငံတွေကြားမှာ အများဆုံး ဖြစ်တဲ့ အမေရိကန်က လုပ်ငန်းရှင်ကြီးတွေအတွက် ကောက်ခံတဲ့ အခွန်ခနှုန်းကို ၃၅ % ကနေ ၁၅ % အထိ လျှော့ချဖို့ သမ္မတ Trump က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံပြင်ပမှာ ဖွင့်ထားတဲ့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ သူတို့ရတဲ့ အမြတ်ငွေတွေကို ပြန်ထုတ်ခွင့် တကြိမ်သာ ပေးဖို့လည်း ပါဝင်ပါတယ်။ ဒီလို လုပ်တာဟာ အမေရိကန် နိုင်ငံထဲ ငွေ ဒေါ်လာ ထရီလီယံပေါင်းများစွာ ပြန်ရောက်လာမှာ ဖြစ်ပြီး ပြည်တွင်း ရင်းနှီးမှု ချဲ့ဖို့ ဖြစ်လာနိုင်တယ်လို့ ဘဏ္ဍာရေး ဝန်ကြီး Steven Mnuchin ကပြောပါတယ်။

သမ္မတအိမ်ဖြူ စီးပွါးရေးအကြံပေး အရာရှိချုပ် Gary Cohn ကတော့ အလုပ်အကိုင်ဖန်တီးရေးနဲ့ စီးပွါးရေးကြီးထွားလာစေဖို့က ထိပ်တန်း ဦးစားပေး ဖြစ်ကြောင်း ပြောပါတယ်။ အဓိက အခြေခံပြီး လုပ်ဆောင်တာက အခွန်စံနစ်ကို အရိုးရှင်းဆုံးဖြစ်အောင် ပေးရတဲ့ နှုန်းကို လျှော့ပြီး သက်သာအောင် လုပ်ပေးတာလို့လည်း ပြောပါတယ်။ ဒါ့အပြင် လူတွေ အခွန်နဲ့ ပိမနေပဲ စံနစ်ကို မျှတအောင် လုပ်ရင်း စီးပွါးရေး ရင်းနှီး မြှုပ်နှံမှုတွေ ပြန်ပြီး နိုးကြွလာအောင်လုပ်ဖို့ ကြိုးစားတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါဟာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး အခွန်လျှော့ချမှုလုပ်ဖို့ အဆိုတင်သွင်းတာလို့လည်း Mnuchin ပြောပါတယ်။

အခုလို အခွန်ပေးဆောင်တဲ့ အစီအစဉ်ကို ချက်ချင်း လုပ်ဆောင်ဖို့ သမ္မတ Trump က မပြောသေးပေမယ့် ဒါဟာ လာမယ့် ဆယ်နှစ် ကျော်ကျော်လောက်ကျရင် အမေရိကန်အတွက် လက်ရှိ ကြွေးမြီ သန်းပေါင်း ၂၀ ထရီလီယံ ရှိနေတဲ့ထဲမှာ နောက်ထပ် ၂ ထရီလီယံလောက် ထပ်ဆောင်းလာနိုင်တဲ့ အနေထားလို့ စီးပွါးရေး သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

" မြန်မာ့အမျိုးသားရေးအတွက် တကယ့်ရင်မအေးစရာပါ "

Image may contain: 1 person, standing and outdoor

(က) " ဟဲလို ...မင်္ဂလာပါ 

ကိုလတ်..." " ဟုတ်ကဲ့ ကိုနီဒိုး...မင်္ဂလာပါ...၊ ပြောပါ...၊" 

" ဒီနေ့ ၂၆ ရက်နေ့ ဗဟန်း၅၀၅(ခ)နဲ့ ကိုလတ် ကိုဖိုးသား ကိုနောင်တော်လေးကို ဆင့်ခေါ်စာပို့ပြီး ခေါ်ထားတယ်ကြားလို့ပါ...တကယ်လို သွားဖြစ်ရင် လာရောက်ဝန်းရံပေးမလို မေးကြည့်တာပါ 

ကိုလတ်.." " ဟုတ်ကဲ့ ဒီလိုပါ ကိုနီဒိုး...ကိုဖိုးသားဆီကိုတော့ စာရောက်တယ်...ကိုဖိုးသားက ခရီးလွန်နေတယ် ထင်တယ်။ ကျွန်တော့်အိမ်ကိုတော့ စာမရောက်လာပါဘူး၊ ကျွန်တော်ကျွန်ပျူတာဆိုင်ဖွင့်ထားတဲ့ လိပ်စာနဲ့ ရောက်လာရင်တော့ မပြောတတ်ဘူး..ကျွန်တော်ကတော့ ၂၈ ရက်နေ့ ကမာရွက်တရားရုံးကို သွားမှာပါ..."

 "ဟုတ်ကဲ့ပါ ... ကိုလတ်...၅၀၅(ခ) ပုဒ်မဆိုတာက ဖမ်းပြီးမှ တရားရင်ဆိုင် ရတာလား၊ ဆင့်ခေါ်ပြီးမှ ဖမ်းရတာလား...ကိုလတ် အမြင်အရပေါ့..." 

 " ကျွန်တော်ထင်ပါတယ် ...ကျွန်တော်တို့ မပြေးမှန်းသိလို့ လာရောက်အဖမ်းခံဖို့ ခေါ်တာပါ..." - ကိုလတ်နဲ့ ဖုန်းစကားပြောအပြီးမှာတော့ ကျွန်တော်မှာ စိတ်မကောင်းကြီးစွာနဲ့ ။
 ဖြူ စင်ပြီး စိတ်ထားမွန်မြတ်စွာနဲ့ မြန်မာ့အမျိုးသားရေးမှာ တက်ကြွစွာ လှုပ်ရှားနေသူ..ကိုလတ်..။
 မိဘမဲ့ ကလေးသူငယ်တွေကို လှုဒါန်းကူညီထောက်ပံ့ကာ ပရဟိတလုပ်ရပ်တွေနဲ့ မွန်မြတ်ဒါနပရဟိတအသင်းကို ဦးဆောင်ခဲ့သူ..။
 White card နဲ့ မဲပေးခွင့် မရရှိရေးလှုပ်ရှားခဲ့သူ..။ 
OIC ရုံး မြန်မာနိုင်တွင်းထဲမှာ လာရောက်မဖွင့်လှစ်အောင် လှုပ်ရှားခဲ့သူ..၊။ ရန်ကုန်မြု့လယ်က ရွှေတိဂုံဘုရားအနီးမှ တပ်ပိုင်မြေပေါ်တွင် ဒဂုံစီးတီအထပ်မြင့် အဆောင်အဦးဖျက်သိမ်းပေးရေးအတွက် တက်ကြွစွာ လှုပ်ရှားခဲ့သူ..။ 
 ရိုဟင်ဂျာလူမျိုးလိမ်နဲ့ မြန်မာကို အစ္စလာမ်မိုင်ဇေးရှင်း လုပ်မှုကို အမြဲကန့်ကွက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပြီး မီဒီယာများကို လေးလေးစာစားဆက်ဆံရင်း မြန်မာ့အမျိုးရေးအဆင့်အတန်းကို ပြတ်ပြတ်သားသားအမြဲဂုဏ်တင်လေ့ ရှိသူ ... ကိုလတ် ...။ 
Image may contain: 5 people, people standing
 Image may contain: 3 people, people sitting
 (ခ) ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံမှာ မရှိဘူး။ လူရိုဂျာလူမျိုးဟု နာမည်တပ်ပြီးပြောတဲ့ အမေရိကန်ပဲဖြစ်ဖြစ်။ မလေးပဲ ဖြစ်ဖြစ် ၊ဘယ်OIC နိုင်ငံပဲဖြစ်ဖြစ် မြန်မာ့ပြည်သူလူထုတစ်ရပ်လုံးရဲ့ကိုယ်စား အမုန်းခံကာ မြန်မာ့အမျိုးသားရေး ရဟန်သံဃာတော်တွေ ၊ အမျိုးသားရေးသမားတွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ လုံးဝ မရှိပါဘူး။ ခင်ဗျားတို့ လူမျိုးလိမ်နဲ့ အစ္စလာမ်မိုင်ဇေးရှင်းလုပ်သချင်သပဆိုရင် မြန်မာနိုင်ငံမှ ရဟန်းရှင်လူ ပြည်သူများကတော့ "NO"ပါလို့ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ခဲ့ကြတယ်။ 
 Image may contain: one or more people and outdoor
 ပထမတစ်ခေါက်က ကိုဝင်းကိုကိုလတ်၊ ကိုနောင်တော်လေး၊ ကိုဖိုးသားတို့ ၊( နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅(ခ) နဲ့ ဒီနေ့ ၂၆ ရက် ရုံးချိန်မှာ ကိုဖိုးသား(ရခိုင်ပြည်သူပြည်သားများအရေးများကို တက်ကြွလှုပ်ရှားသူ) ဆီကို စာရောက်လာပါတယ် ။ ကိုဖိုးသား ခရီးလွန်နေကြောင်းသိရ) ဒုတိယတစ်ခေါက်ဖြစ်တဲ့ အမေရိကန်သံရုံးရှေ့ ဆန္ဒဖေါ်ထုတ်ပွဲမှာ ဆရာတော်ဦးပါမောက္ခ၊ ဆရာတော်ဦးသုစိတ္တ ၊ဆရာတော်ဦးဥာဏဓမ္မ၊ ကိုဝင်းကိုကိုလတ်၊ ကိုနောင်တော်လေး၊ ကိုသက်မျိုးဦး၊ ကိုနေဝင်းအောင်တို့ကို ၅၀၅(ခ) နဲ့ ၂၈ ရက်နေ့မှာ ကမာရွက်တရားရုံးကို လာရောအဖမ်းခံဖို့ စာရောက်လာပါတယ်။ 

အကြောင်းရင်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိဘူး ဆိုတာကို မရှိတဲ့အကြောင်းကို ဒီမိုကရေစီရဲ့နည်းလမ်းအတိုင်း တရားဝင်းစာတင်ပြီး ဆန္ဒထုတ်ဖေါ်ခဲ့ကြတာပါ။ ဒါကို ဆန္ဒပြတဲ့နေရာမှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဒ်မ ၅၀၅(ခ) ဆိုတာဟာ ဥပဒေကို မိမိတို့လိုချင်ရာ ဆွဲကာ လုပ်ချင်သလို လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုး ပေါ်လွင်လှပါတယ်။ ဒီလိုမျိုး ဥပဒေကို လိုရင်တစ်မျိုး မလိုရင်တစ်မျိုးဆိုတဲ့ လုပ်ချင်သလိုလုပ်နေတာဟာ မြန်မာအနာဂတ်အမျိုးသားရေးအတွက် တကယ့်ကို ရင်မအေးစရာအဖြစ် မြင်မိပါတယ်။ 
 Image may contain: 19 people
ဒါတွေဟာ မြန်မာ့အမျိုးသားရေးအတွက်အနုတ်ရလာဒ်သာ ဖြစ်ပါလိမ်မယ်။ (ဂ) ဟိုး...လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က တာလီဘန်အစ္စလာမ်မေ့စ် အကြမ်းဖက်သမားတွေက အာဖကန်နစ်စတန်နိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကို ဒိုင်းနမိုင်းဗုံးတွေနဲ့ ဖေါက်ခွဲခဲ့ကြတယ် ။ အဲဒီအခါကျမှ အစ္စလာမ်နိုင်ငံဖြစ်နေတဲ့ အာဖကန်နစ်စတန်နိုင်ငံဟာ ဟိုး...လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လာက်က ဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်ခဲ့တယ် ဆိုတာကို ရင်နာနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ သိခဲ့ကြတယ်။ ကမ္ဘာ့ကုလသမဂ္ဂက ဝင်ရောက်တားမြစ်တာကိုလည်း လုံးဝ နားမထောင်ခဲ့ပါ။ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်ပေါင်းများစွာနဲ့ ကမ္ဘာသူ ကမ္ဘာသားများစွာဟာ ဝမ်းနည်းစိတ်မကောင်း ဖြစ်ခဲ့ကြပေမဲ့ အစ္စလာမ်ဘာသာဝင်တိုင်းက ကျိပ်ပြီးဝမ်းသာနေခဲ့ကြတယ်။

 မြန်မာနိုင်ငံမှ ဘယ်အစ္စလာမ်အဖွဲ့အစည်းကမှ ကန့်ကွက်ရှုပ်ချကြောင်း ထုတ်ပြန်ချက်တွေ မရှိခဲ့ကြပါဘူး။ (ဃ) အင်ဒိုနီးရှားရဲ့ ဗုဒ္ဓဘာသာသမိုင်းကော ဘယ်လိုပါလဲ ။ မလေးရှားရဲ့ ဗုဒ္ဓဘာသာသမိုင်းကော ဘယ်လိုရှိခဲ့သလဲ။ ထိုင်းနိုင်ငံ တောင်ပိုင်းကော ဘယ်လိုအခြေအနေ ရှိနေပြီလဲ။ ရခိုင်က ဘူးသီးတောင် မောင်တောကော လွန်ခဲ့တဲ့ အနှစ်လေးဆယ်က ဘယ်လိုအခြေအနေ ရှိခဲ့သလဲ။ နောက်နှစ်ပေါင်း (၃၀) ဆယ်လောက်မှာ ရန်ကုန်မြို့ကြီးက အစ္စာလာမ်ဘာသာဝင်ဦးရေကော ဘယ်လောက် ရှိနိင်မှာလဲ။ မြန်မာ့အနာဂတ်ကို တန်ဖိုးထားတဲ့ ခေါင်းဆောင်တိုင်း ပြည်သူလူထုတိုင်း လုံးဝ စဉ်းစားတွေးတော ထားရပါလိမ့်မယ်။

Ni Doe

မကွေးကျောင်းဆရာတော်က ပြစ်မှုပုဒ်မ ၅၀၅ ခ ကို ဖြေရှင်းမည်မဟုတ်ကြောင်း စာတင်လိုက်ပြီ

No automatic alt text available.
သို့
စခန်းမှူး
ကမာရွတ်မြို့မရဲစခန်း
ကမာရွတ်မြို့နယ်၊ အနောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး              ရက်စွဲ ၂၆-၄-၂၀၁၇

အကြောင်းအရာ။   ။ကမာရွတ်မြို့ နယ်တရားရုံး၊ တရားသူကြီးဒေါ်သန္တာ 

ရှင်ထံမှ ပြစ်မှုကြီးမှုအမှတ်(၁၃၅/၂၀၁၇)တွင် ပြစ်မှုပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုချက် ရှိခြင်းကြောင့် လာရောက်ဖြေရှင်းရန် အကြောင်းကြားစာ ပေးပို့လာခြင်း နှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် တရားသူကြီး ဒေါ်သန္တာရှင်ထံ သွား ရောက်ဖြေရှင်းမည်မဟုတ်ကြောင်း ရှင်းလင်းတင်ပြခြင်း
အထက်ပါအကြောင်းအရာနှင့်
ပတ်သက်၍ -
၁။ အမေရိကန်သံအမတ်၏ “ရိုဟင်ဂျာ လူမှုအသိုက်အ၀န်း”ဆိုသည့် အသုံး အနှုန်းအတွက် “မြန်မာနိုင်ငံ၌ ရိုဟင် ဂျာ လူမျိုးမရှိကြောင်း” ၂၈-၄-၂၀၁၆ ရက်နေ့က အမေရိကန်သံရုံးရှေ့တွင် ဟောပြောကန့်ကွက်ခဲ့ရာ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ အရဟုဆိုကာ တရားစွဲ ဆိုခံခဲ့ကြရပါသည်။ ရုံးချိန်းပေါင်းအကြိမ်(၂၀)ကျော်အထိပင် ရှိခဲ့ပြီးဖြစ်ပါသည်။
၂။ သံဃာ့အဖွဲ့အစည်းထံမှ တရားစွဲ ခွင့်ပြုကြောင်း စာ မပါသည်ကို သိရှိ ရသဖြင့် လုပ်ထုံးလုပ်နည်းနှင့် မညီဟု ယူဆကာ အစစ်ခံ-ထွက်ဆိုခြင်းမပြုဘဲ “ပြစ်မှု ကျူးလွန်ခြင်းမရှိပါဘဲ စွဲဆိုထား မှုကို ပြန်လည်ပြင် ဆင်ပေးနိုင်ရန် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁(က)အရ တိုင်းဒေသကြီးတရား လွှတ်တော်ထံ အယူခံ-ပြင်ဆင်တင်ပြ လျှောက်ထားခဲ့”ရာ တိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံသဖြင့် ပြင်ဆင်မှု-မှုအမှတ် (၂၅/ ၂၀၁၇)ဟု ထွက်ပေါ်နေပြီး ဖြစ် ပါ သည်။
၃။ ထိုအခြေအနေတွင် ကမာရွတ်မြို့ နယ် တရားသူကြီးဒေါ်သန္တာရှင်က ပြစ်မှုကြီးမှုအမှတ်(၁၃၅/၂၀၁၇)တွင် ပြစ်မှုပုဒ်မ ၅၀၅ (ခ) (အာမခံမရ ကြောင်း ပြဋ္ဌာန်းထားသည့်ပုဒ်မ) ဖြင့် စွဲဆိုချက်ရှိခြင်းကြောင့် လာ ရောက်ဖြေရှင်းရန် ၂၁-၄-၂၀၁၇ ရက်စွဲပါ စာဖြင့် ဆင့်ခေါ်ခံရခြင်း ဖြစ်ပါသည်။ ၂၁-၄-၂၀၁၇ ရက်နေ့မှ အမှုဆင်၍ စွဲဆိုခံရခြင်းဖြစ်ပါသည်။
ပုဒ်မ ၁၉ အရ စွဲဆို ချက်အတွက် စစ်ဆေးရာ တွင် ပြစ်မှုပုဒ်မ ၅၀၅ (ခ) အရ စစ်ဆေးခြင်းတစ်လုံး တစ်ပါဒမျှ မပါဝင်ခဲ့ခြင်း၊ ပြစ်မှုတစ်ခုအတွက် မှုအမှတ်အမျိုးမျိုးဖြင့် စွဲဆိုခွင့်မရှိခြင်း၊ ပြစ်မှုပုဒ်မ ၅၀၅ (ခ) ကင်းလွတ်ချက် တွင် အမှန်တရားအတိုင်း ပြောဆို သည်ဖြစ်လျှင် ပြစ်မှုမမြောက်ဟု ပြဋ္ဌာန်းထားခြင်းတို့ကို ထောက်ထား၍ “ဘုန်းကြီးသည် ပြစ်မှုပုဒ်မ ၅၀၅ (ခ) ကို ကျူးလွန်ခြင်း မရှိ”ဟု ယူဆပါ သည်။
၎။ သို့ပါ၍ ကမာရွတ်မြို့နယ်တရား သူကြီးဒေါ်သန္တာရှင်ထံ သွားရောက် ဖြေရှင်းမည်မဟုတ်ကြောင်း နှင့် ၎င်းတရားသူကြီး၏ ပြစ်မှုကြီးမှုအ မှတ်(၁၃၅/၂၀၁၇)တွင် စွဲဆိုချက် အတွက် လာရောက်ဖြေရှင်းရန် အကြောင်းကြားစာအရ “အရေး ယူရန်-ဖမ်းရန် တာဝန်ရှိမည်”ဆိုလျှင် ၂၈-၄-၂၀၁၇ ရက်နေ့၊ တရားစီရင်ချိန်-ပြီးသည့်နောက်ပိုင်း မည်သည့်အချိန် မှာမဆို လာရောက်ဖမ်းဆီးအရေးယူ
နိုင်ပါကြောင်း၊ ဘုန်းကြီး၏ ကျောင်း တိုက်တွင် နေမြဲတိုင်း နေထိုင်လျက် ရှိပါ ကြောင်း ကြိုတင် အသိပေး အကြောင်းကြားပါသည်။

ဦးပါမောက္ခ
(ပဓာနနာယက ဆရာတော်)
မကွေးပရိယတ္တိစာသင်တိုက်
အမှတ်(၁)ရပ်ကွက်
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး
Image may contain: 3 people, people standing and indoor

သတင်းမှတ်တမ်း
©©©©©©
ဖော်ပြပါစာကို
ကမာရွတ်မြို့နယ်-မြို့မရဲစခန်း စခန်း တာဝန်ခံထံတွင် 26-4-2017 ရက်နေ့၊ နံနက် 9 နာရီခွဲခန့် အချိန်တွင် မကွေး ကျောင်းဆရာတော် ကိုယ်တိုင် လာ ရောက် တင်ပြပေးအပ်ခြင်းဖြစ်ပါ သည်။ ဦးအောင်မြိုင်(မစိုးရိမ်စာသင်သား)လိုက်ပါလျက် ဓာတ်ပုံမှတ်တမ်း ရိုက် ပေးခြင်းဖြစ်ပါသည်။ စခန်းတာဝန်ခံကချက်ချင်းပင်စာဝင်နံပါတ်သွင်းပြီးမြို့နယ်မှူးပြန်ရောက်လာပါက ပေးအပ်ပေးမှာဖြစ်ကြောင်း၊ စခန်းမှူးပြန်ရောက်လာပါက ပေးအပ်ပေးမှာဖြစ်ကြောင်း ကောင်းမွန်စွာ ပြန်လည်လျှောက် ထားကြောင်း တွေ့ရပါ သည်။ထို့နောက် ပြန်လာကြစဉ် 16 ကြိမ်မြောက် စာတမ်းဖတ်ပွဲမှ စာတမ်းရှင်တစ်ဦး လာရောက် တွေ့ဆုံပြီး ဆရာတော်ဦးပါမောက္ခအား အားပေးစကားပြောသွားပါ သည်။
"သူ့ကို တစ်ယောက်က ပြောပြတယ်တဲ့။ ဆရာတော်က အဖမ်းခံတော့မှာမို့ ကြောက်နေတာတဲ့။ အားပေးလိုက်ပါအုံးဆိုလို့တဲ့။"ဘာပဲပြောပြောပေါ့လေ။ ပြောကြပေါ့ဗျာ။
ဒါက ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ဆရာတော်က မကြောက်လို့ စခန်းကို ကိုယ်တိုင် လာပြီး ကိုယ်တိုင်ပဲ စာတင် သွားပါကြောင်း ဖော်ပြလိုက်ပါတယ်။ကမာရွတ်မြို့နယ် တရားသူကြီး ဒေါ်သန္တာရှင်ကတော့ ရာထူးတိုးလို့ 29-4-2017 ရက်နေ့မှာ နေပြည်တော် ကို ပြောင်းရွေ့ပြီး စတင် တာဝန်ထမ်း ဆောင်တော့မှာဖြစ်ကြောင်း၊ 28-4-2017 ၇က်နေ့မှာ ကမာရွတ် တရားရုံးကိစ္စအားလုံး အပြီးလွှဲပြောင်းပေးရမှာဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက အခိုင်အမာ ပြောပြလိုက်ပါတယ်။

အောင်မြိုင် (မစိုးရိမ်စာသင်သား)
26-4-2017

Wednesday, April 26, 2017

NLDပါတီ နာယကကြီးမုဒိမ်းကုလား ဦး​တော်​မီ​အောင်​ ကိုNLDပါတီဝင်​​တွေ လုပ်​​ဖော်​ကိုင်​ဖက်​​တွေက၀န်းရံ​နေ

 Image may contain: 1 person, sitting

Image may contain: 1 person, standing


၎-ကြိမ်မြောက်
ကလောမြို့မုဒိမ်းကုလား ဦးတော်မီအောင်ရုံးချိန်းဖြစ်စဉ်
ကလောမြို့ မုဒိမ်းကုလားဦးတော်မီအောင်အမှု(၄)ကြိမ်မြောက်ရုံးချိန်း(25-4-2017)ရက်နေ့ ရုံးထုတ်ခဲ့ပါတယ်
တရားလိုသက်သေဦးကျော်မိုး(မုဒိမ်းကျင့်ခံရသူ မဇာခြည်မိုး ၏ ဖခင်)ကို တရားခံဖက်မှလိုက်ပါ ဆောင်ရွက်ပေးသော ရှေ့နေကြီးဦးကိုကိုလေး(ဗုဒ္ဓဘာသာ) မှ ခရိုင်(၁)တရားသူကြီး ဒေါ်ခင်စိုးဟန် ရှေ့မှာမေးမြန်းခဲ့
မေးမြန်းပုံက တရားလိုသက်သေခံတစ်ယောက်ကို လန့်ကြောက်သွားအောင် စိတ်အားငယ်သွားအောင် မျက်နှာ ထား ခပ်တင်းတင်းထားပြီး လေသံမာမာဖြင့်ပြောကာ စူးစိုက်ကြည့်ပြီး မေးမြန်းခဲ့ပါတယ်။
 Image may contain: one or more people and outdoor
ခရိုင်တရားသူကြီး မှလည်း စိတ်မရှည်တဲ့ လေသံမျိုးနှင့် တရားလို သက်သေ တစ်ယောက်ကို ပြောဆိုမေးမြန်းနေတယ်လို့သိရပါတယ်
သက်သေထွက်ဆိုတဲ့ တရားလိုသက်သေဦးကျော်မိုးမှာ ( ဖိအားပေးခံရသလိုမျိုး) စိတ်အားငယ်ပြီး ဖြေဆိုနေရတဲ့ ပုံစံ ဖြစ်နေတယ်လို့ သိရပါတယ် ရိုးသားတဲ့ ကျေးရွာသား ဖြစ်သော တရားလို သက်သေ ဦးကျော်မိုးမှာ တရားရုံး အတွေ့အကြုံမရှိလေတော့ သူတို့စကားနောက်ပါသွားပြီး အမှန်တစ်ကယ်အသက်မပြည့်သေးသော အကျင့်ကြံခံရတဲ့ သမီးဖြစ်သူကို (၁၈)နှစ်အသက်ပြည့်သလိုမျိုး မှားပြီး ဖြေဆိုနေမိတယ်လို့သိရပါတယ်။ နောက်မှ အိမ်ထောင်စုဇယား ကို တရားသူကြီးရှေ့မှာ တင်ထားကြောင်းနှင့် အသက် မပြည့်သေးကြောင်းကို ပြန်လည်တင်ပြပြောဆိုခဲ့ပါတယ်

 Image may contain: 1 person, standing
ဒါဟာ မွတ်ကုလားမုဒိမ်းကောင်တရားခံဖက်က လိုက်ပါဆောင်ရွက်ပေးနေသောဦးကိုကိုလေး(ဗုဒ္ဓဘာသာ)ဟာ အကျင့်ကြံခံရသူမိန်းကလေး အသက်ပြည့်ပြီးသူ ဖြစ်အောင်ပြော၍ အမှုပေါ့အောင်လုပ်ဆောင်နေတယ်လို့ ထင်ပါတယ်
ဒီလို တရားရုံးရောက်သွားလို့ သူတို့ဂွင်ထဲဝင်သွား တာနဲ့ တရားလိုသက်သေတစ်ယောက်ကို ခပ်တင်းတင်း မျက်နှာထား အမူအရာ အသံခပ်မာမာနှင့် ဖိအားပေးသလို မျိုး ဆက်ဆံမေးမြန်းနေတာဟာ မဖြစ်သင့်သလို မသင့်တော် ဘူးလို့ထင်ပါတယ်
ခုလိုလုပ်ဆောင်နေတာဟာ အမှန်တရားဖြစ်တဲ့ တရားရေးလမ်းကြောင်း လွဲချော်သွားအောင်လုပ်နေသလို မျိုး ဖြစ်နေပါတယ် သက်ကြားအိုကြီးရဲ့ မုဒိမ်းကျင့်ခံရ လို့နစ်နာရသေး တရားရုံးရောက်တော့လည်း မျက်နှာငယ် ရတယ်ဆိုရင် တရားဥပဒေလမ်းကြောင်းက မတရားဥပဒေ လမ်းကြောင်းဖြစ်သွားနိုင်တယ် တရားဥပဒေဆိုတာ ပြည်သူကိုစောင့်ရှောက်ကာကွယ်ပေးနေသော အမှန်တရား ဖက်က ရပ်တည်ပေးမဲ့ တရားဥပဒေဖြစ်စေချင်ပါတယ်
တာဝန်ရှိလို့ မေးမြန်းတယ်ဆိုပေမဲ့ မေးမြန်းသူတို့ဖက်မှ ဖိအားပေးသလိုမျိုး မေးမြန်းတာလုပ်လို့ရပါသလား ?
အမေးခံရသူ တရားလို သက်သေဖက်ကရော
ကန့်ကွက် လို့ ရပါသလား ? သိချင်ပါတယ်။ ။
နောက်ပြီး ကလောမြို့ NLD အဖွဲ့ဝင် ဦးဖိုးချိုတို့အဖွဲ့နှင့်
မုဒိမ်းကုလားဦးတော်မီအောင်၏မကင်းရာမကင်းကြောင်း ဖြစ်သည့် ခရစ်ယာန်ဘာသာဝင်အမျိုးသမီးများကလည်း မုဒိမ်းကုလားဦးတော်မီအောင်ကို လာရောက်ဝန်းရံ ကြပါတယ် လို့ သိရပါတယ်
 Image may contain: 2 people, people standing
ပြီးခဲ့တဲ့ ရုံးချိန်းတုန်းကတော့ တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတိုး (ဦးဝင်းထိန် နှုတ်မိန့်ဖြင့်ဖြုတ်ခဲ့သူ - ယခု - ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့)ကလည်း မုဒိမ်းကုလား ဦးတော်မီအောင်ကိုလာရောက်ဝန်းရံပြီး လက်မထောင်ပြ သင်္ကေတဖြင့် အားမငယ်ဖို့အကြောင်း အားပေးနေတယ်လို့ သိခဲ့ရပါတယ်
မုဒိမ်းကုလား ဦးတော်မီအောင်ရဲ့ညီ မွတ်ကုလားဦးဂျင်မီ ကလည်း ပိုက်ဆံအိပ် ဂျိုင်း ကြားညှပ်ခါ ဟိုလူနှင့်တွေ့ ဒီလူနှင့်တွေ့ပြီးအလုပ်ရှုပ်နေတယ်လို့ သိခဲ့ရပါတယ်
(ခရစ်ယာန် ဘာသာဝင် )တိုင်းရင်းသူ အမျိုးသမီးတွေ ကလည်း ဆရာဦးတော်မီအောင် အားမငယ်နဲ့ ကျန်းမာရေးကောင်းအောင်နေပါလို့ ပြောဆိုနေသံကိုလည်း ကြားခဲ့ရတယ်လို့သိခဲ့ရပါတယ်
အော်------- မုဒိမ်းကုလား ဦးတော်မီအောင်ကို ဝန်းရံနေကြတာ ကြားသိရတော့ ဒို့တိုင်းရင်းသူတွေကို မွတ်ကုလားတွေမုဒိမ်းကျင့်ဖို့ အားပေးအားမြှောက် ဆောင်ရွက်နေကြတဲ့ အမျိုးဘာသာ သစ္စာဖေါက့်  မြန်မာတိုင်းရင်းသူ/သား တွေ အများကြီးပါ့လားလို့ သိလိုက်ရတဲ့အခါ စိတ်မကောင်း ဖြစ်မိပါတယ်
25-4-2017
#ဝဠာမိုး
===============================
30-3-2017 ရက်နေ့ ကလောမြို့ သက်ငယ်မုဒိမ်းသမား မွတ်ကုလားဦးတော်မီအောင်ရုံးထုတ်တယ် မုဒိမ်းကုလားရဲ့ညီနဲ့ အပြင်မှာလူကြီးလူကောင်းလို့ ထင်ရတဲ့သူတွေ(ဗုဒ္ဓဘာသာဝင်)များနဲ့ တရားရုံးထဲမှာ တီးတိုးတီးတိုးတိုင်ပင်နေတာလည်း ဟိုနားတွေ့ဒီနားတွေ့ ပါပဲ မုဒိမ်းကောင်မွတ်ကုလားကို မွတ်ကုလားဝန်းရံတာ မဆန်းပေမဲ့ ဒီအမှုကို လွတ်မြောက်အောင် ဆောင်ရွက်ပေး နေတဲ့ ဗုဒ္ဓဘာသာဝင်တရားလွှတ်တော်ရှေ့နေကြီးနဲ့ ဝန်းရံပေးတဲ့အခြားဗုဒ္ဓဘာသာဝင်တွေကတော့ အဆန်းပဲ ! မ-ဘ-သ အဖွဲ့တွေကို သူတို့ကြည့်တဲ့အကြည့်တွေက မလိုလားတဲ့ မကြည့်တွေနဲ့ဖြစ်နေတယ် ဘယ်လိုပဲကြည့်ကြည့် အမှုလမ်းကြောင်းမှန်ဖို့အတွက်
မ-ဘ-သအဖွဲ့တွေကတော့ နောက်ဆုတ်သွားမှာမဟုက်ပါဘူး
အမြင်ပြောရရင်တော့ အမှုကိုကြန့်ကြာအောင်လုပ်နေတယ် လို့ထင်တယ် အမှုချိန်းလေးကြိမ်ရှိနေပြီ ဟိုလိုလို ဒီလိုလိုနဲ့ ဒီနေ့ရုံးချိန်းလည်း နောက်ကျမှခေါ်ပြီး အချိန်မရတာ အကြောင်းပြ မစစ်ပဲနဲ့ နောက်ရုံးချိန်း ထက်ချိန်းတယ် တရားဥပဒေစိုးမိုးဖို့နဲ့ တရားရေးစောင်းမသွားဖို့ မဘသအဖွဲ့ကတော့ ဝန်းရံပေးရအုံးမှာဖြစ်ပါတယ်
#ဝဠာမိုး
ရှယ်ပေးကြပါရန်
----------------------------------
မုဒိမ်းမှုစဖြစ်စဉ် ပို့စ်အဟောင်းပါ တွဲတင်းပေးထားတယ်
--------------------------------
"ကုလားရှိရင် မုဒိမ်းရှိမယ် (၁၈)"
(ကလော ကျေးလက်ရတနာ ဘော်ဒါဆောင်အမှု)
============================
30.1.2017 ရက်နေ့ကပါ။
အောင်ပန်း အရိန္ဒမ(မစိုးရိမ်)ကျောင်းဆရာတော်က ဆက်သွယ်လာပါတယ်။ပင်လောင်းမဘသ က အကြောင်းကြား လို့ သက်ငယ်မုဒိမ်းမှုတစ်ခု အကူအညီလို အပ်နေကြောင်းပါ။စားနေကျ ကြောင်ဖားကြီကို ဆုံးမဖို့ အချက်အလက်တွေရပြီ။ အရင်ကတည်းက အပုပ်နံ့ထွက်နေပေမယ့် လက်ဆုပ်လက်ကိုင်မပြနိုင်သေးလို့ ဆုံးမခွင့်မကြုံခဲ့တာလို့ ဆိုပါတယ်။
31.1.2017 ရက်နေ့မှာတော့ အောင်ပန်း မစိုးရိမ်ဆရာတော် ဦးဇင်းမဲကြီးတို့ ကုန်းတစ်တန် ရေတစ်တန်နဲ့ ပင်လောင်း ဘက်ကို သွားကြပါတယ်။ ပင်လောင်းမှာ ပင်လောင်း မဘသ အဖွဲ့နှင့် အရင်ဆွေးနွေးကြပါတယ်။ ပင်လောင်း မြို့နယ်၊ နန်းတုတ်ကျေးရွာမှ နဝမတန်းကျောင်းသူလေး အကျင့်ခံရတာပါ။ ကျင့်တဲ့သူက ထုံးစံအတိုင်း မုဒိမ်းဇာတ်လိုက်ကြီး မွတ်ကုလားပါပဲ။ အမည်က ဦးတော်မီအောင် (မွတ်/အစ်)၊ အသက် (၇၂)နှစ်၊ ကလောမြို့၊ ကျေးလက်ရတနာ ပရဟိတပညာရိပ်သာ (ဘော်ဒါဆောင်)ပိုင်ရှင်ပါ။
၎င်းဘော်ဒါဆောင်မှာနေတဲ့ မိန်းကလေးကို ၎င်းအိမ်ခေါ်သိပ်ပြီး အကွက်ကျကျ အဓမ္မကျင့်ခဲ့တာပါ။
ကြံရာပါ နှစ်ဦးကတော့ တစ်ရွာတည်းနေ မအေးအေးစိုးနှင့် ကုန်းသာရွာနေ ကိုဇော်မြတ်မိုး (NLD စည်းရုံးရေးမှူး)ပါ။
ကျောင်းသူမလေးက ပွေရှုပ်နေလို့ ကုလားအိမ်မှာ ခေါ်ထားဖို့နဲ့ ကုလားအိမ်မှာ ဆယ်တန်းကျောင်းသူ မိန်းကလေးအဖော် ငါးဦးရှိတယ်လို့ မအေးအေးစိုးက ကျောင်းသူလေးရဲ့ မိဘတွေကို ဖုန်းဆက်ပြီး ယုံကြည်အောင် လှည့်စားခဲ့တာပါ။
ကျောင်းသူမလေးက 22.1.2017 ရက်နေ့ ညမှာ ဘော်ဒါဆောင်မှ မွတ်ကုလားအိမ်ကို ပြောင်းရွှေ့အိပ်ပါတယ်။ အဲဒီညမှာပဲ မုဒိမ်းသမား မွတ်ကုလားကြီးက မြေးမြစ်အရွယ် သူငယ်မလေးကို ပါးစပ်ပိတ်ပြီး အကြမ်းဖက်တာပါ။
23.1.2017 ရက်နေ့မှာ ကျောင်းသူမလေးက ငိုယိုတိုင်ကြားလို့ မိဘများက လာခေါ်သွားတာပါ။
မိဘများက ကိုဇော်မြတ်မိုး(ကုန်းသာ NLD စည်းရုံးရေှးမှူး)ကို သမီးလေးကိစ္စတိုင်ပင်ပါတယ်။ တိုင်ပင်ခြင်းရဲ့အကြောင်းက ရွေးကောက်ပွဲအကြိုကာလမှာ ကလေးတွေကို NLD ဘော်ဒါအပ်ပေးမည်ဟု စည်းရုံးထားတဲ့အပြင် ဒီဘော်ဒါဆောင်ကိုလည်း ကိုဇော်မြတ်မိုးကပဲ အပ်ပေးလို့ပါပဲ။
ကိုဇော်မြတ်မိုးက တိုင်ပင်စမှာ ဥပဒေကြောင်းအရလုပ်ဖို့ တိုက်တွန်းသော်လည်း နောက်ပိုင်းမှာ သက်သေခံပစ္စည်းကို လိမ်လည်တောင်းယူပြီး ဖျောက်ပစ်လိုက်ပါတယ်။
သက်သေခံပစ္စည်းက ထမီပါ။ ရွာလူကြီးက တောင်းခိုင်းလို့ဆိုပြီး လိမ်ယူသွားတာပါ။ ရွာလူကြီးကမေးတော့ ရဲစခန်းမှာလို့ ပြောပါတယ်။ ရဲစခန်းမှာ မရှိဘူးပြောတော့ ဟိုလွှဲချ ဒီလွှဲချ လုပ်နေပါတယ်။
နောက်ဆုံး ကောင်မလေးရဲ့ မိဘများနှင့် ရွာလူကြီးများ၊ ရွာမိရွာဖများက ရာဇသံပေးလိုက်မှပဲ ပြန်ရတာပါ။ အားလုံး လျှော်ဖွပ် လက်စဖျောက်ပြီးသွားသလို တစ်နာရီအတွင်း လာအပ်ပါမယ်လို့ ည ၉း၀၀ နာရီမှာ ပြောသွားတာ မနက် ၂း၀၀ နာရီမှ လာအပ်သွားတာပါ။
ကုန်းသာ NLD ကိုဇော်မြတ်မိုးထံမှ သက်သေခံထမီပြန်ရတဲ့အခါ ပန်းမုဆိုးကြီး တော်မီအောင်က ရွာလူကြီးထံ ဖုန်းဆက်ပါတယ်။ ရွာဓမ္မာရုံအတွက် သိန်းနှစ်ရာ လှူမည့်အကြောင်း ကမ်းလှမ်းရင်းနဲ့ ငွေလာယူဖို့ ဖိတ်ခေါ်တာပါ။ ရွာလူကြီးက မသွာဖြစ်တဲ့အခါ မုဒိမ်းရာဇာ မွတ်ကုလားကြီးက ရွာလူကြီးထံ စာရေးပါတယ်။ ကျောင်းသူမလေးကိစ္စ ဆွေးနွေးညှိနှိုင်းဖို့ ဖိတ်ခေါ်တဲ့စာပါ။
မုဒိမ်းသမားက ရွာလာပြီး ဖြေရှင်းရမှာကို ရွာလူကြီးကို ခေါ်တယ်ဆိုတော့ ပြောင်းပြန်ကြီးဖြစ်နေတော့တာပေါ့။ မွတ်တော်မီအောင်က NLD အကြီးအကဲတွေကိုလည်း ဒီလိုပဲ ဆင့်ခေါ်နေကျလို့ ဆိုပါတယ်။
ကုလားတစ်ယောက်က ရွာလူကြီးတစ်ယောက်ကို အမိန့်အာဏာနဲ့ ဆင့်ခေါ်တာ မကျေနပ်တဲ့ရွာလူကြီးနဲ့ မိဘများက အမှုဖွင့်ဖို့ စီစဉ်ရာမှ သံဃာတော်များထံ သတင်းရောက်လာတာပါ။
၂၉ ရက်နေ့မှာ ကုလားက ရွာလူကြီးကို စာဆင့်ခေါ်ပြီး ၃၀ ရက်နေ့မျာ ရွာလူကြီးနဲ့ မိဘများက တိုင်ချက်ဖွင့်ကာ ၃၀ ရက်နေ့မှာပဲ မုဒိမ်းသာမား မွတ်ကုလားကြီးကို ဖမ်းဆီးလိုက်တာပါ။
အနိုင်ကျင့်ခံရစဉ်က တိုင်တန်းလိုစိတ်ရှိခဲ့ပေမယ့် အစစအရာရာ ချို့တဲ့တာကြောင့် မတိုင်ဖြစ်ခဲ့တဲ့ မိဘတွေဟာ ရွာလူကြီးအကူအညီနှင့် သံဃာတော်များအကူအညီကြောင့် အားရှိသွားပါပြီ။
ကလော မဘသ အဖွဲ့က ၃၁ ရက်နေ့မှာပဲ အလှူငွေ (၁)သိန်း (၃)သောင်းကျပ်၊ ဦးဝီရသူကိုယ်စား အောင်ပန်း မစိုးရိမ်ဆရာတော် ဦးဇင်းမဲကြီးက (၁)သိန်းကျပ် ထောက်ပံ့နိုင်ခဲ့ပါတယ်။
2.2.2017 ရက်နေ့မှာ ရှမ်းတောင် မဘသ နှင့် ကယား မဘသ တို့ စည်းဝေးတိုင်ပင်ပြီး ထပ်မံကူညီကြပါတယ်။
ရှမ်း/တောင် အမျိုးသားလုံခြုံရေးလူမှုကွန်ရက်မှ နှစ်သိန်းကျပ်၊ ကယား မဘသ ဆရာတော်ဦးရာဇိန္ဒမှ နှစ်သိန်းကျပ် လှူဒါန်းထားပါတယ်။
ဒီသတင်းကြီးသွားတဲ့အခါ ကလော NLD က စာထုတ်ပါတယ်။ စာထဲမှာ ကျေးလက်ရတနာရိပ်သာ ဘော်ဒါဆောင်ဖွင့်လှစ်ထားခြင်းဟာ ကလော NLD နှင့် ပတ်သက်ခြင်းမရှိကြောင်းသာပါပြီး တော်မီအောင်က NLD နှင့် ပတ်သက်ခြင်းမရှိ ဆိုတာ မပါပါဘူး။
မွတ်တော်မီဟာ ကလောမြို့နယ် NLD စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ လုပ်ခဲ့သူပါ။ စည်းကမ်းထိန်းသိမ်းရေးဆိုတာ ရှမ်းပြည်နယ် အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌက ဖွဲ့စည်းပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး ပြည်နယ် NLD အကြီးအကဲတွေနဲ့ NLD ရုံးချုပ်တို့ ပြဿနာဖြစ်ပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ အလုပ်အမှုဆောင်အသစ်ကတော့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အသစ်ဖွဲ့စည်းခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်း လုံးဝ မရှိသေးဘူးလို့ ဆိုပါတယ်။
မွတ်တော်မီဟာ ၂၀၁၄ မှာ ထွက်သွားပြီး ၂၀၁၅ မှာ ထုတ်လိုက်ပြီလို့ သတင်းတွေ လွှင့်နေသလို 2.2.2017 ရက်နေ့မှာ ကလော NLD များ နန်းတုတ်ရွာလာပြီး ရွာလူကြီးကို ပြောတဲ့အခါမှာလည်း NLD နဲ့ မွတ်တော်မီနဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောဆိုသွားပါတယ်။
မွတ်တော်မီ နှုတ်ထွက်စာ၊ မွတ်တော်မီကို ထုတ်တဲ့စာ အထောက်အထား မပြနိုင်ပေမယ့် 'တောင်ကြီးခရိုင် NLD - ရှင်းပြည်နယ်' အကောင့်မှာ ရှမ်းပြည်နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဦးတော်မီအောင်လို့ ရေးသားထားတာ တွေ့ရပါတယ်။ တောင်ကြီးမြို့နယ် ပုံးအင်းရွာ ရွာလယ်ခန်းမဖွင့်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဦးတော်မီအောင်ကို ထိပ်ဆုံးမှာအရင်ရေးပြီးမှ တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို နောက်မှရေးထားတာ တွေ့ရပါတယ်။
ရက်စွဲက 22.2.2016 ပါ။ (ဓာတ်ပုံများ ပူးတွဲ)
မွတ်ကုလား တော်မီအောင် ဖွင့်လှစ်ထားတဲ့ ကျေးလက်ရတနာရိပ်သာ ဘော်ဒါဆောင်ကို သြဇီတို့ UN တို့က ထောက်ပံ့တာလို့ သိရပါတယ်။ ကျောင်းသူကျောင်းသား ငါးဆယ်ကျော်ရှိပြီး ကျောင်းသူတွေက အရေအတွက်ပိုများတယ်လို့ ဆိုပါတယ်။
ကလောမြို့သူမြို့သားတွေကတော့ ကျေးလက်ရတနာရိပ်သာလို့ မခေါ်ကြဘဲ NLD အဆောင်လို့ ခေါ်ကြပါတယ်။
တော်မီအောင်ဘော်ဒါ လို့ လူသိများဘဲ NLD ဘော်ဒါလို့ပဲ သိကြတာပါ။
သက်သေခံထမီ ဖျက်ဆီးသူ ကုန်းသာ NLD ဇော်မြတ်မိုးကလည်း သူ့ကိုမကျေနပ်ရင် တိုင်ကြပါ။ ကြိုက်တဲ့အပြစ်ပေးကြပါ။ ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်။ ဘာကြောင့်ဖျောက်ဖျက်ရတယ်ဆိုတာကိုတော့ မပြောပါရစေနဲ့လို့ ရွာလူကြီးနဲ့ ရွာမိရွာဖများရှေ့မှာ ဝန်ခံထားပါတယ်။
ဒါကိုကြည့်ရင် တော်မီအောင်ကို ကလောကိုနီလို့ လူတွေသိနေကြတာ ရှင်းလောက်ပါပြီ။
ကျေးလက်ရတနာဘော်ဒါဆောင်ဝန်းထဲမှာ တော်မီအောင်နေအိမ် မထားပါဘူး။ တစ်ရပ်ကွက်စီမှာပါ။ ဘော်ဒါနဲ့ အိမ်ကို ဆိုင်ကယ်နဲ့သွားရင် ဆယ်မိနစ်ခန့် သွားရပါတယ်။ ကောင်မလေးကို အိမ်ခေါ်ပြီး ကျင့်တာပါ။ အရင်တုန်းက ဒီအနံ့တွေ ထွက်ခဲ့ပါတယ်။ ငွေနဲ့ရှင်းလိုက်တာ၊ အရှက်အကြောက်ကြီးကြတာ၊ ရုံးတွေ စခန်းတွေ မသွားတတ်တာကြောင့် လက်သည်မပေါ်ခဲ့တာပါ။
ကလေးမလေး မိသားစုကို ကလော မဘသ အဖွဲ့က တာဝန်ယူ ကူညီပေးနေပြီး ရှမ်းတောင် မဘသ နှင့် ကယား မဘသ အဖွဲ့များက အားဖြည့်ကူညီကာ အမျိုးသားရေးအဖွဲ့အစည်းများ၊ မျိုးချစ်များက ဝန်းရံနေကြပါတယ်။
၆၆(ဃ)ဖြင့် တိုင်ကြားနိုင်ပါသည်။
ဝီရသူ (မစိုးရိမ်)
3.2.2017
PM-1:40

ကျောင်းသားအခွင့်အရေးများ ချိုးဖောက်ခံရသည့်အတွက် မန္တလေးမြို့တွင် လာရောက် ဆန္ဒထုတ်ဖော်သည့် စစ်ကိုင်းပညာရေး ကောလိပ်မှ ကျောင်းသားတစ်ဦးနှင့် ဝန်းရံသည့် ဗကသ ကျောင်းသားများအား ဆန္ဒဖော်ထုတ်နေစဉ် ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီး

Image may contain: 1 person, outdoor 
 
ဓာတ်ပုံ - မင်းမင်းစိုး
ကျောင်းသား အခွင့်အရေးများ ချိုးဖောက်ခံရသည့်အတွက် မန္တလေးမြို့၊ လမ်း ၈၀၊ ၃၅x၃၄ လမ်းကြားရှိ အဆင့်မြင့်ပညာ ဦးစီးဌာနရှေ့တွင် လာရောက် ဆန္ဒထုတ်ဖော်သည့် စစ်ကိုင်းပညာရေး ကောလိပ်မှ ကျောင်းသားများအား ဆန္ဒဖော်ထုတ်နေစဉ် ရဲတပ်ဖွဲ့မှ ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်တပ်သဏ္ဍာန် ဖိနှိပ်အုပ်ချုပ်သော ကျောင်းအုပ်ချုပ်မှု အလိုမရှိ၊ လွပ်လပ်စွာ ပညာသင်ကြားခွင့် ရရှိရေး ဒို့အရေး၊ ဒီမိုကရေစီ အလေ့အကျင့်များ သင်ကြားလေ့ကျင့်ပေးရေး ဒို့အရေး၊ ကျောင်းသားထု အခွင့်အရေး အပြည့်အဝ ရရှိရေး ဒို့အရေး စသည့်ကြွေးကြော်သံများ ရေးသားထားသည့် ဆိုင်းဘုတ်ကို စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသား ကိုဇော်ရဲထွဋ်က အဆင့်မြင့်ပညာ ဦးစီးဌာနရှေ့တွင် ယနေ့မနက် ဆယ်နာရီခွဲ အချိန်ခန့်က ကိုင်ဆောင်ကာ ကျောင်းအတွင်း ဖိနှိပ်ခံရမှုများကို မီဒီယာများအား ထုတ်ဖော် ပြောကြားနေစဉ် ကိုဇော်ရဲထွဋ်နှင့် ဗကသကျောင်းသား ကိုနှင်းအောင်တို့အား မန္တလေးမြို့၊ ခရိုင်ရဲမှုး ဦးသက်ဝင်း ဦးဆောင်သော ရဲတပ်ဖွဲ့မှ ရဲအင်အား အလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးကာ ရဲကားပေါ်သို့ ဆွဲခေါ်ဖမ်းဆီး သွားခြင်းဖြစ်သည်။
 Image may contain: 1 person, outdoor
“သူတို့ဆန္ဒထုတ်ဖော်မယ်ဆိုရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခွင့်မပြုတာ မရှိပါဘူး။ လုံခြုံရေးတောင် လိုက်ယူပေးမှာ ဖြစ်ပါတယ်။ အခုဟာက သူတို့သည် သက်မှတ်ဥပဒေကို မလိုက်နာတဲ့အတွက် စခန်းကို ခေါ်သွားတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နယ်မြေစခန်းမှုးက လိုအပ်သလို အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ခရိုင်ရဲမှုး ဦးသက်ဝင်းက ပြောသည်။ မည်သည့် ပုဒ်မ၊ မည်သည့် ဥပဒေဖြင့် မည်သို့မည်ပုံ အရေးယူမလဲဆိုသည့် မီဒီယာများ၏ မေးမြန်းချက်ကိုမူ ၎င်းကတိကျစွာ ဖြေဆိုရန် ငြင်းဆိုသည်။
စစ်ကိုင်းပညာရေး ကောလိပ်မှ ကျောင်းအုပ်ကြီးသည် ကျောင်းစာပေါ်တွင် အာရုံစိုက်ရန်ဟု အကြောင်းပြကာ ကျောင်းသား၊ ကျောင်းသူများ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်း အားလုံးကို တနင်္လာနေ့မှ သောကြာနေ့ထိ သိမ်းဆည်းထားခြင်း၊ စနေ၊ တနင်္ဂနွေ အပြင်ထွက်ခွင့်ကိုလည်း မနက်ကိုးနာရီမှ မွန်းလွဲ ၁၂ နာရီ အထိသာ ခွင့်ပြုပေးခြင်း စသည့်ချုပ်ချယ်ခြင်းများ ပြုလုပ်သောကြောင့် ယခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြကျောင်းသားများက ပြောသည်။
“ကျွန်တော်တို့ရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းယူထားတဲ့အတွက် ကျွန်တော်တို့မှာ အင်တာနက်ကနေ လေ့လာဖို့ အခွင့်အရေးလည်း မရသလို မိမိရဲ့ ဆွေမျိုးမိဘတွေနဲ့လည်း ဆက်သွယ်လို့မရဘူး ဖြစ်နေပါတယ်။ ပညာရေးကျောင်းကို တက်ရတာနဲ့မတူပဲ စစ်တက္ကသိုလ် တက်ရသလို ဖြစ်နေပါတယ်။ စစ်တပ်တောင် ဒီလောက် တင်းကြပ်မယ် မထင်ပါဘူး။ ကျောင်းသားတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေပါတယ်။ ကျောင်းရဲ့ အုပ်ချုပ်ရေးပုံစံက ကျောင်းသားတွေကို အရမ်းဖိနှိပ်ထားတာ ဖြစ်တဲ့အတွက် ကျောင်းသားထုကိုယ်စား ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းပညာရေး ကောလိပ်မှ ကိုဇော်ရဲထွဋ်က ပြောသည်။
မန္တလေးမြို့၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှေ့တွင် ယနေ့မနက်က ဆန္ဒထုတ်ဖော်သည့် စစ်ကိုင်းပညာရေး ကောလိပ်မှ ကျောင်းသားတစ်ယောက်နှင့် ဗကသကျောင်းသား တစ်ဦးအပြင် ဘေးနားတွင် ရပ်ကြည့်နေသည့် ဗကသကျောင်းသား နှစ်ဦး၊ စုစုပေါင်း လေးဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ ရဲကားပေါ် ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

Writer: 
မင်းမင်းစိုး၊ ရန်ပိုင် Eleven Media Group
 

ကြည့်မြင်တိုင် ဗားဂရာဆိပ်ကမ်း၌ ရန်ကုန်-စစ်တွေ ကုန်တင်စက်လှေ ထွက်ခွာစဉ်နစ်မြုပ်

Image may contain: one or more people and outdoor
No automatic alt text available.
Image may contain: 2 people, people standing and outdoor
ရန်ကုန် ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် ဗားဂရာဆိပ်ကမ်း အမှတ်(၁) တံတားမှ ရန်ကုန်-စစ်တွေသွား MV-ရွှေလက် ဝါးစက်လှေသည် ဧပြီ ၂၆ ရက် ညနေ ၆ နာရီ မိနစ် ၂ဝ ခန့်က ထွက်ခွာစဉ် တိမ်းစောင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေယာဉ်မှူး ဦးမင်းကိုကို စမ်းချောင်းမြို့ နယ်နေသူနှင့် သင်္ဘောသားရှစ်ဦးပါ MV-ရွှေလက်ဝါး စက်လှေသည် ကုန်ပစ္စည်းများ တင်ဆောင်ပြီး ရန်ကုန်မှ စစ်တွေသို့ ဆိပ်ခံမှထွက်ခွာစဉ် တိမ်းစောင်း နစ်မြုပ်သွား ခဲ့သည်။


အဆိုပါ စက်လှေပိုင်ရှင်မှာ စစ်တွေမြို့နေ ဦးရွှေ မောင်ဖြစ်ပြီး ကုန်တန်ချိန် ၃၅ဝ ရှိကြောင်းနှင့် ကားနှစ်စီး တွေ့ရကြောင်း၊ အနီးရှိ MV--ရဲထွန်းအောင် (၃)မှ ကူညီ ဆယ်ယူပေးခဲ့ကြောင်းနှင့် စက်လှေနစ်မြုပ်မှုအား သက် ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျော်လှိုင်(ကမာရွတ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မြောက်ကိုရီးယား၏ တပ်မတော်နေ့ စစ်ရေးအင်အားပြသတင်းဓါတ်ပုံ တောင်ကိုရီးယားမီဒီယာထုတ်ပြန်၊ အမြင့်ပျံ ဒုံးကျည်ကာကွယ်ရေးစံနစ် ရုတ်သိမ်းသွားရန် တောင်ကိုရီးယားနှင့် အမေရိကန်အား တရုပ်ပြင်းထန်စွာ တောင်းဆို ။ ဒေသတွင်း မဟာဗျူဟာဟန်ချက်ပျက်ပြား၍ ရေရှည်တွင်တင်းမာမှု့ဖြစ်စေရန် လှုံ့ဆော်ရာ ရောက်စေလိမ့်မည်။




Image may contain: text and outdoor

 Image may contain: 6 people, people smiling, textImage may contain: text
( ဧပြီ-၂၆၊ ၂၀၁၇ ) ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(မြောက်ကိုရီးယား)၏ ၈၅-နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် ၄င်းနိုင်ငံအရှေ့ပိုင်း ၀မ်စန်ဒေသတွင် အင်အားအလုံးအရင်းဖြင့် အမြောက် ကြီးများပစ်ခတ်စဉ် သတင်းဓါတ်ပုံများကို တောင်ကိုရီးယားနိုင်ငံ ယွန်ဟတ်သတင်းဌာနက ထပ်မံဖြန့်ဝေခွင့် မရှိကန့်သတ်ချက်ဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။ သို့သော် အဆိုပါသတင်းဓါတ်ပုံများမှာ မြောက်ကိုရီးယား အစိုးရ၏ ရိုဒေါင်းရှင်မန်သတင်းဌာနက ယနေ့ထုတ်ပြန်သော သတင်းဓါတ်ပုံများအဖြစ် ဟွန်ဟတ်ကမှတ်ချက်ပြု ဖော်ပြထားခြင်းဖြစ်သည်။

လွန်ခဲ့သည့်မေလတွင် စတင်ရောက်ရှိလာပြီး ယခုစတင်ဖြန့်ချထားလျှက်ရှိသည့် အမေရိကန်၏ အဆင့်မြင့် အမြင့်ပျံဒုံးကျည်ကာကွယ်ရေးစံနစ်အား ရုတ်သိမ်းသွားရန် တရုပ်နိုင်ငံက ပြင်းထန်စွာတောင်းဆိုကြောင်း ယွန်ဟတ်သတင်းဌာနက ယနေ့ရေးသားသည်။
တောင်ကိုရီးယားတွင် အမေရိကန်၏ အမြင့်ပျံဒုံးကျည်ကာကွယ်ရေးစံနစ်ချထားလျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာပြီး နာရီအနည်းငယ်အကြာတွင် တရုပ်နိုင်ငံက ပြန်လည်ရုတ်သိမ်းရန် ပြင်းထန်စွာတောင်းဆို လိုက်ခြင်းဖြစ်သည်။ အဆိုပါဒုံးကျည်ကာကွယ်ရေးစံနစ်သည် ရေရှည်တွင် ဒေသတွင်းတင်းမာမှု့မြင့်တက်စေ ရေးသို့ဦးတည်နေကြောင်းတရုပ်နိုင်ငံက သတိပေးလိုက်သည်ဆို၏။
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဂီယောင်ဆန်ခရိုင် စီရောင်ဂျုစီရင်စုတွင် အမေရိကန်၏ အမြင့်ပျံဒုံး ကျည်ကာကွယ်ရေးစံနစ် စတင်ချထားရန် လုံခြံရေးထူထပ်စွာဖြင့် စစ်ဖက်ဆိုင်ရာ နောက်တွဲယာဉ် ၆-စီး ရောက်ရှိလာကြောင်း ယမန်နေ့ သန်းကောင်ယံအချိန် သတင်းများတွင်ဖော်ပြခဲ့သည်။ ၄င်းသတင်းအရ ရွှေ့ ပြောင်းနိုင်သော ရေဒါ၊ လောင်ချာ၊ ကြားဖြတ်ဟန့်တားဒုံးကျည်နှင့် တိုက်ပွဲဝင်ကွပ်ကဲရေးစခန်း တို့ပါဝင်သော အဆိုပါအဆင့်မြင့်စံနစ်သည် တောင်ကိုရီးယားနိုင်ငံတွင် မကြာမီ အသက်ဝင်နိုင်ဖွယ်ရှိနေသည်။
( THAAD ) ဒုံးကျည်ကာကွယ်ရေးစံနစ်နှင့် ပတ်သက်၍ တရုပ်နိုင်ငံ၏ ရပ်တည်ချက်ကို တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရအား ရှင်းလင်းစွာအသိပေးထားပြီးဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင်း ၄င်းဒုံးကျည် စံနစ်ချထားခဲ့လျှင် ဒေသတွင်း မဟာဗျူဟာဟန်ချက်ပျက်ပြား၍ ရေရှည်တွင်တင်းမာမှု့ဖြစ်စေရန် လှုံ့ဆော်ရာရောက်စေလိမ့်မည်ဖြစ်ကြောင်း တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
http://english.yonhapnews.co.kr/search1/2603000000.html…
Photo: As Per Links, and Internet

ရသေ့တောင်ဗလီ မီးလောင်မှု ဗလီဆရာတဦးကို အမှုဖွင့်အရေးယူ




RaThietTaung Bali Fire 2ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအနားမှာရှိတဲ့ ဗလီမီးလောင်မှုနဲ့ ပတ်သက်လို့ ဗလီဆရာတဦးကို ပေါ့ဆမီးလောင်မှုကြောင့် စေတီပြင်နယ်ခြားစောင့်တပ်က အမှုဖွင့် အရေးယူလိုက်ပါတယ်။
ဧပြီ ၂၅ ရက်နေ့ ညနေ ၁၀ နာရီဝန်းကျင်လောက်က စေတီပြင်ကျေးရွာအနီးရှိ ဗလီအတွင်းမှာ မီးလောင်မှုတခု ဖြစ်ခဲ့ပြီး ဗလီအတွင်း စာရွက်စာတမ်းအချို့ ပျက်စီးခဲ့တယ်လို့ ရသေ့တောင်မြို့နယ်မှူး ရဲမှူး ဇော်ဝင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
RaThietTaung Bali Fire 3
“ဗလီကို မီးလောင်တာတော့ မဟုတ်ဘူးခင်ဗျ။ ဗလီထဲမှာရှိတဲ့ ကော်ဇောကို မီးလောင်တာပါ။ ဖယောင်းတိုင်ကတဆင့် မီးလောင်တာပါ။ မီးထွန်းပြီးတော့ ထားခဲ့တာ ဖြစ်လိမ့်မယ်။ အဲဒီမှာ အစောင့်ကလည်း မရှိဘူး။ သော့ခတ်ပြီးတော့ ထွက်သွားထင်တယ်။ မီးလောင်မှုတွေကြောင့် ကျနော်တို့ ဗလီဆရာတယောက်ကို ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်။ ပေါ့ဆမှုကြောင့် အမှုဖွင့်လိုက်တာပါ။”
အခုလို မီးလောင်မှုတွေကြောင့် ဗလီရှိ စာရွက်စာတမ်း အချို့နဲ့ သေတ္တာအသေးစားတလုံး မီးလောင်ရာမှာ ပါသွားပြီး တစုံတရာ ထိခိုက်ဒဏ်ရာ ရရှိတာမျိုး မရှိသလို ဖေ့စ်ဘွတ်ခ်မှာ Ro Nay San Lwin အမည်နဲ့ ရခိုင်အစွန်းရောက်တချို့ မီးရှို့လိုက်တယ်ဆိုတာကို ရေးသားထားတာဟာ ပဋိပက္ခဖြစ်အောင် တမင်ရည်ရွယ်ပြီး ဖန်တီးလိုက်တာလို့ ရဲမှူးက ဆက်လက်ပြောပါတယ်။

 RaThietTaung Bali Fire 1
“မဟုတ်ဘူး။ သူက အဲဒါ ဖွတာ။ သတင်းအမှန် မဟုတ်ဘူး။ ဒီမှာက ဘာမှမဖြစ်တာ။ အားလုံး အေးအေးချမ်းချမ်းပါပဲ။ ခိုက်ရန်ဖြစ်ပွားတာလည်း လုံးဝမရှိဘူး။ ပြဿနာ ဘာမှမဖြစ်ဘူး။ အဲဒါ ပဋိက္ခဖြစ်အောင် တမင်ရည်ရွယ်ဖန်တီးနေကြတာ။ ဟိုဘက် ဒီဘက် ရခိုင်ရွာတွေ၊ မွတ်စလင်ရွာတွေက အားလုံးက မီးလောင်တယ်ဆိုပြီး လာထွက်ကြည့်တာလေ။ ကျနော်တို့လည်း တညလုံး ရှိနေတာပဲ။ ဘာမှမဖြစ်ဘူး။”
ဗလီမီးလောင်ရာကို ရောက်ရှိလာတဲ့ စေတီပြင်မွတ်စလင်ကျေးရွာနေ မူဟာမတ်အာယာစ် (ကျော်မင်းအောင်)က “ရခိုင်တွေနဲ့ တစုံတရာ ခိုက်ရန်ဖြစ်ပွားတာ မရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ မီးလောင်တယ်ဆိုလို့ ထွက်ကြည့်တာပါ။ ဟိုဘက် ရခိုင်ရွာကလူတွေ ဗလီဘက်ကို လာတယ်။ ဒီက ကျနော်တို့ ရွာက လူတွေလည်း ဗလီဘက်ကို သွားကြည့်ကြပါတယ်။ ခိုက်ရန်ဖြစ်တာ လုံးဝမရှိဘူးဘူး ခင်ဗျ။ ခိုက်ရန်ဖြစ်ပွားတယ်ဆိုတာ သတင်းအမှား ကောလာဟလာတွေပါ။ အားလုံး အေးအေးချမ်းချမ်းပါပဲ။ ဒီမှာက နယ်ခြားစောင့်လည်း ရှိတယ်လေ။ မီးငြှိမ်းသတ်လို့အပြီး အားလုံး ၁၂ နာရီလောက်မှာ အားလုံး ပြန်ကြပါတယ်။”
မီးလောင်မှုနဲ့ပတ်သက်လို့ ဗလီဆရာ အာဒူမာလိတ် (၃၂-နှစ်) စေတီပြင်(မွတ်ဆလင် ကျေးရွာ) ကျေးရွာကဖြစ်ပြီး သူ့ကို ရသေ့တောင် နယ်ခြားစောင့်တပ်စခန်းက (ပ)/၁၆ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ရဲမှူးက ပြောပါတယ်။
သတင်း – ဝဏ္ဏခွာညို  DVB

ကမ်းနားလမ်းညဈေး








စည်ကားဖို့ အလားအလာရှိတဲ့ ညဈေး
ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဆွဲဆောင်မှုတောင်ဖြစ်နိုင်တဲ့ဈေး
ဒီတစ်ခေါက်ရန်ကုန်ပြန်ရောက်တော့ သွားခဲ့သေးတယ်။ တစ်ချို့နေရာတွေမှာ လူနည်းပေမယ့် တရုတ်တန်းဘက်ကျတဲ့အခြမ်းမှာတော့ အတော်စည်ပါတယ်။ အစားအသောက်တွေလည်း စုံပါတယ်။
ဒီနေရာလေး ဆက်ပြီး ဖွံ့ဖြိုးစေချင်တယ်။ တာဝန်ရှိသူတွေ မေ့မသွားစေချင်ပါဘူး။
river1


river2

river
Ye
river5

Image may contain: people sitting, outdoor and water
Image may contain: outdoor
Image may contain: one or more people and outdoor



ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်အား ပါတီဝင်များဂုဏ်ပြု

Image may contain: 7 people
 ဓါတ်ပုံ - ​ကောင်း​ကောင်း/DMG

ရန်ကုန်၊ ဧပြီလ ၂၆
ကောင်းကောင်း၊ DMG

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဒေါက်တာအေးမောင်အား ရခိုင်အမျိုးသားပါတီဝင်းများက ဂုဏ်ပြုပွဲအခမ်းအနား တစ်ခုပြုလုပ်ပေးခဲ့​ကြောင်း သတင်းရရှိသည်။

ထိုအခမ်းအနားကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ မလွှာကုန်းလမ်းရှိ ရခိုင်အမျိုးသားပါတီ ရန်ကုန်တိုင်းရုံးခန်းတွင် ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၃ နာရီက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားပါတီ၏ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးဘဆွေက " ရခိုင်တစ်မျိုးသားလုံးအတွက် အောင်မြင်မှုရခဲ့သလို တိုင်းရင်းသားအရေးအတွက်လည်း အကျိုးရှိလာမယ့် သူဖြစ်တာကြောင့် ဂုဏ်ပြုပေးတာပါ။ ဒီပွဲက ပါတီဥက္ကဌ တစ်ဦးအနေနဲ့ပါတီက ပြုလုပ်ပေးတာပါ။ ဒါပေမယ့် ဒီပွဲဟာ ပါတီတွင်းက ပါတီဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေ စုစုစည်းစည်း တွေ့ဆုံအားပေးဂုဏ်ပြုကြတာလည်း ဖြစ်ပါတယ်။ '' ဟု DMG သို့ ပြောသည်။

ဒေါက်တာအေးမောင်သည် လွှတ်တော်တွင် ပထမဦးစားပေးအဖြစ် ပြည်ထောင်စုဘဏ္ဍာရေးခွဲဝေမှု မမျှတမှုနှင့် အရင်အစိုးရလက်ထက်က ကြိုးစားခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲအပြီး မီဒီယာများသို့ ပြောဆိုခဲ့သည်။

အမ်းကြားဖြတ်ရွေးကောက်ပွဲရလာဒ်အရ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးဇော်လင်းအောင်က ဆန္ဒမဲ ၁၈၂၁ ၊ကြိုတင်မဲ ၅၆ ၊ စုစုပေါင်း ၁၈၇၇ ဖြင့်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ ဦးဇော်ဝင်းမြင့်က ဆန္ဒမဲ ၈၆၃၈ ၊ ကြိုတင်မဲ ၄၅၀ ၊ စုစုပေါင်း ၉၀၈၈ ဖြင့် လည်းကောင်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကပါတီက ဦးသောင်းငြိမ်းက ဆန္ဒမဲ ၉၆၀၄ ၊ ကြိုတင်မဲ ၁၉၄၁ ၊ စုစုပေါင်း ၁၁၅၄၉ ဖြင့် ရခိုင်အမျိုး သားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ထံ ရှုံးနိမ့်ခဲ့ကြသည်။

Development Media Group