သို့
စခန်းမှူး
ကမာရွတ်မြို့မရဲစခန်း
ကမာရွတ်မြို့နယ်၊ အနောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး ရက်စွဲ ၂၆-၄-၂၀၁၇
အကြောင်းအရာ။ ။ကမာရွတ်မြို့ နယ်တရားရုံး၊ တရားသူကြီးဒေါ်သန္တာ
ရှင်ထံမှ ပြစ်မှုကြီးမှုအမှတ်(၁၃၅/၂၀၁၇)တွင် ပြစ်မှုပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုချက် ရှိခြင်းကြောင့် လာရောက်ဖြေရှင်းရန် အကြောင်းကြားစာ ပေးပို့လာခြင်း နှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် တရားသူကြီး ဒေါ်သန္တာရှင်ထံ သွား ရောက်ဖြေရှင်းမည်မဟုတ်ကြောင်း ရှင်းလင်းတင်ပြခြင်း
အထက်ပါအကြောင်းအရာနှင့်
ပတ်သက်၍ -
၁။ အမေရိကန်သံအမတ်၏ “ရိုဟင်ဂျာ လူမှုအသိုက်အ၀န်း”ဆိုသည့် အသုံး အနှုန်းအတွက် “မြန်မာနိုင်ငံ၌ ရိုဟင် ဂျာ လူမျိုးမရှိကြောင်း” ၂၈-၄-၂၀၁၆ ရက်နေ့က အမေရိကန်သံရုံးရှေ့တွင် ဟောပြောကန့်ကွက်ခဲ့ရာ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ အရဟုဆိုကာ တရားစွဲ ဆိုခံခဲ့ကြရပါသည်။ ရုံးချိန်းပေါင်းအကြိမ်(၂၀)ကျော်အထိပင် ရှိခဲ့ပြီးဖြစ်ပါသည်။
၂။ သံဃာ့အဖွဲ့အစည်းထံမှ တရားစွဲ ခွင့်ပြုကြောင်း စာ မပါသည်ကို သိရှိ ရသဖြင့် လုပ်ထုံးလုပ်နည်းနှင့် မညီဟု ယူဆကာ အစစ်ခံ-ထွက်ဆိုခြင်းမပြုဘဲ “ပြစ်မှု ကျူးလွန်ခြင်းမရှိပါဘဲ စွဲဆိုထား မှုကို ပြန်လည်ပြင် ဆင်ပေးနိုင်ရန် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁(က)အရ တိုင်းဒေသကြီးတရား လွှတ်တော်ထံ အယူခံ-ပြင်ဆင်တင်ပြ လျှောက်ထားခဲ့”ရာ တိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံသဖြင့် ပြင်ဆင်မှု-မှုအမှတ် (၂၅/ ၂၀၁၇)ဟု ထွက်ပေါ်နေပြီး ဖြစ် ပါ သည်။
၃။ ထိုအခြေအနေတွင် ကမာရွတ်မြို့ နယ် တရားသူကြီးဒေါ်သန္တာရှင်က ပြစ်မှုကြီးမှုအမှတ်(၁၃၅/၂၀၁၇)တွင် ပြစ်မှုပုဒ်မ ၅၀၅ (ခ) (အာမခံမရ ကြောင်း ပြဋ္ဌာန်းထားသည့်ပုဒ်မ) ဖြင့် စွဲဆိုချက်ရှိခြင်းကြောင့် လာ ရောက်ဖြေရှင်းရန် ၂၁-၄-၂၀၁၇ ရက်စွဲပါ စာဖြင့် ဆင့်ခေါ်ခံရခြင်း ဖြစ်ပါသည်။ ၂၁-၄-၂၀၁၇ ရက်နေ့မှ အမှုဆင်၍ စွဲဆိုခံရခြင်းဖြစ်ပါသည်။
ပုဒ်မ ၁၉ အရ စွဲဆို ချက်အတွက် စစ်ဆေးရာ တွင် ပြစ်မှုပုဒ်မ ၅၀၅ (ခ) အရ စစ်ဆေးခြင်းတစ်လုံး တစ်ပါဒမျှ မပါဝင်ခဲ့ခြင်း၊ ပြစ်မှုတစ်ခုအတွက် မှုအမှတ်အမျိုးမျိုးဖြင့် စွဲဆိုခွင့်မရှိခြင်း၊ ပြစ်မှုပုဒ်မ ၅၀၅ (ခ) ကင်းလွတ်ချက် တွင် အမှန်တရားအတိုင်း ပြောဆို သည်ဖြစ်လျှင် ပြစ်မှုမမြောက်ဟု ပြဋ္ဌာန်းထားခြင်းတို့ကို ထောက်ထား၍ “ဘုန်းကြီးသည် ပြစ်မှုပုဒ်မ ၅၀၅ (ခ) ကို ကျူးလွန်ခြင်း မရှိ”ဟု ယူဆပါ သည်။
၎။ သို့ပါ၍ ကမာရွတ်မြို့နယ်တရား သူကြီးဒေါ်သန္တာရှင်ထံ သွားရောက် ဖြေရှင်းမည်မဟုတ်ကြောင်း နှင့် ၎င်းတရားသူကြီး၏ ပြစ်မှုကြီးမှုအ မှတ်(၁၃၅/၂၀၁၇)တွင် စွဲဆိုချက် အတွက် လာရောက်ဖြေရှင်းရန် အကြောင်းကြားစာအရ “အရေး ယူရန်-ဖမ်းရန် တာဝန်ရှိမည်”ဆိုလျှင် ၂၈-၄-၂၀၁၇ ရက်နေ့၊ တရားစီရင်ချိန်-ပြီးသည့်နောက်ပိုင်း မည်သည့်အချိန် မှာမဆို လာရောက်ဖမ်းဆီးအရေးယူ
နိုင်ပါကြောင်း၊ ဘုန်းကြီး၏ ကျောင်း တိုက်တွင် နေမြဲတိုင်း နေထိုင်လျက် ရှိပါ ကြောင်း ကြိုတင် အသိပေး အကြောင်းကြားပါသည်။
ဦးပါမောက္ခ
(ပဓာနနာယက ဆရာတော်)
မကွေးပရိယတ္တိစာသင်တိုက်
အမှတ်(၁)ရပ်ကွက်
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး

သတင်းမှတ်တမ်း
©©©©©©
ဖော်ပြပါစာကို
ကမာရွတ်မြို့နယ်-မြို့မရဲစခန်း စခန်း တာဝန်ခံထံတွင် 26-4-2017 ရက်နေ့၊ နံနက် 9 နာရီခွဲခန့် အချိန်တွင် မကွေး ကျောင်းဆရာတော် ကိုယ်တိုင် လာ ရောက် တင်ပြပေးအပ်ခြင်းဖြစ်ပါ သည်။ ဦးအောင်မြိုင်(မစိုးရိမ်စာသင်သား)လိုက်ပါလျက် ဓာတ်ပုံမှတ်တမ်း ရိုက် ပေးခြင်းဖြစ်ပါသည်။ စခန်းတာဝန်ခံကချက်ချင်းပင်စာဝင်နံပါတ်သွင်းပြီးမြို့နယ်မှူးပြန်ရောက်လာပါက ပေးအပ်ပေးမှာဖြစ်ကြောင်း၊ စခန်းမှူးပြန်ရောက်လာပါက ပေးအပ်ပေးမှာဖြစ်ကြောင်း ကောင်းမွန်စွာ ပြန်လည်လျှောက် ထားကြောင်း တွေ့ရပါ သည်။ထို့နောက် ပြန်လာကြစဉ် 16 ကြိမ်မြောက် စာတမ်းဖတ်ပွဲမှ စာတမ်းရှင်တစ်ဦး လာရောက် တွေ့ဆုံပြီး ဆရာတော်ဦးပါမောက္ခအား အားပေးစကားပြောသွားပါ သည်။
"သူ့ကို တစ်ယောက်က ပြောပြတယ်တဲ့။ ဆရာတော်က အဖမ်းခံတော့မှာမို့ ကြောက်နေတာတဲ့။ အားပေးလိုက်ပါအုံးဆိုလို့တဲ့။"ဘာပဲပြောပြောပေါ့လေ။ ပြောကြပေါ့ဗျာ။
ဒါက ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ဆရာတော်က မကြောက်လို့ စခန်းကို ကိုယ်တိုင် လာပြီး ကိုယ်တိုင်ပဲ စာတင် သွားပါကြောင်း ဖော်ပြလိုက်ပါတယ်။ကမာရွတ်မြို့နယ် တရားသူကြီး ဒေါ်သန္တာရှင်ကတော့ ရာထူးတိုးလို့ 29-4-2017 ရက်နေ့မှာ နေပြည်တော် ကို ပြောင်းရွေ့ပြီး စတင် တာဝန်ထမ်း ဆောင်တော့မှာဖြစ်ကြောင်း၊ 28-4-2017 ၇က်နေ့မှာ ကမာရွတ် တရားရုံးကိစ္စအားလုံး အပြီးလွှဲပြောင်းပေးရမှာဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက အခိုင်အမာ ပြောပြလိုက်ပါတယ်။
အောင်မြိုင် (မစိုးရိမ်စာသင်သား)
26-4-2017
No comments:
Post a Comment