Saturday, May 6, 2017

ဝန်ကြီးဟောင်းဦးရဲထွဋ်မှ ဦးဝင်းထိန်အား ဆုံးမစာချွန်တော်လွှာ ပေးပို့ခြင်း



ပြောရေးဆိုခွင့်ရှိသူဆိုတာ
ပြောရေးဆိုခွင့်ရှိသူဆိုတာ ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြုပြောမှာလဲဆိုတဲ့ တိကျတဲ့သတ်မှတ်ချက်ရှိရပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်ချိန်က ဆိုရင် သမ္မတနဲ့ အစိုးရအဖွဲ့ကိုယ်စား ပြောဆိုခွင့်ရှိတာပေါ့။ ဒါ့ကြောင့် ကျန်တဲ့ပုဂ္ဂိုလ်တွေက အစိုးရ ကိုယ်စား မီဒီယာတွေကို မဖြေဘူး။ ကိုယ့်ဌာန၊ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်တာကိုပဲဖြေပါတယ်။
ပြောရေးဆိုခွင့်ရှိသူက ဘယ်သူ့အတွက် ကိုယ်စားပြုပြီးပြောခွင့်ရှိတယ်ဆိုတာကို သိဖို့လိုတဲ့အပြင် ဘယ်အတိုင်းအတာအထိပဲ ပြောခွင့်ရှိတယ်ဆိုတာလည်း သိဖို့ လိုပါတယ်။ ဒါကတော့ ပြောရေးဆိုခွင့်ရှိသူနဲ့ သူ့ကို တာဝန်ပေးသူကြားမှာ ညှိနှိုင်း ရတဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော့်အတွက်ဆိုရင် သမ္မတ ဦးသိန်းစိန်က ဘယ် လို အကြောင်းအရာဆိုရင် သူ့ကို တင်ပြဖို့မလိုပဲ ပြောခွင့်ရှိတယ်၊ ဘယ်အကြောင်း အရာဆိုရင်တော့ တင်ပြအတည်ပြုချက်ယူရမယ်လို့သတ်မှတ်ပေးထားပါတယ်။
အဲဒါကိုသိပြီးဆိုရင် ပြောရေးဆိုခွင့်ရှိသူရဲ့ အလုပ်က မီဒီယာတွေကို ဘယ်အတိုင်းအတာအထိ ပဲပြောခွင့်ရှိတယ်ဆိုတာကို ချိန်ဆဖို့ဖြစ်ပါတယ်။ မီဒီယာကို ပြော တဲ့အခါ ကိုယ့်အဖွဲ့အစည်းက ၊ ကိုယ့်လက်အောက်ကလူကို ပြောသလိုစိတ်ကူးပေါက်ရာပြောလို့မရပါဘူး။
နောက်တစ်ချက်ကတော့ ကိုယ်စကားအတွက် ခိုင်လုံတဲ့အထောက်အထား ရှိရ ပါ့မယ်။ ကိုယ့်အဖွဲ့အစည်းက မှန်ကြောင်းပြောမယ်ဆိုရင် ကိုယ့်ဘက်က လုံလောက် တဲ့ သက်သေပြချက်ရှိရပါမယ်။ လက်ခံခြင်း၊ လက်မခံခြင်းဆိုတာက ပြည်သူ နဲ့မီဒီယာက ဆုံးဖြတ်မှာပါ။ သို့သော် ကိုယ်အယူအဆကို မှန်ကန်ကြောင်း သက်သေကိုတော့ ပြောရေးဆိုခွင့်ရှိသူက ပြောပြနိုင်ရပါမယ်။
နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ ကိုယ်ပြောလိုက်တဲ့စကားနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ထပ်ပြောဖို့လိုလာရင်၊ ရှင်းပြဖို့လိုလာရင်၊ ရင်ဆိုင်ဖို့လိုလာရင် ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ပါပဲ။
အခု ဦးဝင်းထိန်ဖြစ်စဉ်မှာ သုံးသပ်ကြည့်ရင်
၁။ အစိုးရအဖွဲ့ဝင်မဟုတ်တဲ့ ဦးဝင်းထိန်က အစိုးရအဖွဲ့အတွက် ( သမ္မတနဲ့ ပတ်သက်ပြီးဖြစ်ပေါ်နေတဲ့ ကောလာဟလတွေအတွက်) ပြောခွင့်ရှိသလား။
၂။ ဦးဇော်ဌေးနဲ့ ဦးဝင်းထိန်ကြား တာဝန်ခွဲဝေသတ်မှတ်မှုက ဘယ်လိုလဲ။
၃။ ဦးဝင်းထိန် ဘယ်အတိုင်းအတာထိ ပြောဆိုခွင့်ရှိတယ်၊ ဘယ်အဖွဲ့အစည်း ကို ကိုယ်စားပြုပြိးပြောခွင့်ရှိတယ်ဆိုရာ သတ်မှတ်ပေးထားလား။
၎။ ဦးဝင်းထိန်က ကိုယ်ပြောတဲ့စကားအပေါ် တပ်မတော်ရဲ့ တုန့်ပြန်ချက်ကို မှတ် ချက်ပေးဖို့ ပျက်ကွက်ရတာလဲ
ဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ်။
ဒီမေးခွန်းတွေကတော့ နောင်မှာ အခုလိုအဖြစ်အပျက်မျိုးတွေမဖြစ်အောင်ရှောင်လွှဲနိုင်ဖို့ လက်ရှိအစိုးရတာဝန်ရှိသူတွေစဉ်းစားရမယ့်မေးခွန်းတွေပါပဲ။

Ye Htut

ဒေလီမုဒိမ်းမှု တရားခံများ၏ အယူခံကို ပယ်ချပြီး သေဒဏ်ကို အိန္ဒိယ တရားရုံးချုပ် အတည်ပြု


နာမည်ကျော် ဒေလီမုဒိမ်းမှုမှ တရားခံများအပေါ် ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်ကို အိန္ဒိယ တရားရုံးချုပ်က အတည်ပြုလိုက်ကြောင်း သိရသည်။
၂၀၁၂၊ ဒီဇင်ဘာက ဒေလီရှိ ဘတ်စ်ကား တစ်စီးပေါ်တွင် ကျောင်းသူ မိန်းကလေး တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့မှုအတွက် အက်ရှ်ကေး သော်ကူ၊ ဗီနေရှာမား၊ ပါဝမ်ဂူပ်တာနှင့် မူကက်ရှ်တို့ လေးဦးကို အိန္ဒိယ တရားရုံး တစ်ခုက ၂၀၁၃ ခုနှစ်တွင် သေဒဏ် ချမှတ်ခဲ့သည်။
အသက် ၂၃ နှစ်အရွယ် မိန်းကလေးငယ်မှာ အမျိုးသား အဖော်တစ်ဦးနှင့် ရုပ်ရှင်ကြည့်ပြီး ပြန်လာချိန်တွင် ယခုလို အဖြစ်ဆိုး ကြုံခဲ့ရပြီး ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးခဲ့ရှာသည်။ သူမ၏ အမျိုးသား အဖော်မှာလည်း ရန်ပြုတိုက်ခိုက်ခြင်း ခံခဲ့ရသည်။
ထိုဖြစ်ရပ်က နိုင်ငံတကာ အာရုံစိုက်မှုကို ခံလာရသလို အိန္ဒိယတွင် အမျိုးသမီးများအပေါ် နိုင်လိုမင်းထက် ဆက်ဆံမှုများ ရှိနေဆဲဖြစ်ကြောင်း ထင်ရှားစွာ ပေါ်လွင်လာသည်။ ထို့အပြင် အိန္ဒိယ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုများ အားကောင်းလာအောင်လည်း လှုံ့ဆော်ပေးခဲ့သည်။
တရားခံများက ပြစ်ဒဏ်ကို အယူခံ ဝင်ခဲ့သော်လည်း တရားရုံးချုပ် တရားသူကြီး အာရ်ဘာနူမာသီက ပယ်ချခဲ့ပြီး လူ့အဖွဲ့အစည်း တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည့် လူမဆန်သည့် ပြစ်မှု ကျူးလွန်သူများအတွက် သေဒဏ်သာ ထိုက်တန်ကြောင်း ဆုံးဖြတ်ခဲ့သည်။
သေဆုံးသူ မိန်းကလေး၏ အမည်မှာ ဂျီယိုတီဆင်းဖြစ်ပြီး ၂၀၁၅ တွင်မှ သူမ၏ မိခင်က သမီး၏ အမည်ကို လူသိရှင်ကြား ကြေညာခဲ့သည်။ ဆင်းသည် မုဒိမ်းကျင့်ကြံခံရသည့်အပြင် ဆိုးရွားလှသည့် နိုင်လိုမင်းထက် ပြုမူမှုများကိုပါ ခံစားခဲ့ရသည့်နောက် ဆေးရုံပေါ်တွင် ၁၃ ရက်လုံးလုံး ဝေဒနာ ခံစားခဲ့ရရှာပြီး ကွယ်လွန်ခဲ့ရသည်။
တရားရုံးချုပ် တရားသူကြီး၏ စီရင်ချက် ဖတ်ကြားမှုကို ဆင်း၏ မိခင်က တက်ရောက် နားထောင်ခဲ့ပြီး ဆုံးဖြတ်ချက် အပြီးတွင် လက်ခုပ်တီး ဩဘာပေး၍ ထောက်ခံခဲ့သည်။ “ဒါဟာ လူတိုင်းကို ပေးပို့လိုက်တဲ့ သမိုင်းဝင် သတင်းစကားတစ်ခု ဖြစ်လာပါပြီ။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်လိုတဲ့ စိတ်အခြေခံဟာ လုံးဝ မှားယွင်းပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ ဥပဒေကလည်း ဒီလို လုပ်ရပ်မျိုးအတွက် အမြင့်ဆုံး ပြစ်ဒဏ်မျိုး စီရင်ထိုက်တယ် ဆိုတာကို ထင်ထင်ရှားရှား ပြသလိုက်ပါပြီ”ဟု အိန္ဒိယ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ ရန်ဂျာနာ ကူမာရီက မှတ်ချက်ပေးခဲ့သည်။
ယခုအခါ တရားခံများအတွက် နောက်ဆုံး မျှော်လင့်ချက်သည် အစိုးရထံ အသနားခံစာ တင်ရန်သာ ရှိတော့သည်။ သို့သော် ပြည်သူလူထု၏ ဘက်ပေါင်းစုံ ဖိအားကြောင့် ထိုကိစ္စမှာလည်း အောင်မြင်နိုင်ခြေ အလွန်နည်းနေသည်။
ထိုမုဒိမ်းမှုနှင့် ပတ်သက်၍ လူ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ရမ်ဆင်းဆိုသည့် တရားခံမှာမူ ၂၀၁၃ ခုနှစ်တွင် အချုပ်ခန်းထဲ၌ သေကြောင်းကြံသွားခဲ့သည်။ အခြားတစ်ဦးမှာ အသက် ၁၇ နှစ်သာ ရှိသေးသည့်အတွက် အိန္ဒိယ ဥပဒေအရ စာရိတ္တ ပြန်လည်ထူထောင်ရေး စခန်းတွင် ၃ နှစ်ကြာ နေထိုင်ပြီးနောက် ပြန်လည် လွတ်မြောက်သွားသည်။ ယင်းသည် အိန္ဒိယတွင် အသက် ၁၈ နှစ်အောက် လူငယ်များအတွက် အမြင့်ဆုံး ပေးအပ်နိုင်သည့် ပြစ်ဒဏ်ဟုလည်း သိရသည်။
Ref: BBC

ဦးဝင်းထိန်က တပ်မတော်အပေါ် ပုတ်ခတ်ပြောဆိုမှုကို ပြင်းထန်စွာ ကန့်ကွက်ပြီး လိုအပ်သလို တုံ့ပြန်မည်ဟု တပ်မတော်ထုတ်ပြန် ဦးဝင်းထိန်က တပ်မတော်အပေါ် ပုတ်ခတ်ပြောဆိုမှုကို ပြင်းထန်စွာ ကန့်ကွက်ပြီး လိုအပ်သလို တုံ့ပြန်မည်ဟု တပ်မတော်ထုတ်ပြန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က တပ်မတော်နှင့်ပတ်သက်၍ ပုတ် ခတ်ပြောဆိုမှုကို ပြင်းထန်စွာကန့်ကွက် ကြောင်းနှင့် လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ဦးဝင်းထိန်က မေလ ၄ ရက် တွင် နေပြည်တော်ရှိ စည်ပင် ဧည့်ရိပ်သာ အတွင်း၌ သတင်းမီဒီယာ များနှင့်တွေ့ဆုံ၍ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ပါတီနှင့်ပတ်သက်၍ အွန်လိုင်းများပေါ်တွင် ပျံ့နှံ့နေ သော သတင်းများမှာ မဟုတ်မှန်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။
အဆိုပါ တွေ့ဆုံရှင်းလင်းမှု တွင် မီဒီယာများက ဦးဝင်းထိန်နှင့် အမေး၊ အဖြေအချို့ ပြုလုပ်ခဲ့ပြီး ဧရာဝတီသတင်းဌာနက ‘‘ယခုကဲ့ သို့ သတင်းမှားများကို မည်သူ၊ မည်သည့်အဖွဲ့များကို သံသယရှိ ပါသလဲ’’ဟု မေးမြန်းမှုကို ‘‘ဘယ် သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ် သလား။ တချို့တပ်မတော်အဖွဲ့ အစည်းတွေကပဲ လုပ်သလား။ ကျွန်တော်တို့ကို မလိုလားတဲ့ အိုင်တီမှာ ကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလား မှန်းဆရခက်တယ်’’ ဟု ဦးဝင်းထိန်က ပြန်လည်ဖြေ ကြားခဲ့သည်။
ဦးဝင်းထိန်၏ အထက်ပါ ဖြေကြားချက်နှင့် ပတ်သက်၍ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့ ထုတ်ပြန်ချက် တွင် ‘ဦးဝင်းထိန်အနေဖြင့် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်း ရေးမှူးဖြစ်ပြီး ပါတီကိုယ်စားပြု၍ မီဒီယာများအား တွေ့ဆုံရှင်းလင်း ရာတွင် အခြေအမြစ်ခိုင်လုံခြင်း မရှိသော သံသယစိတ်အပေါ် အ ခြေခံ၍ တပ်မတော်အား ထည့် သွင်းပုတ်ခတ်စွပ်စွဲပြောဆိုခြင်း သည် တပ်မတော်ဂုဏ်သိက္ခာကို များစွာထိခိုက်စေသည်’ဟု ဖော်ပြ ထားသည်။
ထို့အပြင် ‘ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း  မဟုတ် လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသား နှင့် လူ့အခွင့်အရေးကို ထိခိုက်စေ သော အရေးအသားမျိုးဖော်ပြ ခြင်းမှ ရှောင်ကြဉ်ခြင်း’ ဟူသည့် သာမန်မီဒီယာသမားများ လိုက် နာရသည့် ပြဋ္ဌာန်းချက်ကိုပင် ချိုးဖောက်စေရန် အားပေး  အား မြှောက်ပြုစေကြောင်း တွေ့ရှိရ သည်ဟု သတင်းမီဒီယာ နည်း ဥပဒေကို ကိုးကား၍လည်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ ‘ယနေ့အချိန် ကာလတွင် နိုင်ငံတော်အစိုးရအ နေဖြင့် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် အမျိုးသားရင်ကြား စေ့ရေးကို အစဉ်တစိုက်ဦးတည် ဆောင်ရွက်နေသော ကာလဖြစ် ပါတယ်။ ၎င်းကာလ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးအနေဖြင့် နိုင်ငံ၏ စည်းလုံးညီညွတ်မှုထိခိုက် စေသော နိုင်ငံတကာ ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်း ဆောင်နေသည့် တပ်မတော်အ ပေါ် အခြေအမြစ်မရှိ ပုတ်ခတ် ပြောဆိုမှုကို ပြင်းထန်စွာ ကန့် ကွက်ကြောင်းနှင့် လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်မည်ဖြစ် ကြောင်း’ တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန် ချက်နှင့်ပတ်သက်၍ စည်ပင်ဧည့် ရိပ်သာအတွင်းရှိ ဦးဝင်းထိန်နေ ထိုင်ရာသို့ မတ်လ ၅ ရက်ညနေ က မီဒီယာများ သွားရောက်မေး မြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။
မတ်လ ၅ ရက် ည ၉ နာရီ ခန့်က 7Day က ဦးဝင်းထိန်ထံ ဆက်သွယ်၍ တပ်မတော်သတင်း ထုတ်ပြန်ချက်အပေါ် သဘော ထားမှတ်ချက်တောင်းခံရာ မှတ် ချက်မပေးလိုကြောင်း ပြောကြားသည်။

ကင်မ်ဂျုံအန်းကို လုပ်ကြံရန် စီအိုင်အေ ကြိုးစားခဲ့ဟု မြောက်ကိုရီးယား စွပ်စွဲ

အမေရိကန် ထောက်လှမ်းရေးဌာန စီအိုင်အေက မိမိတို့၏ ခေါင်းဆောင် ကင်မ်ဂျုံအန်းကို လုပ်ကြံရန် ကြိုးစားခဲ့ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့သည်။
စီအိုင်အေ အေးဂျင့်များက ကင်မ်ဟုသာ မျိုးရိုးအမည် ဖော်ပြသည့် မြောက်ကိုရီးယား နိုင်ငံသား တစ်ဦးကို ငွေကြေးပေးချေကာ ဓာတုအဆိပ်လက်နက် တစ်မျိုးဖြင့် မြောက်ကိုရီးယား ခေါင်းဆောင်ကို လုပ်ကြံရန် စေခိုင်းခဲ့ကြောင်း ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
အဆိုပါ အစီအစဉ်ကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး ကင်မ်ဆိုသူ၏ ကံကြမ္မာနှင့် အခြား အသေးစိတ် အချက်များကို တိတိကျကျ ကြေညာခြင်း မရှိချေ။ ကိုရီးယား ကျွန်းဆွယ်တွင် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား တင်းမာမှု မြင့်တက်လာချိန်၌ မြောက်ကိုရီးယား အစိုးရဘက်က ယခုလို သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားလက်နက် ချဲ့ထွင်တည်ဆောက်နေမှု ပြဿနာကို လက်တွေ့ ဖြေရှင်းမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်ထားသည်။ တစ်ဖက်တွင် မြောက်ကိုရီးယားကလည်း ၎င်းတို့အပေါ် ရန်စမှုတိုင်းကို အပြင်းအထန် လက်စားချေ တုံ့ပြန်မည်ဟု ကြေညာထားသည်။
မြောက်ကိုရီးယား ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန၏ ယခုထုတ်ပြန်မှုကို အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သော်လည်း ခိုင်မာတိကျသည့် အထောက်အထားမျိုး ပါဝင်လာခြင်း မရှိချေ။ ထို့အပြင် စီအိုင်အေက လုပ်ကြံရန် ကြိုးစားသော ပစ်မှတ်ကို ကင်မ်ဂျုံအန်းဟု မဖော်ပြဘဲ နိုင်ငံခေါင်းဆောင်ကြီးဟုသာ KCNAက ရွေးချယ် သုံးနှုန်းသွားခဲ့သည်။
ဖမ်းဆီးခံရသည့် ကင်မ်ဆိုသူက ရေဒီယို သတ္တိကြွ ပစ္စည်းများ အပါအဝင် ဇီဝဓာတု ပစ္စည်းများ၊ နာနိုအဆိပ်များ ပါဝင်သည့် အဆိုပါ ဓာတုလက်နက် ပစ္စည်းသည် ထိတွေ့မှုအပြီး ၆ လမှ ၁၂ လအတွင်း အာနိသင် ပေါ်လာအောင် စီမံထားသည်ဟု ထွက်ဆိုခဲ့ကြောင်းလည်း KCNAက ဖော်ပြသွားသည်။
Ref: Reuters

Tuesday, May 2, 2017

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ မျောက်ကိုက်ခံရသူများကို ကျေနပ်သည်အထိ တောင်းပန်မည်ဟု တာဝန်ရှိသူပြော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ မျောက်ကိုက်ခံရသူများကို ကျေနပ်သည်အထိ တောင်းပန်မည်ဟု တာဝန်ရှိသူပြော

မျောက်ကိုက်ခံရသည့် ဒဏ်ရာအား ပြသနေစဉ်
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် မျောက်ခြံအတွင်း သန့်ရှင်းရေး လုပ်နေစဉ် သံကြိုးနှင့်ယာယီတုပ် နှောင်ထားသော ကြားတံခါးပွင့် ပြီး အမျိုးသမီးနှစ်ဦးကို ရန်ပြုခဲ့ သဖြင့် ဒဏ်ရာရရှိမှုကို ကျေနပ်သည်အထိ တောင်းပန်မည်ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူးဦးထွန်းဝင်းအောင်က ပြောသည်။
‘‘ဘယ်သူပဲ လုပ်ခဲ့ လုပ်ခဲ့ပါ၊ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ တကယ်လည်း စိတ်မကောင်းဖြစ် ရတယ်။ ဥယျာဉ်ကို လာလည်တဲ့ သူတွေကို ကျွန်တော်တို့ဘက်က အနူးအညွတ်တောင်းပန်ပါတယ်။ နောက်တစ်ခါ ဒီလိုအဖြစ်မျိုးမဖြစ် စေရပါဘူး’’ ဟု ဦးထွန်းဝင်းအောင်က ပြောသည်။
ဧပြီ ၃၀ ရက် နံနက် ၉ နာရီ တွင် တာဝန်ကျဝန်ထမ်းက မျောက်ခြံ၌  သန့်ရှင်းရေးလုပ် နေစဉ် မျောက်တံငါသုံးကောင် ကိုနေရာပြောင်းပေးခဲ့သည်။ နေ ရာပြောင်းပေးရာတွင် အသုံးပြု သည့် ကြားတံခါးကို သံကြိုးနှင့် ယာယီတုပ်နှောင်ခဲ့ရာလာရောက် လည်ပတ်သူတစ်ဦးက ခြေဆော့ လက်ဆော့လုပ်၍ ကြားတံခါး ပွင့် ကာ မျောက်များ လွတ်မြောက်ခဲ့ သည်။ မျောက်တံငါသုံးကောင်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သော် လည်း မျောက်များရန်မူသည့်  အ များပြည်သူများထဲတွင် အမျိုးသ မီးတစ်ဦးနှင့် နိုင်ငံခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦး ကို တောင်းပန်ပြီး မြန်မာအမျိုး သမီးကို တိရစ္ဆာန်ကာကွယ်ဆေး ထိုးရန်နှင့် ဒဏ်ရာချုပ်ရန် ဆေး ကုသပေးခဲ့သည်ဟုဆိုသည်။
‘‘လမ်းမှာ တစ်ခါပြတယ်။ နောက်ပြီး ရန်ကုန်ဆေးရုံကြီးမှာ လည်း တစ်ခါပြခဲ့တယ်။ ညနေ ကျတော့ ရပ်ကွက်လူကြီးခြောက် ယောက်အသိသက်သေနဲ့တောင်း ပန်ခဲ့ပါတယ်’’ ဟု ဦးထွန်းဝင်း အောင်က ပြောသည်။
ရန်ပြုခံရ၍ ဒဏ်ရာခြောက် ချက်ချုပ်ခဲ့ရသူ အမျိုးသမီးသည် ကလေးများနှင့် ကိုယ်ဝန်ဆောင် ချွေးမကို မျောက်များရန်မှ ကာ ကွယ်ခဲ့သဖြင့် အကိုက်ခံရခြင်း ဖြစ်သည်ဟု ၎င်း၏သားကိုဖိုးချို က လူမှုကွန်ရက်တွင် ရေးသား ထားသည်။
ကာယကံရှင်၏ မိသားစုဝင် များက မျောက်အကိုက်ခံရမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း၊ မျောက်မဟုတ်ဘဲ အခြားသား ကောင်ဖြစ်နေမည်ဆိုပါက တာ ၀န်မဲ့စွာ ဖွင့်ထားခဲ့လျှင် မတွေးဝံ့ စရာကောင်းကြောင်း ပြောကြားခဲ့ သည်။
‘‘အရင်က သံနဲ့ယာယီခတ် ထားတဲ့ အရာတွေကို နောင်ဒီလို မဖြစ်အောင် သော့ခတ်သွားဖို့ လုပ်သွားမယ်’’ ဟု ဦးထွန်းဝင်း အောင်က ပြောသည်။
ဒုတိယအကိုက်ခံသူ အမျိုးသမီးသည် သြစတြေးလျနိုင်ငံသူဖြစ်၍ နံနက် ၁၀ နာရီခွဲတွင်ကန်တော်ကြီးအနီး၌ ကိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘သူကမျောက်ကိုအယဉ် မှတ်ပြီး သွားကိုင်ဖို့ကြိုးစားတုန်း အကိုက်ခံရတာပါ။ ကျွန်တော်တို့ ဘက်ကဆေးခန်းပို့ဖို့လုပ်တာရ တယ်။ ညနေလေယာဉ်နဲ့သူပြန်ရ မှာလို့ပြောပါတယ်။ အဲဒါနဲ့သူ့ကိုမလုပ်ပေးဖြစ်လိုက်ပါဘူး’’ ဟု အုပ်ချုပ်ရေးမှူးကပြောသည်။

ဗိုလ်မှူးတစ်ဦးအပါအဝင် လူလေးဦးကို ကျပ်သန်း ၉၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးများနှင့်အတူ ဖမ်းမိ

ဖမ်းဆီးရမိသူများကို စိတ်ကြွဆေးများနှင့်အတူ တွေ့ရစဉ်
ဘူးသီးတောင်မြို့အ ခြေစိုက် ခမရ (၅၆၄) တပ်ရင်းမှ ဗိုလ်မှူးတစ်ဦး၊တပ်ဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားနှစ်ဦး စီးနင်းလိုက် ပါလာသည့် ပါဂျဲရိုးကားမှကျပ် သန်း ၈၈၀ တန်ဖိုးရှိ WY စာတန်း ပါစိတ်ကြွရူးသွပ်ဆေးပြားလေး သိန်းလေးသောင်းကို နယ်ခြား စောင့်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ သည်။
အဆိုပါ ပါဂျဲရိုးကားသည် မေလ ၁ရက်နံနက်က ဘူးသီး တောင်မြို့မှ မောင်တောမြို့သို့ ထွက်ခွာလာစဉ် သုံးမိုင်စစ်ဆေး ရေးစခန်းရှိ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက ရှာဖွေရာ စိတ်ကြွ ရူးသွပ် ဆေးပြားများကို ဖမ်းဆီးရ မိခဲ့ကြောင်း နယ်ခြားစောင့်ရဲ အရာရှိတစ်ဦးက ပြောသည်။
တပ်မတော်အရာရှိ ပါဝင် သော မော်တော်ယာဉ်မှ စိတ်ကြွ ရူးသွပ်ဆေးပြားများဖမ်းဆီးရမိ သည်မှာ မှန်ကန်ကြောင်း မောင် တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မြဝင်းကပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြင် ဖြူနယ်ခြားစောင့်ရဲစခန်းက ပြစ်မှု ပုဒ်မ ၁၅/၁၉ (က)၂၁ ဖြင့် အမှု ဖွင့်လှစ်ထားပြီး အရပ်သားနှစ်ဦး ကို ပြင်ဖြူ နယ်ခြားစောင့်ရဲစခန်း တွင်  ချုပ်နှောင်ထားသည်။
ဖမ်းဆီးရမိသည့် ဗိုလ်မှူး နှင့်တပ်ဖွဲ့ဝင်တို့ကို နပခတိုင်းမှူး ၏ နှုတ်မိန့်ဖြင့် ခမရ (၅၆၄) တပ်ရင်း၏ ခမရ (၅၆၄) တပ်ရင်း၏ ခေတ္တတပ်ရင်းမှူးထံသို့ လွှဲပြောင်းပေးလိုက်ကြောင်း ရဲတပ်ဖွဲ့၏အမှုဖြစ်စဉ် ကြေးနန်းစာတွင်ဖော်ပြသည်။
မောင်တော နယ်စပ်ဒေသ သည် မူးယစ်းဆေးဝါးဖောက်ကား မှုဖြင့် နာမည်ကြီးနေသော မြို့ ဖြစ်၍ပြီးခဲ့သည့်  ဖေဖော်ဝါရီက မေယုအမည်ဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံချက်ကို တစ်လကြာ အကောင်အထည်ဖော်ခဲ့သည်။
မေယု မူးယစ်ဆေးတိုက်ဖျက်ရေးစီမံချက်အတွင်း မောင်တောနယ်စပ်မှ ကျပ်ကိုးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၆ သိန်းကျော်ဖမ်းဆီးရမိခဲ့သည်။
ယခုဖမ်းမိသည့် ပမာဏ သည် အများဆုံးမဟုတ်ဘဲ ပြီးခဲ့ သည့် ဖေဖော်ဝါရီအတွင်း မောင် တော-အလယ်သံကောက် ကား လမ်းရှိ ဗောဓိကုန်းစစ်ဆေးရေး ဂိတ်နှင့် ရွှေဗဟို ဘုန်းတော်ကြီး ကျောင်း အတွင်းမှ ကျပ်သန်း ၉,၂၀၀ ကျော် တန်ဖိုးရှိစိတ်ကြွ ဆေး ၄၆ သန်းကျော်ကို ဖမ်းမိခဲ့ သည်။

Sunday, April 30, 2017

YBS ကိစ္စ လွှတ်တော်မှာ မေးမြန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေဆွဲနေတဲ့ YBS ယာဉ်တစ်စီးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေဆွဲနေတဲ့ YBS ယာဉ်တစ်စီးကို တွေ့ရစဉ်
Photo: RFA
 
တိုင်းအစိုးရအဖွဲ့က ဝယ်ယူထားတဲ့ ဘတ်စ်ကားအသစ်တွေ ရောက်ရှိလာရင် လက်ရှိ ကားအဟောင်းတွေကို ဖယ်ရှားပစ်ဖို့ ရှိ မရှိနဲ့ လွှတ်တော်က ခွင့်ပြုထားတဲ့ ဘတ်ဂျတ် ဘီလျံ ၇၀ ကို အသုံးပြုမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဒီကနေ့ လွှတ်တော်အစည်းအဝေး မှာ မေးမြန်းခဲ့ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံဖို့အတွက် တိုင်းအစိုးရအဖွဲ့က ဧရာဝတီ ဘဏ်မှာ အပ်နှံထားတဲ့ ကျပ်ငွေ ဘီလျံ ၇၀ နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်စန္ဒာမင်းက အခုလို ထည့်သွင်းမေးမြန်းတာ ဖြစ်ပါတယ်။
"ဧရာဝတီဘဏ်မှာ ထည့်သွင်းအပ်နှံထားတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ ရင်းနှီးမြှပ်နှံ ခဲ့တဲ့ ဘီလီယံ ၇ဝ ကို မည်သို့ရင်းနှီးမြှပ်နှံပြီး မည်သည့်လုပ်ငန်းရှင်များနှင့်တွဲဘက်၍ မည်သို့အကျိုးအမြတ် ခွဲယူမည်နည်းဆိုတာ သိချင်ပါတယ်၊ နောက်တစ်ချက်ကတော့ အရင်းတည်ကာလကိုလည်း အိုင်ယာလာကို ဘယ်လောက်သတ်မှတ်ထားသလဲ၊ နောက်တစ်ချက်ကတော့ ရင်းနှီမြှပ်နှံတဲ့ စီးပွားရေးလုပ်ကိုင်မယ့် အစီအစဉ် လွှတ်တော်ကို တင်ပြပေးနိုင်ပါရန် လေးစားစွာဖြင့် မေးမြန်းအပ်ပါတယ်ရှင်"
ဒါ့အပြင် ဘတ်စ်ကားအသစ်တွေမှာ မကြာခင် ကုန်တော့မယ့် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်တွေ တပ်ဆင်မယ်ဆိုရင် ပြည်သူတွေအတွက် ရေရှည်မှာ တည်ငြိမ်တဲ့ ယာဉ်စီးခနှုန်းထားနဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ဒေါ်စန္ဒာမင်းရဲ့ မေးခွန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြသောင်းက ပြန်ဖြေရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ တရုတ်နိုင်ငံက ကားအသစ် အစီးရေ တစ်ထောင် ဝယ်ယူဖို့ လက်မှတ်ရေးထိုးထားကြောင်းသာ ပြန် လည်ဖြေကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောင်းလဲခဲ့တဲ့ YBS စနစ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်က YBS စနစ်နဲ့ ပတ်သက် ပြီး ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။

သာကေတမှာ အစ္စလာမ်စာသင်ကျောင်း ၂ ကျောင်း ချိတ်ပိတ်

ရန်ကုန်တိုင်း သာကေတမြို့နယ် အနော်မာရပ်ကွက်ထဲက ဗလီ ၂ ခုကို ဧပြီလ ၂၈ ရက်က ချိတ်ပိတ်ထားတာကို တွေ့ရစဉ်

ရန်ကုန်တိုင်း သာကေတမြို့နယ် အနော်မာရပ်ကွက်ထဲက ဗလီ ၂ ခုကို ဧပြီလ ၂၈ ရက်က ချိတ်ပိတ်ထားတာကို တွေ့ရစဉ်
Photo: Htet Arkar/RFA
 ရန်ကုန်တိုင်း သာကေတမြို့နယ် အနော်မာရပ်ကွက်ထဲက အစ္စလာမ်ဘာသာ စာသင်ကျောင်း နှစ်ကျောင်းမှာ ခွင့်ပြုချက်မရှိပဲ ဝတ်ပြုနေတဲ့အတွက် ပိတ်ပေးရန် မျိုးချစ်ကွန်ယက်ဆိုတဲ့ အဖွဲ့တစ်ခုက မော်တော်ကား အမြောက်အများနဲ့ မနေ့ညနေပိုင်းက ရောက်လာပြီး အုပ်ချုပ်ရေးရုံးမှာ ဝိုင်းဝန်းတောင်းဆိုခဲ့ကြတဲ့အတွက် တာဝန်ရှိသူတွေက ချိပ်ပိတ်ပေးလိုက်တယ်လို့ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ တိုင်ပင်ပြီးနောက် အဲဒီကျောင်းတွေကို ချိတ်ပိတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ အခင်းဖြစ်ပွားရာကို လိုက်ပါသွားခဲ့တဲ့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုကျော်ဇင်ဦးက RFA ကိုပြောပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးမှူးကိုလှမ်းခေါ် ကျနော်တို့ အရောက်သွားတယ်ပေါ့၊ ရောက်သွားတော့ အဲဒီမှာ အခြေအနေက ရုံးထဲမှာတော်တော်ကြပ်ပြီးတော့ ဖြေရှင်းနေကြတယ်၊ မြို့နယ်သံဃမဟာနာယက ဆရာတော်တွေနဲ့ ဟိုဘက်ကပါလာတဲ့ဘုန်းကြီးတွေနဲ့ အခြေအတင်ပြောနေတယ်ပေါ့၊ ပြီးတော့ ဒီကျောင်းကိုချိတ်ပိတ်ပေးဖို့ သူတို့တောင်းဆိုနေတယ်ပေါ့နော်၊ အဲဒီလို တောင်းဆိုပြီးနောက်ပိုင်းကျတော့ ခရိုင်အုပ်ချုပ်ရေးမှူးရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ရဲတပ်ဖွဲ့တွေရယ် သူတို့တိုင်ပင်ကြတယ်၊ နောက် ကျတော့ အဲဒီကျောင်း ၂ ကျောင်းကို ယာယီချိတ်ပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ဆုံးဖြတ်ပြီးတော့ သော့ခတ် လိုက်တယ်၊ သော့ခတ်ပြီးတဲ့နောက်မှာ တိုင်တန်းတဲ့အဖွဲ့တွေ စုဝေးလိုက်တယ်၊ ၆ နာရီခွဲလောက်မှာပါ" 

အဲဒီလို ကားအစီး ၃ဝ ခန့်နဲ့ လာရောက်ခဲ့သူတွေထဲမှာ သံဃာတော်တွေလည်း ပါဝင်ကြောင်းနဲ့ အဓိကရုဏ်း တစ်စုံတရာဖြစ်ခဲ့ခြင်းတော့ မရှိဘူးလို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုကျော်ဇင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ဧပြီလ ၃၀ ရက်နေ့ (ယနေ့) မနက်ပိုင်းက ရသေ့တောင်ကျောင်းတိုက်ဆရာတော်(မှော်ဘီ)က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ရှေ့ကို ရောက်လာကာ တွေ့ခွင့်တောင်း


Image may contain: one or more people, people sitting and outdoorImage may contain: one or more people, people standing and outdoorImage may contain: 2 peopleImage may contain: 2 people, people sittingImage may contain: 3 peopleImage may contain: 2 people, people standing

ဆရာ​တော်​ကို..နိုင်​ငံ​တော်​အတိုင်​ပင်​ခံနှင့်
တွေဆုံမှုမ​ပေးခဲ့ပဲ
ခြံထဲမှတာဝန်​ရှိသူလာလာ​ရောက်​ပြီ.
စာရွက်​စာတမ်း လာယူခဲ့သည်
ခရိုင်​ရဲမှုးနှင်​ တိုင်းသာသနာ​ရေးဦးစီးဌာန
ဒုတိယညွန်​မှုးလာ​ရောက်​ပြီး..
ချွေးသိပ်​ခဲ့ပြီးဆရာ​တော်​ကြီးပြန်​လည်​ကြွချီခဲ့သည်

Chit Ko Ko ဖေ့စ်ဘုတ်မှ
https://web.facebook.com/permalink.php?story_fbid=304479569986525&id=100012734534229

Saturday, April 29, 2017

လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့သော YBS နှင့် ပတ်သက်သည့်အဆို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြု

YBS ယာဉ် စောင့်ဆိုင်းနေသည့် ခရီးသည်များအား YBS စနစ် စတင်သည့် ဇန်န၀ါရီ ၁၆ ရက် ညနေက မြို့တော်ခန်းမရှေ့တွင် တွေ့ရစဉ်
 
လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့သည့် YBS နှင့် ပတ်သက်သည့် အဆိုအား ဧပြီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် အတည်ပြုခဲ့သည်။
“YRTA ရဲ့ ဥပဒေကို ရေးဆွဲလျက်ရှိပါတယ်။ YRTA ဆိုတာက လွှတ်တော် ကိုယ်စားလှယ်တော်ကြီး ဆွေးနွေးသလို ကျွန်မတို့က ဘတ်စ်ကားတစ်ခုတည်း မဟုတ်ပါဘူး။ YRTA ရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရေလမ်းလည်း ပါပါတယ်။ မီးရထား၊ ဘတ်စ်ကား၊ တက္ကစီ၊ ကိုယ်ပိုင်ကား၊ ကုန်တင်ယာဉ်၊ လေဆိပ် ဒါတွေအားလုံး ပါတဲ့အတွက် သက်ဆိုင်ရာ ဥပဒေတွေကို ပြည့်ပြည့်စုံစုံဖြစ်အောင် ရေးဆွဲလျက် ရှိပါတယ်။ မူလဖော်ပြထားတဲ့ လမ်းကြောင်းတွေနဲ့ ကွဲလွဲသွားတယ်ဆိုတဲ့ အချက်ကတော့ ပြည်သူတွေရဲ့ တောင်းဆိုမှုအရ ယာဉ်လိုင်းအုပ်ချုပ်သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ်။ ဦးကျော်ဇေယျရဲ့ ပြည်သူစိတ်ပျက် YBS ဆိုတဲ့ နိမိတ်ပြစကားလုံးမျိုး ရည်ရွယ်ချက်က ဆန့်ကျင်ဘက် ရောက်သွားတဲ့ စကားလုံးမျိုး ကျွန်မတို့ လက်မခံနိုင်ပါဘူး။ ဒါတွေကို အချိန်တန်ရင် ပြည်သူက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်နှင့် ပတ်သက်သည့် အဆိုအား ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ဧပြီ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး အဋ္ဌမနေ့တွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က “ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်အား ယခုထက်ပိုမို ကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သည်။
“တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့်ရဲ့ YBS က မအောင်မြင်ဘူး။ ကျဆုံးတယ်ဆိုတဲ့ စကားလုံးကို ကျွန်မအနေနဲ့ လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်စီမံချက်နဲ့ ဆောင်ရွက်နေတာ ယခုအချိန်မှာ သုံးလပဲ ရှိပါသေးတယ်။ ဆောင်ရွက်ဆဲကာလ ဒီလိုမျိုး ဆုံးဖြတ်ချက်စောတဲ့ စကားလုံးတွေကိုတော့ မသုံးစွဲစေချင်ပါဘူး။ ကျွန်မတို့ အနေနဲ့ ဥပဒေနဲ့ ညီညွတ်တာကိုပဲ ကျွန်မတို့ဆီမှာ လာရောက် ဆွေးနွေးနိုင်ပါတယ်။၂၀၁၄ ပုဂ္ဂလိက မော်တော်ယာဉ်များ ပြေးဆွဲခြင်း ဥပဒေထဲမှာ ပါဝင်တဲ့ အချက်အလက်တွေနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ၀န်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောကြားသည်။
ယင်းအဆိုနှင့် ပတ်သက်၍ YBS စီမံချက်ကို တစ်နှစ်တာ စီမံချက်ရေးဆွဲ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ယခုအချိန်တွင် သုံးလပြီးစီး သွားပြီဖြစ်ကြောင်း၊ သို့သော် ကျန်ရှိသည့်ကာလတွင် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များသည် ပြည်သူများ ဖြစ်သည့်အတွက် ၎င်းတို့၏ စားဝတ်နေရေး ထိခိုက်နစ်နာမှု မရှိစေရေးအတွက် စီစဉ်ရပါ ကြောင်းနှင့် ၎င်းတို့အပါအ၀င် ခရီးသွားပြည်သူ တစ်ရပ်လုံးအတွက် အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်အောင် အစွမ်းနိုင်ဆုံး ကြိုးစားသွားမှာ ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။
ဆက်လက်ပြီး အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မှု မရှိဘဲ အတည်ပြုခဲ့သည်။
“ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး တချို့ဟာတွေမှာ ၀န်ကြီးအနေနဲ့ ဖြေရှင်းတာမှာ ကျန်ခဲ့တာတွေ အများကြီးရှိတယ်။ အဲဒါလေးတွေ နည်းနည်းလေး ပါလိုက်ရင်တော့ ပြည့်စုံသွားမှာပေါ့။ ဒီနေ့ဖြေရှင်းတာကိုတော့ ကျွန်တော့်အနေနဲ့ ရာခိုင်နှုန်း ၇၀ လောက် ကျေနပ်အားရပါတယ်။ ကျွန်တော် အဆိုတင်ခဲ့တဲ့ထဲမှာလဲ ပါပြီးသား။ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ဆိုကတည်းကိုက အားလုံးသိတဲ့အတိုင်း ကွန်တိန်နာ ကိစ္စတွေ၊ တက္ကစီတွေရမ်းတဲ့ ကိစ္စတွေလည်း ရှိတယ်။ ဒါတွေအားလုံးကို သေသေချာချာ ဒီထက်ပိုကောင်းအောင် လုပ်ဖို့လိုအပ်တယ်။ စည်းကမ်းအပိုင်းကိုလည်း အဆိုထဲမှာ ထည့်ထားတယ်။ စည်းကမ်းဖောက်ရင် ဖောက်တဲ့သူကို ထိထိရောက်ရောက် အပြစ်ပေးဖို့ပါတယ်။ ၀န်ကြီးကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး အချက်အလက်က အားပျော့နေတယ်။ ဒါကြောင့် ပြည်ထောင်စုအဆင့်အထိ တင်ထားတယ်လို့ ပြောတယ်။ ၀န်ကြီးချုပ်က အလုပ်များတဲ့ အတွက်ကြောင့် သူရှိခြင်း မရှိခြင်းက သိပ်ပြီးတော့ အရေးကြီးလှတာ မဟုတ်ပါဘူး။ ဒီကိစ္စက YRTA ဥက္ကဋ္ဌလည်းဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ရှိတဲ့အတွက် ၀န်ကြီးချုပ် ရှိခြင်း မရှိခြင်းဆိုတာ သိပ်ပြီးတော့ အရေးမကြီးပါဘူး။ ကိုယ်စားလှယ်တွေကတော့ ပြည်သူထဲက အသံတွေအတိုင်းပဲ ပြောကြတာပေါ့။ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ကျရှုံးတယ် ပြောပြော၊ မအောင်မြင်ဘူး ပြောပြော၊ မိတ်ကပ်တွေကွာကျတယ် ပြောပြော၊ ဝေဖန်မှုတွေအပေါ်မှာ အစိုးရအနေနဲ့ နားလည်ပြီးတော့ ကျွန်တော်တို့က အစိုးရကို အပြုတ်တိုက်တာ မဟုတ်ဘူး။ တိုက်ခိုက်တာ မဟုတ်ဘူး။ အစိုးရကို လွဲနေရင် ပြန်တည့်လို့ရအောင် ထိန်းကျောင်းတဲ့ သဘောနဲ့ ပြောတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် YBS နှင့်ပတ်သက်ပြီး အဆိုတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။
Writer: 
ထက်ရှိုင်း၊ ဆန်းထူးအောင် Eleven Media