By Oodu Khinsai
စစ်တွေ ၊ ၂၅ ဖေဖော်ဝါရီ ၂၀၁၄ ၊ Coral Arakan News ၊ [ ဥတုခင်စိုင်း မှတ်စု ]
ကျန်းမာရေးကဏ္ဍကို ဆောင်ရွက်ရန် ဟု ဆိုကာ ပြည်ထောင်စု အစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန နှင့် နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးထားသည့် AZG ခေါ် MSF-Holland သည် ရခိုင်ပြည်နယ်အတွင်းတွင် စစ်တွေ၊ မြေပုံ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မောင်တော နှင့် ရသေ့တောင် မြို့နယ်များတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
စစ်တွေမြို့တွင် MSF-Holland အတွက် ငှားရမ်းထားသည့် အိမ်အရေအတွက်မှာ ကျောင်းတက်လမ်း ရပ်ကွက်တွင် လေးအိမ် ၊ မြို့သူကြီးရပ်ကွက်တွင် လေးအိမ် ၊ လမ်းမတော်တောင်ရပ်ကွက် တစ်အိမ် နှင့် ပြည်တော်သာရပ်ကွက် တစ်အိမ် ဖြစ်သည်။
--------------
ကျောင်းတက်လမ်းရပ်ကွက် MSF-Holland အိမ်ငှားသူများ စာရင်း -
၁။ အိမ်ရှင်အမည် - ဦးသန်းအောင် (မောလိပ်ရပ်ကွက် ကုန်သည်လမ်းနှင့် လမ်းမကြီး ထောင့်က နေရောင်ဦး စာအုပ်ဆိုင်ပိုင်ရှင်) ၊ ရုံး အဖြစ်သုံးသည်၊ ဆန္ဒပြခဲ့ကြသည့် အဆောက်အအုံ ဖြစ်သည်။
၂။ အိမ်ရှင်အမည် - ဦးကျော်သန်း ၊ ရုံး အဖြစ်သုံးသည်၊ ဆန္ဒပြခဲ့ကြသည့် အဆောက်အအုံ နောက်ဘက်တွင် တည်ရှိသည်။
၃။ အိမ်ရှင်အမည် - ဦးမြသန်း ၊ အိမ် အဖြစ်သုံးသည်၊ နိုင်ငံခြားသား ခုနစ်ဦး နေထိုင်သည်။
၎။ အိမ်ရှင်အမည် - ဦးထွန်းသိန်း ၊ ရုံး အဖြစ်သုံးသည်။
--------------------------
မြို့သူကြီးရပ်ကွက် MSF-Holland အိမ်ငှားသူများ စာရင်း -
၁။ အိမ်ရှင်အမည် - ဒေါ်လှလှဝေ ၊ အိမ် အဖြစ်သုံးသည်၊ (၁၂) ဦး နေထိုင်သည်။
၂။ အိမ်ရှင်အမည် - ဦးအောင်ကျော်သာ ၊ အိမ် အဖြစ်သုံးသည်၊ (၁၂) ဦး နေထိုင်သည်။
၃။ အိမ်ရှင်အမည် - ဒေါ်မသာစိန် ၊ အိမ် အဖြစ်သုံးသည်၊ ရှစ်ဦး နေထိုင်သည်။
၎။ အိမ်ရှင်အမည် - ဦးကျော်မြအောင် ၊ ရုံး အဖြစ်သုံးသည်၊ ခုနစ်ဦး နေထိုင်သည်။
----------------
လမ်းမတော်တောင်ရပ်ကွက်တွင် ဦးမောင်အေး ပိုင်နေအိမ်ကို MSF-Holland က ငှားရမ်းကာ ဂိုဒေါင် အဖြစ် အသုံးပြုနေသည်။
----------------
ပြည်တော်သာရပ်ကွက်တွင် ဦးမောင်နီ ပိုင်သော အိမ်ကို MSF-Holland က ငှားရမ်းကာ နေအိမ်အဖြစ် အသုံးပြုနေသည်။ MSF-Holland ၀န်ထမ်း ခြောက်ဦးနေထိုင်သည်။
----------------
မောင်တော နှင့် အခြားမြို့များသို့ ကူးချီသန်းချီ သွားလာနေကြသော MSF-Holland ၏ နိုင်ငံခြားသားဝန်ထမ်းများမှာ စစ်တွေဟိုတယ်တွင် တည်းခိုနေထိုင်ကြသည်။ ထိုကဲ့သို့ စစ်တွေဟိုတယ်တွင် တည်းခိုနေထိုင်သူ နိုင်ငံခြားသားဝန်ထမ်း (၂၁) ဦး ၊ ရွှေသဇင်ဟိုတယ်တွင် တည်းခိုလေ့ရှိသူ လေးဦး နှင့် ကျောင်းတက်လမ်းရပ်ကွက် ဦးမြသန်းပိုင် နေအိမ်တွင် နေထိုင်သူ နိုင်ငံခြားသား ခုနစ်ဦး ၊ စုစုပေါင်းနိုင်ငံခြားသားဝန်ထမ်း အရေအတွက်မှာ (၃၂) ဦးဖြစ်သည်။ ထို (၃၂) ဦးအနက် သုံးဦးသာလျှင် ဆရာဝန်များဖြစ်ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၂) နှင့် (၂၃) ရက်နေ့ ဆန္ဒပြပွဲများအပြီးတွင် နိုင်ငံခြားသားဝန်ထမ်းအများစုမှာ ရန်ကုန်မြို့သို့ သွားရောက်ကာ ခရီးယာယီခိုနေကြသည် ဟု သိရသည်။
------------------
MSF-Holland ၏ ညီအစ်ကို အဖွဲ့အစည်းဖြစ်သော MSF-Swizerland ၏ နိုင်ငံခြားသား ၀န်ထမ်း သုံးဦးမှာ မြောက်ဦးမြို့ရှိ မြောက်ဦး ဟိုတယ်တွင်နေထိုင်ကြသည်။
-------------------
စစ်တွေမြို့တွင် နိုင်ငံခြား NGO များအား အများဆုံးငှားရမ်းထားသည့် ရပ်ကွက်မှာ ကျောင်းတက်လမ်းရပ်ကွက် ဖြစ်သည်။ (၁၇)အိမ် ငှားရမ်းထားသည်။ ထို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်လှဝေ အား ကိုယ်ထိလက်ရောက် ရန်ရှာလိုသူများအား ရှိနေရာ မဖြစ်သင့်တာ မဖြစ်ရအောင် မနည်းတားဆီးထားရသည် ဟု ဆိုသည်။
iNGO များအား အိမ်မငှားရဟု ဂါမပညတ်သတ်မှတ်ကန့်သတ်ကြသော ရပ်ကွက်များမှာ အိုးတန်းရပ်ကွက် ၊ ဘောက်သီးစုရပ်ကွက် နှင့် ကျောင်းကြီးလမ်းရပ်ကွက် တို့ဖြစ်ကြသည်။
စစ်တွေမြို့တွင် NGO ငှားသူ အိမ်ရှင်များအနက် နာမည်အကြီးဆုံးပုဂ္ဂိုလ်မှာ ထင်ရှားသော လုပ်ငန်းရှင် KISS စတိုး ဦးကျော်သိန်း ဖြစ်သည်။ အိုးတန်းရပ်ကွက်က နှင်ထုတ်လိုက်သော DRC အဖွဲ့အား ထိုစဉ်က စစ်တွေမြို့တွင် အမြင့်ဆုံးဈေးနှုန်းဖြင့် ၄င်း၏ ကျောင်းတက်လမ်းရပ်ကွက် နေအိမ်အား ငှားရမ်းခဲ့သည်။
------------
ဓါတ်ပုံရည်ညွှန်းစာသား - ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၂) နှင့် (၂၃) ရက်နေ့များက MSF-Holland အား ရခိုင်ပြည်မှ ထွက်သွားရန် ဆန္ဒပြတောင်းဆိုခဲ့ကြရာ ကျောင်းတက်လမ်းရပ်ကွက် ဦးဥတ္တမလမ်းပေါ်ရှိ ဦသန်းအောင်၏ အိမ်။
( Coral Arakan News အတွက် ဥတုခင်စိုင်း ရေးသားသည်။ ဤအချက်အလက်များအား ကူညီစုဆောင်း ပေးခဲ့သူများ အားလုံးကို Coral Arakan News နှင့်တကွ ရခိုင်တစ်မျိုးသားလုံးက ကျေးဇူးတင်ရှိပါသည်။ )
No comments:
Post a Comment