သူ့နာမည်က မောင်သာနု
==========
By Hla Aye Maung
စစ်တွေ ၊ ၂၄ ဖေဖော်ဝါရီ ၂၀၁၄ ၊ Coral Arakan News ၊ [ ရုပ်ပုံလွှာများ ]
သူ့နာမည်က မောင်သာနု လို့ခေါ်ပါတယ်။ စစ်တွေမြို့ ရွှေပြားရပ်ကွက်ကပါ။ ၁၉၈၅ ခုနှစ်က စစ်တွေ အထက (၃) မှာ ဒသမ တန်းကို ကျွန်တော်နဲ့ အတူ ပညာ သင်ခဲ့ပါတယ်။ ကံ အကြောင်းမလှစွာနဲ့ သူဟာ (၁၀) တန်း မအောင်မြင်ခဲ့ပဲ ဘ၀ကို ရုန်းကန်လှုပ်ရှားခဲ့ပါတယ်။ စာရိတ္တက ကျောင်းနေစဉ်ကတည်းက အထူးကောင်းမွန်သူတစ်ယောက်ပါ။
၈၈၈၈ အရေးတော်ပုံ နောက်မှာတော့ သူဟာ စစ်တွေက ရေခူ လုပ်ငန်း ကုမ္ပဏီ တခုမှာ အလုပ်ဝင်လုပ်ပြီး သူ့ညီလေးတွေ ကို ကျောင်းထားပေးခဲ့သူဖြစ်ပါတယ်။ သူ့ ရဲ့ မိအို ဖအို တွေကိုလည်း ကူညီဖေးမရင်း ဘ၀ကို ရင်ဆိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ မောင်သာနု ဟာ တစ်နေ့မှာ သူ့ဘ၀ရဲ့ ကံဆိုးမိုးမှောင်ကျလာတာကို ဘယ်လိုမှ မတားဆီးနိုင်ခဲ့ပါဘူး----။ အဖြစ်က ဒီလိုပါ--- ။
၁၉၈၈-၈-၈ ရက်နေ့ ဒီမိုကရေစီ အရေးတော်ပုံ တစ်နိုင်ငံလုံးဖြစ်ပြီး (၉) ရက်နေ့မှာ စစ်တွေ ၀င်္ကဘာ ကွင်းလူထု ဟောပြောပွဲ မှာ ထောက်လှမ်းရေး (၃) ယောက် အသတ်ခံခဲ့ရပါတယ်။ ရခိုင် စစ်သားတစ်ယောက်လည်း သေတဲ့ထဲပါသွားပါသေးတယ်။ အဲဒီ လူသတ်မှု မှာ
မောင်သာနု ပါတယ်ဆိုပြီး စစ်ထောက်လှမ်းရေးက ကုမ္ပဏီမှာ လုပ်နေတဲ့ မောင်သာနု ကို ဖမ်းပါလေရော။ မောင်သာနု လည်း ဒီအမှုမှာ သူ မပါကြောင်း အကြောက်အကန် ငြင်းဆိုခဲ့ပေမယ့် တရားရုံးမှာ ဘာ လျှောက်လဲခွင့်မှလည်း မရလိုက်ပါပဲ မောင်သာနု ကို ထောင် (၁၂) နှစ် ချလိုက်ပါတော့တယ်။
ထောင် (၁၀) နှစ်ကျော် ကျခံပြီးမှ လွတ်လာရတဲ့ မောင်သာနု ဟာ ဘယ်လူသတ်မှုကိုမှ ကျုးလွန်ခဲ့သူ မဟုတ်ရပါဘူး။ အဲဒါက န၀တ ခေတ်က တရားစီရင်မှုလေးတစ်ခုပါ၊ သူ့လို အပြစ်မဲ့ မတရား ထောင်ချခံရတဲ့သူတွေ ဘယ်လောက်ရှိလေမည်ဆိုတာကိုတော့ ကာယကံရှင်တွေကလွဲပြီး ဘယ်သူတွေ သိနိုင်ပါမည်လဲ? ။
(ဆရာ လှအေးမောင် ၏ ဖေ့စ်ဘုတ် ဝေါလ် ပေါ်မှ ကူးယူ ဖော်ပြပါသည်။ )
No comments:
Post a Comment