ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပန်းတောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမဆုံးအကြိမ် ဆန္ဒပြ
Published on: February 22, 2014
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်၊ ပဲခူးတိုင်း(အနောက်ပိုင်း) ဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ဝင်များ ပထမဆုံးအကြိမ်အဖြစ် ဆန္ဒပြခဲ့ကြောင်း မြို့ခံများထံက သိရသည်။
ဆန္ဒပြမှုကို ဖေဖော်ဝါရီ ၂၁ ရက် နံနံက် ၉ နာရီက စတင်၍ မြို့တွင်းသို့ လှည့်လည်ခဲ့ခြင်းဖြစ်ပြီး ပန်းတောင်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲဒင်က “ စီတန်းလှည့်လည်ခွင့်လည်း တရားဝင်ရထားတယ်။ အခက်အခဲတော့ မရှိပါဘူး။ အားလုံးအဆင်ပြေပါတယ်။ မြို့ခံတွေကလည်း အားတက်သရော ထောက်ခံအားပေးပါတယ်။ ပြင်ဆင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး ၈၈ မျိုးဆက်ကျောင်းသား ပွင့်လင်းလူ့အဖွဲ့စည်းကလည်း ဆောင်ရွက်မယ်လို့ သဘောတူညီမှု ရှိထားတယ်။ ဗဟိုက ချမှတ်သွားမယ့် လမ်းစဉ်တွေအတိုင်း မြို့နယ်၊ ရပ်ကျေးအဖွဲ့တွေက အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ”ဟု ဆိုသည်။
ဆန္ဒပြမှုကို လိုက်လံအားပေးခဲ့သူ မြို့ခံတစ်ဦးကလည်း “လူအင်အားများများနဲ့ ဆန္ဒဖော်ထုတ်တာ မြို့မှာ ဒါပထမဦးဆုံးပါပဲ။မြို့ကလူတွေလည်း အားပေးထောက်ခံကြတယ်။ အခြားမြို့နယ်၊ ရပ်ကျေးကလူတွေ လည်း လာအားပေးကြတာ တွေ့တယ်”ဟု ပြောကြားသည်။
ပန်းတောင်းမြို့နယ်၊ အုပ်စု(၄၈) အုပ်စု အပြင်၊ ပြည်ခရိုင်အတွင်း အခြားမြို့နယ်မှ NLD ၀င်များလည်း ပူးပေါင်းပါဝင်၍ အင်အား ၆၀၀ ခန့်သည် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပုဒ်မ ၅၉(ဃ)၊ (စ) နှင့် ပုဒ်မ ၄၃၆ တို့ကို ပါ အမြန်ဆုံးပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြပြီး နံနက် ၁၁ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်
-
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပန်းတောင်းမြို့တွင် ဆန္ဒပြနေကြစဉ်
Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

posted from Bloggeroid
No comments:
Post a Comment