Tuesday, February 25, 2014

အ‌မေရိကန်‌‌လေယဉ်‌ပျက်‌ ရှာ‌ဖွေ‌ရေးအဖွဲ့ ‌တောင်‌ငူကို ‌ရောက်‌ရှိ

24 Feb 2014 08:45 PM PST
တောင်ငူ  ဖေဖော်ဝါရီ   ၂၄ ဒုတိယကမ္ဘာစစ် အတွင်းက တောင်ငူမြို့တွင် ပျက်ကျခဲ့သော အမေရိကန် စစ်လေယာဉ်များနှင့် ပတ်သက် သည့်သတင်းများ စုံစမ်းမေးမြန်းရန် အတွက်
JPAC (Joint Personal Accounting Command) မှ အမေရိကန် နိုင်ငံသား Mr. Hansen Wayne Trae ဦးဆောင်သော အဖွဲ့ဝင် ကိုးဦး၊ စကားပြန် တစ်ဦးပါ အဖွဲ့သည် ယမန်နေ့က တောင်ငူမြို့ အမှတ် (၁၈) ရပ်ကွက် နေသူများထံမှ စစ်လေယာဉ်ပျက်နှင့် ပတ်သက်သည့် သတင်းများ လိုက်လံ စုံစမ်းခဲ့သည်။ စုံစမ်းမေးမြန်းရာတွင် လေယာဉ် ပျက်ကျသည်ကို သိမီခဲ့သူများဖြစ်သော ဦးတင်အောင်၊ ဒေါ်စန်း၊ ဒေါ်မာမာ၊ဒေါ်ခင်ညွန့် ၊ ဦးစိမ်းတို့အား လိုက်လံတွေ့ဆုံ မေးမြန်း ခဲ့ကြောင်း သိရသည်။

မေးမြန်းချက်များ အရ ဦးတင်အောင်၏ ကန်စွန်းခင်း အတွင်း ဒုတိယကမ္ဘာစစ် ကာလက အမေရိကန် စစ်လေယာဉ် တစ်စင်း ပျက်ကျခဲ့ဖူးကြောင်း၊ လေယာဉ် ပျက်ကျချိန်မှာ ဆောင်းရာသီကာလ ဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျသည့် နေရာတွင် ယနေ့အထိ ချိုင့်ခွက် ကျန်ရှိဆဲ ဖြစ်ကြောင်း၊ လေယာဉ်ပျက် အပိုင်းအ စများ ယခင်က ကျန်ရှိခဲ့သော်လည်း နှစ်ကာလ ကြာလာသည်နှင့် အမျှ ပျောက်ဆုံးကုန်ကြောင်း၊ ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်များနှင့်အတူ တွဲပြီး အလုပ်လုပ်ကိုင်ဖူးသည့် တောင်ငူမြို့တွင် ကြီးပြင်းသူ ဦးစိမ်းက ကန်စွန်းခင်းအတွင်း ပျက်ကျသည့် လေယာဉ်အပြင် အမေရိကန် လေယာဉ် နောက်ထပ် နှစ်စင်း ပျက်ကျသည်ကို ၎င်းကိုယ်တိုင် မြင်ဖူးခဲ့ကြောင်း၊ တစ်စင်းမှာ တောင်ငူမြို့ (၁၄) ရပ်ကွက် ဗလီပေါ်သို့ လည်းကောင်း၊ တစ်စင်းမှာ (၁၈) ရပ်ကွက်အနီး ကုန်းမြင့်ပေါ်သို့ လည်းကောင်း ပြုတ်ကျခဲ့ကြောင်း၊ လေယာဉ်များမှာ အင်ဂျင်တစ်လုံးတည်း ဖြစ်ကြောင်း၊ လေယာဉ်ပေါ်တွင် ပါရှိသည့် အမေရိကန် နိုင်ငံသား အချို့ သေဆုံးပြီး အသက်ရှင် ကျန်ခဲ့သူ အမေရိကန်နိုင်ငံသားများအား မြွေတော်ကျေးရွာရှိ ဂျပန် တပ်စခန်း သို့ဂျပန်များက ခေါ်ဆောင်သွားကြောင်း ပြောကြားခဲ့သည်။

JPAC မှ အဆိုပါ အဖွဲ့သည် အမေရိကန် စစ်လေယာဉ်ပျက် သတင်းများ စုံစမ်းရန် ယမန်နှစ်ကလည်း တောင်ငူသို့ တစ်ကြိမ် ရောက်ရှိခဲ့ပြီး ယခုကဲ့သို့ စုံစမ်း မေးမြန်းခဲ့ဖူးကြောင်း၊ ယခု စုံစမ်းမှုမှာ ဒုတိယအကြိမ် ဖြစ်ကြောင်း၊ တော်ဝင် ကေတုမတီ တည်းခိုခန်း၌ တည်းခိုလျက် လေယာဉ်ပျက် သတင်းများ ဆက်လက် စုံစမ်းလျက် ရှိကြောင်း သတင်း ရရှိသည်။

မြဝတီ

No comments: