Sunday, April 13, 2014

သင်္ကြန်အကြိုနေ့ရန်ကုန်မြို့သုဝဏ္ဏကွင်း၌ကျင်းပသောရခိုင်သင်္ကြန်စည်ကား

ဧပြီ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) မှာပင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားဝင်းအတွင်း ကျင်းပသော ရခိုင်သင်္ကြန်တွင် လာရောက်ရေကစားသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။ ယခုနှစ်ရခိုင်သင်္ကြန်မဏ္ဍပ် အရေအတွက်သည် ယခင်နှစ်များထက် ပို၍များပြားကြောင်း ပွဲကျင်းပရေးကော်မတီမှ သိရသည်။ သုဝဏ္ဏအားကစားဝင်းအတွင်း ကျင်းပသော ရခိုင်သင်္ကြန်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်က သိမ်ဖြူယာဉ်မောင်းကွင်း၌ ကျင်းပခဲ့သည်။
Eleven Media Group

No comments: