Tuesday, April 15, 2014

စင်္ကာပူ MRT ပေါ်တွင် ဒေါ်စု၊ ၈၈၊ RFA၊ DVB နှင့် ဒီမိုအင်အားစုများ အကြောင်း လက်လွတ်စပယ် ပြောဆိုခဲ့သည့် ဇာဂနာမှ ဦးခင်ညွန့်အား လက်လွတ်စပယ်မပြောရန် သတိပေး


စင်္ကာပူ MRT ပေါ်တွင် ဒေါ်စု၊ DVB နှင့် ဒီမိုအင်အားစုများ အကြောင်း လက်လွတ်စပယ် ပြောဆိုခဲ့သည့် ဇာဂနာမှ ဦးခင်ညွန့်အား လက်လွတ်စပယ်မပြောရန် သတိပေး ပြောဆိုလိုက်သည်။ ဝေါစထရိ ဂျာနယ်၊ အင်တာနက် ဝက်ဆိုက်တွင် ဖော်ပြထားသည့် ဦးခင်ညွန့် နှင့် အင်တာဗျူး ဆောင်းပါးနှင့် ပတ် သက်၍ ၄င်းက ပြောခဲ့ခြင်းဖြစ်သည်။

”ဒီစာတွေကို လွန်ခဲ့တဲ့ လေးပတ် လောက်က ဖတ်ခဲ့ရပါတယ်။ သြော်သူ ပြောတာပြောပါစေ။ အကောင်း ထင်ပြီး လွှတ်ပေးခဲ့ပါတယ်။ ကျွန်တော် ရန်ကို ရန်ခြင်း မတုံ့ပြန် ဘူး။ လက်စားလည်း မချေပါဘူး။ လူချင်းတွေ့တုန်း ကလည်း ဒီအတိုင်း ပြောခဲ့ပြီးသားပါ”ဟု ဇာဂနာ က ပြောသည်။

ဇာဂနာ အနေဖြင့် နိုင်ငံရေး အကျဉ်း သား ကော်မတီတွင် ပါဝင်ပြီး နိုင်ငံရေး အကျဉ်းသား များနှင့်အတူ အကျဉ်းထောင် ထဲတွင် ကျန်ရှိနေသေးသည့် ထောက် လှမ်းရေး ၂၂ ယောက် ကိုလည်း လွှတ် ပေးရန် ကိုကိုကြီး၊ ကိုရဲအောင်၊ ကိုညွန့် ထွန်း တို့နှင့်အတူ သမ္မတကြီးထံ စာတင်ခဲ့ ကြောင်း သိရသည်။


ဇာဂနာ (ခေါ်) ကိုသူရသည် စင်္ကာပူနိုင်ငံရောက်ရှိစဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ဘွားတော် ဟု သုံးနုံးခေါ်ဝေါ်ပြီး ဘာမှမလုပ်တတ်ကြောင်း ဝေဖန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းအပြင်၊ NLD ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ RFA နှင့် DVB တို့အကြောင်း အတင်းများကို လက်လွတ်စပယ် ပြောဆိုခဲ့သည့် အသံဖိုင်အား နားဆင်နိုင်ပါသည်။







ပေါ်ပြူလာ

No comments: