Friday, April 18, 2014

ချမ်းသာ Express ကားမှစက်ဘီးနှင့်ဈေးပြန်လာသူအမျိုးသမီး တစ်ဦးအားဝင်တိုက်

 


၁၇. ၄. ၂၀၁၄ ယ နေ့ နံနက် ၁၀ နာရီတွင်အိမ်မဲမြို့နယ်တ ကောကျေးရွာ အနီးမြောင်းမြ
ပုသိမ် ကားလမ်း ပေါ်၌ ယာဉ် တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။


မြောင်းမြ မြို့ မှ ရန်ကုန်မြို့သို့ထွက်ခွာလာသော ချမ်းသာ Express ကားမှ စက်ဘီးနှင့်ဈေးပြန်လာသူအမျိုးသမီးကြီးတစ်ဦးအား အိမ်မဲမြို့ တ ကော ကျေး ရွာ အနီးတွင် တိုက်မိခဲ့ပါတယ်။

ချမ်းသာယာဉ် ဖြင့်တိုက်မိခဲ့သောအမျိုးသမီးမှာ တ ကောကျေးရွာတွင် နေထိုင် သူဖြစ်ပြီး ဈေးမှ အိမ်အပြန်တွင် အတိုက်ခံခဲ့ရခြင်း ဖြစ်ပါတယ်။ အဆိုပါအမျိုးသမီးဟာထိုနေရာ မှာပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသိရှိရပါတယ်။



သူရစိုး
ရန်နိုင်









No comments: