Sunday, April 27, 2014

ရန်ငြှိုးရှိသူမှ သေစေရန်ရည်ရွယ်ပြီး ကားဖြင့်တိုက်ခဲ့၍ အရေးယူပေးရန် တိုင်တန်း



ရန်ကုန်၊ ဧပြီ ၂၇

၂၆.၄.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း
မြောက်ရပ်ကွက်နေ မဟေသီသက်မြတ်နိုးသည် ၎င်း၏နေအိမ်သို့အလည် လာရောက်သူ ကိုစိုင်းသီဟအောင်အား ကျောင်းလမ်းထိပ်သို့ လမ်းလျှောက်
၍လိုက်ပို့စဉ် ကျောင်းလမ်းအရောက်တွင် ၄ဃ/----မတ်တူးအဖြူရောင်ယာဉ်မှ
အရှိန်ဖြင့် နောက်မှဝင်ရောက်တိုက်ခဲ့ရာ ၎င်းမှရှောင်တိမ်းလိုက်၍တိုက်မိခြင်း မရှိဘဲ ယာဉ်မှာရှေ့သို့ ရောက်ရှိသွားခဲ့ကြောင်း၊ အဆိုပါယာဉ်မှ နောက်ပြန်
ဆုတ်ကာ ထပ်မံတိုက်သဖြင့် ၎င်းမှရှောင်တိမ်းခဲ့ရာ တိုက်မိခဲ့ခြင်းမရှိ
သော်လည်း ခြေချောင်းများနာကျင်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ယာဉ်ဖြင့် တိုက်သူ ယာဉ်မောင်းအားကြည့်ရှုရာ ယခင်ကရန်ငြှိုးရန်စရှိခဲ့ဖူးသည့်
ဂျော့ကိုကိုကြီး ဖြစ်သည်ကိုသိရှိရကြောင်းနှင့် ယင်းကဲ့သို့သေစေရန် ရည်ရွယ်၍ ကားဖြင့်တိုက်သူ ဂျော့ကိုကိုကြီးအား အရေးယူပေးရန် တိုင်တန်း
လာပါသည်။

တိုင်တန်းချက်အရ ပြစ်မှုကျူးလွန်သူ ဂျော့ကိုကိုကြီးအား စမ်းချောင်းမြို့မ ရဲစခန်း(ပ)၁၅၈/၂၀၁၄၊ ပြစ်မှုပုဒ်မ -၃၀၇ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

No comments: