မတ်လ ၂၅ ရက်နေ့က ယူကရိန်းအရှေ့ပိုင်းတွင် စစ်ရေးလေ့ကျင့်နေသည့် ယူကရိန်းစစ်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
Written by Mizzima News
ပရက်စ်တီဗီ (ဝါရှင်တန်)။ ။ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုကို မော်စကိုက တိုက်ခိုက်ပါက ရုရှကို စစ်ရေးဖြင့် တိုက်ခိုက်ရန် အမေရိကန် ပြည်သူအများစုက ထောက်ခံကြောင်း စစ်တမ်းအသစ် တစ်ခုတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်သူ ၅၆ ရာခိုင်နှုန်းက စစ်ရေးဖြင့် တုံ့ပြန်မှုကို ထောက်ခံကြောင်း ပျူးသုတေသန စင်တာက ပြုလုပ်ခဲ့သော စစ်တမ်းက ဇွန် ၁၀ ရက်တွင် ဖော်ပြသည်။
ယခုစစ်တမ်းရလဒ်က ဥရောပနိုင်ငံများတွင် ပြုလုပ်ခဲ့သော စစ်တမ်းရလဒ်များနှင့် ဆန့်ကျင် နေပြီး ဂျာမနီ၊ အီတလီနှင့် ပြင်သစ်တို့ရှိ ပြည်သူများကမူ ရုရှအပေါ် စစ်ပြုခြင်းကို မထောက်ခံကြပေ။
ဂျာမနီတွင် စစ်တမ်းဖြေဆိုသူ ၅၈ ရာခိုင်နှုန်းက စစ်အင်အား အသုံးပြုခြင်းကို ဆန့်ကျင်သည် ဟု ပြောကြားသည်။ ပြင်သစ်ရှိ ပြည်သူ ၅၃ ရာခိုင်နှုန်း၊ အီတလီရှိ ပြည်သူ ၅၁ ရာခိုင်နှုန်းကလည်း စစ်ရေးအသုံးပြုမှုကို ဆန့်ကျင်ကြသည်။ သို့သော်လည်း ကနေဒါ၏ ပြည်သူ ၅၃ ရာခိုင်နှုန်းကမူ စစ်ရေးတုံ့ပြန်မှုကို လိုလားသည်။
လိုအပ်ပါက မဟာမိတ်နိုင်ငံတစ်ခုကို စစ်တပ်ဖြင့် ကာကွယ်ပေးရမည်ဆိုသည့် မြောက်အတ္တလန္တိတ်စာချုပ်၏ အပိုဒ်ခွဲ-၅ကို မဟာမိတ်နိုင်ငံ အများအပြားက မထိန်းသိမ်းလိုတော့ဟု စစ်တမ်းက ဖော်ပြခဲ့သည်။ ကြောက်မက်ဖွယ် ယူကရိန်းပဋိပက္ခ၏ လက်သည်မှာ ရုရှဖြစ်သည်ဟု နေတိုးနိုင်ငံများရှိ ပြည်သူများက ရှုမြင်လျက်ရှိကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။
Friday, June 12, 2015
လိုအပ်ပါက ရုရှကို စစ်ပြုရန် အမေရိကန်အများစု ထောက်ခံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment