Friday, June 12, 2015

မလေးရှား ခရီးသည် တင်လေယာဉ် အင်ဂျင်မီးလောင်၍ဟုဆိုကာ အရေးပေါ်ဆင်းသက်

Written by  Mizzima News
(ကူလာလမ်ပူ)။ ။ မလေးရှား လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စင်းသည် အင်ဂျင်မီးလောင်သည်ဟု ဆိုသဖြင့် သြစတြေးလျနိုင်ငံ မဲလ်ဘုန်း လေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း မြို့မီးသတ်တပ်ဖွဲ့ MFB က ပြောသည်။

ယင်းလေယာဉ်မှာ မဲလ်ဘုန်းမှ ကူလာလမ်ပူသို့ ပျံသန်းမည့် လေယာဉ်ဖြစ်ပြီး ခရီးသည်ပေါင်း ၃၀၀ ခန့် လေယာဉ်ပေါ် စီးနင်းလိုက်ပါခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများက ပြောသည်။

နေ့လည် ၃နာရီခန့်က လေယာဉ်က အရေးပေါ်ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ မဆင်းသက်မီ လေယာဉ်တွင် လောင်စာစိမ့်ထွက်မှုဖြစ်ခဲ့သည်ဟု MFB မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

လေဆိပ် တာဝန်ရှိသူများနှင့် အရေးပေါ်အဖွဲ့ကမူ မည်သည့်အတွက်ကြောင့် လေယာဉ်အရေးပေါ် ဆင်းသက်ရခြင်းဆိုသည်ကို ပြောကြားခြင်း မရှိသေးသော်လည်း မဲလ်ဘုန်းလေဆိပ်က တွစ်တာတွင် လေယာဉ်မှာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်ဟု ရေးသားထားသည်။

"မဲလ်ဘုန်းလေဆိပ်မှာ အခြေအနေတွေက အားလုံးပုံမှန်အတိုင်းပဲ ဆက်သွားနေပါတယ်” ဟု ယင်းတွစ်တာတွင် ဖော်ပြထားသည်။

REF : ABC


No comments: