Friday, June 12, 2015

ကိုးကန့်တပ်ဖွဲ့က တစ်ဖက်သတ် စစ်ရပ်စဲသည်ဆိုသော်လည်း အကြွင်းမဲ့လက်နက်ချခြင်း မဟုတ်၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း တပ်နှင့်နီးစပ်သူများ ပြောကြား

Friday, June 12, 2015
မြန်မာ့တပ်မတော်နှင့် လေးလကြာ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေသည့် ကိုးကန့် တပ်ဖွဲ့က တရုတ်နိုင်ငံ၏ တောင်း ဆိုချက်ကြောင့် တစ်ဖက်သတ်ရပ် စဲကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သော်လည်း အကြွင်းမဲ့လက် နက်ချခြင်းမဟုတ်၍ တိုက်ပွဲများ လုံးဝ ရပ်တန့်ရန် မလွယ်ကူ ကြောင်း တပ်မတော်နှင့် နီးစပ်သူ များက ပြောသည်။
‘‘စစ်ရပ်စဲရေး ထုတ်ပြန် တယ်ဆိုတာလည်း တိုက်ပွဲကို သုံးသပ်ကြည့်ရင် သူတို့က စစ်ရှုံးနေ ပြီ။ ပြီးတော့သူတို့အဖွဲ့က ငြိမ်း ချမ်းရေးစာချုပ်လည်း မရှိဘူး။ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါတဲ့ အဖွဲ့လည်း မဟုတ်ဘူး။ တစ်ဖက်သတ် စစ်ရပ်စဲတယ်ပဲ ထင်ပါ တယ်။ အကြွင်းမဲ့လက်နက်ချတာ မဟုတ်ပါဘူး။ လက်နက်စွန့်တာ လည်း မဟုတ်ဘူး။ မိမိ ကိုယ်ကိုယ် ကာကွယ်မယ်ဆိုတဲ့ အချက်ပါနေတော့ တိုက်ပွဲတွေဆက်မဖြစ်ဘူး လို့ ပြောလို့မရဘူး’’ ဟု တပ်မတော် အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောကြားသည်။
တိုက်ပွဲများတွင် အရေးနိမ့်နေချိန်၌ ဇွန်လ ၁၁ တွင် ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့က တရုတ်နိုင်ငံ၏ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် ပြင်းပြသော တောင်းဆိုမှုအရ တစ်ဖက်သတ် စစ်ရပ်စဲသည်ဟု ကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
ကိုးကန့်တိမ်းရှောင်နှင့်တိုက်ပွဲမှာ ၎င်းတို့က နယ်မြေယူလို၍ဖြစ်ပြီး တရုတ်နှင့် မသက်ဆိုင်ဟုတပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိုင်အိနိချိသတင်းဌာနသို့ ဖြေဆိုထားသည်။
‘‘ဒီMNDAA အဖွဲ့တွေရဲ့ စား နပ်ရိက္ခာတွေ၊ နောက်လက်နက် ခဲယမ်းမီးကျောက်တွေ ရရှိမှုပေါ့။ နောက်အုပ်ချုပ်ထောက်ပံ့မှု ဆိုင် ရာတွေ၊ နောက်တစ်ခါ တိုက်ပွဲ တွေမှာ ထိခိုက်ဒဏ်ရာရတဲ့ လူ တွေကို ကုသပေးတဲ့ အခြေအနေ ကို ကြည့်လိုက်ရင် ထင်စရာရှိပေ မယ့် လက်ဆုပ်လက်ကိုင် ကျွန် တော်တို့ ဘာမှပြလို့ရတဲ့ အနေအ ထားမျိုး မရှိပါဘူး။ ဒါကတော့ မြင်ရတဲ့ အခြေအနေ၊ နောက်တ ရုတ် အစိုးရအနေနဲ့လည်း ကူညီ ပေးတဲ့ အနေအထားမျိုးမရှိပါဘူး။ ဒါပေမယ့် အောက်ခြေမှာတော့ တူညီတဲ့လူမျိုးစုတွေဆီက ထိုက် သင့်တဲ့ အထောက်အပံ့အကူအ ညီတွေကတော့ သူတို့ရကောင်း ရနိုင်တာပေါ့။ အစိုးရနဲ့လည်း မ ဆိုင်လောက်ဘူးလို့ ကျွန်တော်တို့ ထင်တယ်’’ ဟု တပ်ချုပ်က ဆိုသည်။ ဖေဖော်ဝါရီ ၉ ရက်တွင် စတင် ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲများ၌ တပ်မတော်ဘက်မှ အရာရှိ အပါအ၀င် စစ်သည်တစ်ရာကျော် ကျဆုံးခဲ့ပြီး ကိုးကန့် တပ်ဖွဲ့ဘက်မှလည်း တစ်ရာကျော် သေဆုံးခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ဧပြီလကုန်က ကိုးကန့်တပ်ဖွဲ့ ခြေကုပ်ယူထားသည့် ပွိုင့်(၂၀၂၂) တောင်ကုန်း အပါအ၀င် အရေးပါသည့် တောင်ကုန်းများကို တပ်မတော်က သိမ်းပိုက်နိုင်ပြီဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်နေရာများတွင် ကျန်ရှိနေသေးသည့် ကိုးကန့်ဒေသတွင်းရှိ လက်နက်ကိုင်များကို အမြစ်ပြတ်ချေမှုန်းမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

7Day Daily


No comments: