Friday, June 12, 2015

အိုင်အက်စ် ချေမှုန်းရေးအတွက် အမေရိကန်က တစ်နေ့ကို ဒေါ်လာ ကိုးသန်းကျော် အကုန်အကျခံနေ

Written by  Mizzima News

(နယူးယောက်)။ ။ အိုင်အက်စ်တို့ကို တိုက်ခိုက်ချေမှုန်းနေရာတွင် အမေရိကန်နိုင်ငံသည် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ကိုးသန်းကျော် (ပေါင် ၅ ဒသမ ၇ သန်း) ကို ကုန်ကျခံ သုံးစွဲနေရသည်။

အိုင်အက်စ်တို့အပေါ်ထိုးစစ်များ စတင်ဆင်နွှဲချိန်မှစကာ လေကြောင်းထိုးစစ်များတွင် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ကုန်ကျထားပြီ ဖြစ်သည်။

အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာညွန့်ပေါင်းအဖွဲ့က ပြီးခဲ့သည့်နှစ် သြဂုတ်လမှစကာ အီရတ်နှင့် ဆီးရီးယားတွင် လေကြောင်း ထိုးစစ်များကို ဆင်နွှဲနေခြင်း ဖြစ်သည်။

အမေရိကန် ကွန်ဂရက်ကလည်း နောက်ထပ်အသုံးစရိတ်များကို တားမြစ်သည့် ဥပဒေကြမ်းအားလည်း ပယ်ချခဲ့သည်။

အမေရိကန် အောက်လွှတ်တော်က ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၅၇၉ ဘီလီယံကို အတည်ပြုပေးခဲ့သည်။

အီရတ်တွင် ပြီးခဲ့သည့် သြဂုတ်လမှစကာ အမေရိကန်၏ စစ်ဆင်ရေး အသုံးစရိတ်များသည် သိသိသာသာမြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က အီရတ်သို့ စစ်ရေးအကြံပေး ၄၅၀ နောက်ထပ်စေလွှတ်ရန် အိမ်ဖြူတော်က ကြေညာသွားရာ အီရတ်တွင် အမေရိကန်စစ်မှုထမ်းပေါင်း ၃၅၀၀ ရှိလာပြီဖြစ်သည်။

တာဝန်ရှိသူများကမူ အီရတ်တွင် အမေရိကန် တပ်ဖွဲ့ဝင်များ တိုက်ခိုက်နေခြင်း မဟုတ်ဘဲ ဒေသခံတပ်ဖွဲ့များကို လေ့ကျင့် သင်ကြားပေးခြင်းသာဖြစ်ကြောင်း ပြောသည်။

REF : BBC


No comments: