ရန်ကုန်ကမထွက်တဲ့ နိုင်ငံရေးသမား ရန်ကုန်နိုင်ငံရေးသမားတွေ သောက်ကြွားပိုလွန်းတာကြောင့်ခံရတာ ။ဖဆပလ အစိုးရ ခေတ်မှာ သတင်းစာတို့ ဘာတို့ဆိုတာ သောက်ပိုတွေ သောက်ကြွားပိုနေတာ ။ အခုတောင် ဂျာနယ်တွေ ဒိလောက်မှိုလိုပေါက်နေပေမဲ့ ဘိုကလေးလောက်ကို မပြန့်ဘူး ။ဖဆပလ ခေတ်က သောက်ကြွားပိုပြီးရေးလိုက် - ရောင်စုံသူပုန် က ဆူ ဒါတောင် ဦးနေ၀င်း နဲ့ကျတော့ ဘာလို့ ရှုံးကြလည်း အခြေခံမှမသိဘဲ ဖင် ထထ ယားတာကို နည်းတောင် နည်းသေးတယ် ။ ကိုယ်သောက်ကြွားပိုထားတဲ့ လေ က ကိုယ့်ပေါ်ပဲပိပြီး စဉ်းစားတာတွေ လွဲကုန်ရော ။အခု ပြောပြော နေတဲ့ သန်း ၆၀ / သန်း ၆၀ ဆိုတာမျိုးပေါ့ဗျာ ။ဦးနေ၀င်း အာဏာသိမ်းတော့ ဘိုကလေးမှာ လက်နက်ကိုင် ၄ ဖွဲ့ရှိတယ်
(၁) ဗကပ
(၂) အလံနီ
(၃) ရဲဘော်ဖြူ
(၄) ကော်သူးလေ
စစ်တပ်ပါပေါင်း ရင် ၅ ဖွဲ့ပေါ့ဗျာ
တောသားတွေကို အကုန်လုံးနှိပ်စက်တာပေါ့ ။ကျနော့်ဘကြီး ဦးအောင်ထွန်းအကြောင်းပြောပြမယ် ။နိုင်ငံရေးစိတ်မ၀င်စားဘူး - လယ်သမား ကြက်ဘဲဝက် အကုန်မွေးတယ် တကယ့်လယ်သမား သူပုန်တွေကလည်း သံသယကြီးတယ် အိမ်ကိုလာစားတယ် - ကြက်ဘဲရိုက်ချက်စားတယ် - ပြီးတော့ အစိုးရဒေါက်တိုင်လားတဲ့ - စစ်တပ်ကလည်း သံသယကြီးတယ် - အိမ်ကိုလာစားတယ် - ကြက်ဘဲရိုက်ချက်တယ် - သူပုန်ကျောရိုးလားတဲ့ ဘကြီး က ပြည်သူဗျ နှစ်ဘက်လုံးက လက်နက်တွေနဲ့ဆိုတော့ လာသမျှကြောက်နေရတယ် အကုန်ကျွေးရတာပေါ့ ဘယ်တတ်နိုင်မလည်း တနေ့ကျတော့ စစ်တပ်ကဖမ်းတယ် သူပုန်ဗိုလ် တစ်ယောက်နဲ့ တူလို့ မှားးဖမ်းတာ ရေလယ်ကောင် ယူဘုတ်ပေါ် မှာ လက်ပြန်ကြိုးတုတ်ပြီးစစ်တယ် ဘကြီးလည်း လှိမ့်ပိန့်နေပြီး သုံးရက်မြောက်မှာ နောက်ဆုံး ဘကြီးက တစ်ခွန်းထဲပြောတယ် -
ဘကြီးကဘာမှ မသိဘူးချည်းလုပ်တယ် ။ဗိုလ်ကြီးရာ ကျနော့်ကို သတ်ချင် သတ်လိုက်ပါတော့ ဒါပေမဲ့ ကျနော် သေပြီးမှ သူပုန်ဗိုလ် ကျန်နေ သေးရင် ပြည်သူတစ်ယောက် ဆုံးတာတော့အဖတ်တင်မယ် လို့ သိပ်မကြာဘူးဗျို့လွှတ်လိုက်တယ် ။

အဲ နောက် ထပ် သုံးရက်လောက် ကြာတော့ ဘကြီးမုန့်ဟင်းခါးစားနေတုံး ခြောက်လုံးပြူးနဲ့ ပစ်တာခံရတယ် မထိဘူး လှည့်ကြည့်တော့ ထွက်ပြေးတာတွေ့တယ် --လားလား ဘကြီးအိမ်ခနခန လာစားတဲ့ သူပုန်ဗိုလ်ဗျို့ ဘကြီး တော်တော် တင်းသွားတယ် မလုံမခြုံလည်း ခံစားလိုက်ရတယ် ။သူ့ကိုဖမ်းတဲ့ စစ်တပ်ကိုပြန်သွားတယ် ။ ကျနော့် ကိုသေနတ်ထုတ်ပေး ကျနော်ကအရှေ့ကတိုက်မယ် ခင်ဗျားတို့လိုက်ရဲလားတဲ့ - စစ်တပ်ကလည်း ထုတ်ပေးတယ် - ချချင်နေတာကြာပြီကိုးးးးးးးးးးးးးးးမိန်းမလှကျွန်းထဲက ချောင်းပေါက်တွေအကုန်ကျွမ်းတဲ့ဘကြီး ပါမှတော့ သူပုန်မျိုးပြုတ်တာပေါ့ဗျာ ။မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီထောင်တော့ ဘိုကလေးက လယ်သမားတွေ အကုန် ဆိုရှယ်လစ်တွေဖြစ်ကုန်တယ် ။
ဘာနိုင်ငံရေးမှသိလို့မဟုတ်ဘူး ။ သူပုန်ကို အနိုင်တိုက်လို့ သဘောကျပြီး ၀င်တာ တစ်ဧကကို ၁၂ တင်း ချန် ကျန်တာ နိုင်ငံတော်ကို ရောင်းဆိုလည်း ရောင်းပေးတယ်( သုံးပုံတစ်ပုံဈေးနဲ့ ) ကြည်ဖြူတယ် အေးအေးဆေးဆေး စပါးစိုက် ငါးဖမ်း ကြက်ဘဲမွေးစားလို့ရလို့ပါ ။
ရန်ကုန်နိုင်ငံ ရေးသမားတွေ ကြက် လေး ဘဲလေး မွေးကြည့်တဲ့အခါ သိလိမ့်မယ် ။
သူတို့ - - သူတို့ - - သူတို့တွေ အများကြီးကားတော့မယ် - -
သူတို့ - - သူတို့ - - သူတို့တွေ အများကြီးကားတော့မယ် - -
- ကြက်လေး -------------- ဘဲလေး ------------- မွေးကြည့်တဲ့အခါ သိလိမ့်မယ်
ဖြစ်ရပ်မှန်တင်ပြသူ
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ

No comments:
Post a Comment