
Jun 21, 2014
အမေရိကန်နိုင်ငံသည် အဆင့်မြင့်နှင့်အဆင့်နိမ့် ပေါင်းစပ်ထားသော တပ်များဖြင့်ပြည့်စုံလုံလောက်သည့် တပ်တစ်ခု တည်ထောင်ရန် နည်းလမ်းအသစ် တစ်ခု စဉ်းစားရွေးချယ်ခဲ့သည်။ ဗြိတိန်တော်ဝင်ရေတပ်သည် သင့်တင့် ကောင်းမွန်သော ပုံစံအဖြစ် ကမ္ဘာအနှံ့သွားရောက်နိုင်သည့် Type 26 တိုက်ရေယာဉ် အား ရွေးချယ်ခဲ့သည်။ ၄င်းရေယာဉ်များသည် ကမ်းခြေစောင့် တိုက်ရေယာဉ်များနှင့် ပြောင်းပြန်ကွဲပြားခြား နားပြီး စွမ်းဆောင်မှုပြည့်ဝသည့် အပြင် အနာဂတ်ခြိမ်းခြောက်မှုများအတွက် များစွာ အထောက်အ ကူပြုနိုင်သည်။
၎င်းတွင် ၁၂၇ မီလီမီတာ အမြောက်၊ SEA CEPTOR လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံများ၊ ရေယာဉ်ကာကွယ်ရေးဒုံးပျံများ၊ အနီးကပ် လက်နက်စနစ် များတပ်ဆင်မည်ဖြစ်သည်။ သမား ရိုးကျပုံစံများနှင့်ကွဲပြားမှုမှာ ကြီးမားသည့် ရဟတ်ယာဉ်ဆင်းနိုင်သော ကုန်းပတ်နှင့် ရည်မှန်းချက်ပေါ် မူတည်၍ အထူးတပ်ဖွဲ့များ ထောက်ပံ့ပို့ဆောင်ရေး၊ ရေကြောင်းပိတ်ဆို့တားဆီးရေးနှင့် တန်ပြန်မိုင်း စစ်ဆင်ရေးစသော စစ်ဆင်ရေးများအလိုက် ပြောင်းလွယ်ပြင် လွယ်ပြု လုပ် နိုင်သော နေရာ များရှိခြင်း ပင်ဖြစ်သည်။
စီမံကိန်းအရ ပထမအဆင့်ကို ၂ဝ၁၂ ခုနှစ်၊ မေလတွင် အောင်မြင်ခဲ့ပြီး အရေးကြီးသော ဒုတိယအဆင့် တည်ဆောက်ခြင်းအဆင့်အား ၂ဝ၁၄ ခုနှစ် အကုန်တွင်ပြီးစီးရန် ရည်မှန်းထားသည်။ ရည်မှန်းချက် မျိုးစုံအတွက် ဖရီးဂိတ် စစ်ရေယာဉ်(၅)စီး၊ မူလပုံစံအဟောင်း VDS ပစ္စည်းများတပ်ဆင်၍ Type 23 ဖရီးဂိတ် စစ်ရေယာဉ်များနှင့် ပုံစံဆင်တူသည့် အစောင့်လိုက် ဖရီးဂိတ်စစ်ရေယာဉ် (၈)စီး တည်ဆောက်ရန် ရည်ရွယ်ထားသည်။ အစောင့်လိုက် ဖရီးဂိတ်(၈)စီးတွင် Type 2087 ကြိမ်နှုန်းနိမ့်ဆိုနာနှင့် MERLIN HM1 ရဟတ်ယာဉ် တို့ဖြင့် ဖြည့်စွက်ထားသည်။
T26 GCS အားပြောင်းလွယ်ပြင်လွယ်ရှိစေရန် အဓိကမွမ်းမံမှုသည် ရည်မှန်းချက် အတွက် ပြောင်း လွယ် ပြင်လွယ်ရှိသော နေရာပမာဏ၊ ရဟတ်ယာဉ် သိုလှောင်ရုံရှေ့ရှိ ကြီးမားသော ရေယာဉ် အလယ်ပိုင်းထုထည် ပမာဏများဖြင့် ဆွဲဆောင်မှုရှိအောင် မွမ်းမံပြင်ဆင်ခြင်းပင်ဖြစ်သည်။ ၄င်းတွင် အဆင့်မြင့် ISO ကွန်တိန်နာများ၊ လှေငယ်များ၊ မောင်းသူမဲ့ယာဉ်များနှင့် ထောက်ပံ့ရေးလုပ်ငန်းများ လက်ခံဆောင်ရွက်နိုင်မည်ဖြစ်သည်။
အစိတ်အပိုင်းများသည် ရေယာဉ်နှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ပြီး လျှပ်စစ်၊ သတင်းအချက် အလက်များ၊ ရေနှင့်လေ စသည်တို့ အပြန်အလှန်ဖလှယ်အသုံးပြုနိုင်သည်။ အဓိကရည်မှန်းချက်မှာ အမှန်တကယ်တပ်ဆင်ပြီး တိုက်ခိုက်နိုင်ရန်ဖြစ်သည်။ ရည်မှန်းချက် ပြောင်းလွယ် ပြင်လွယ်ရှိမှု အတွက် နေရာယူမှုကြောင့် ပဲ့ပိုင်းရှိ လှေငယ် အတက်အဆင်း လမ်းဆုံးရှုံးစေသော်လည်း အ သုံးပြုနိုင်သောနေရာပမဏ ပိုမိုကြီးမားလာစေသည်။ အခြားအချက် တစ်ခုမှာ ပြောင်းလွယ်ပြင် လွယ်သောကြောင့် ရေယာဉ်နှင့် မောင်းသူမဲ့ယာဉ်များသည် သိုလှောင်ရုံအတွင်းသို့ တိုက်ရိုက် ၀င်နိုင် ခြင်းပင်ဖြစ်သည်။AW 101 MERKLIN သို့မဟုတ် AW 159 WILDCAT ကဲ့သို့ အကြီးစား ရဟတ်ယာဉ်များကိုပင် ရဟတ်ယာဉ်ကုန်းပတ်၌ အသုံးပြုနိုင်မည်ဖြစ်သည်။
အီတလီရေတပ်တွင် FREMM ဖရီးဂိတ်(၁ဝ)စီးအား တပ်တော်ဝင်ရန် စီစဉ်ထားသော်လည်း(၆)စီးအား တရားဝင် ခွင့်ပြုချက်ရရန်ပင် အလှမ်းကွာဝေး နေသည်။ Minerva အတန်းအ စားကော်ဗတ်ရေယာဉ် (၈)စီးနှင့် Cassiopea အတန်းအစားကမ်းလွန်ကင်းလှည့်ရေယာဉ်(၄)စီးအား အစားထိုးရန်လည်း စီစဉ်ထားသည်။ ၄င်း၏ စိတ်ကူးဖြင့်ရွေးချယ်မှုမှာ အရေးပါသော အစိတ်အပိုင်းများ၊ စွမ်းဆောင်နိုင်မှု များဖြည့်ဆည်း ထားသော မြန်နှုန်းမြင့် အပေါ့စား လက်နက်များ တပ်ဆင်ထားသည့် အကြီးစား ဖရီးဂိတ်ရေယာဉ်ပင်ဖြစ်သည်။
Fincantieri ကုမ္ပဏီနှင့် အီတလီရေတပ်တို့သည် ၄င်းစီမံကိန်းအားအတူတကွ ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။ တူညီသောရေယာဉ် ကိုယ်ထည်နှင့် စက်ပိုင်း ဆိုင်ရာများ အသုံးပြုထား သည့် အခြေခံပုံစံတူ ဒီဇိုင်းနှစ်မျိုးရှိပြီး တစ်မျိုးမှာ ၁၃ဝ မီတာ ရှိသည့် တန် ၅ဝဝဝ အပေါ့စား ဖရီးဂိတ်ရေယာဉ်ဖြစ်ပြီး ကျန်တစ်မျိုး မှာ တစ်နာရီလျှင်ရေမိုင် ၃၃ မိုင်မှ ၃၅ မိုင်အထိ ခုတ်မောင်းနိုင်သည့် ဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်နိုင်သော အမြန်သွား ကမ်းလွန်ကင်း လှည့် ရေယာဉ်ဖြစ်သည်။
ကမ်းလွန် ကင်းလှည့်ရေယာဉ်၏ ပြောင်းလွယ်ပြင် လွယ် နိုင်သော နေရာပမာဏတွင် TEU ကွန်တိန်နာများ ၁၅ ခုအထိသယ်ဆောင်နိုင်ပြီး အလုပ်ရုံတစ်ခုအား ရဟတ်ယာဉ်ကွင်း၏ အောက်တွင် ထားရှိမည်ဖြစ်ပြီး ဖရီးဂိတ်ရေယာဉ်၏ အရွယ်အစားသည် ပုံစံကွဲဖြစ်ပြီး VULCANO ပဲ့ထိန်း အမျိုးအစား ၁၂၇ မီလီမီတာ အမြောက်တစ်လက် STRALES ပဲ့ထိန်းကျည် တပ်ဆင်ထားသော ၇၆ မီလီမီတာ အမြောက်တစ်လက်၊၂၅ မီလီမီတာ အမြောက် နှစ်လက်၊ အကန့်(၃၂)ကန့်ပါသော ASTER 15 အမျိုးအစား ရေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ၊ NFH 90 ရဟတ်ယာဉ်နှစ်စီး သို့မဟုတ် AW 101 MERLIN ရဟတ်ယာဉ် နှင့် ၁၁ မီတာ ရှည်သော RHIB လှေငယ်နှစ်စီး တင်ဆောင်သွားမည်ဖြစ်သည်။
ဖြည့်စွက်ချက်အနေဖြင့်ပုံစံကွဲဖရီးဂိတ်ရေယာဉ်တွင် ဆိုနာများအား ရေငုပ်သင်္ဘောတိုက်ဖျက်ရေး တိုပီဒိုများ၊ မိုင်းရှာဖွေရေးအတွက် မောင်းသူမဲ့ရေယာဉ်များ၊ မောင်းသူမဲ့ရေအောက်ယာဉ်များဖြင့် တူညီသော လုပ်ငန်းများအတွက် လိုက်ဖက်စေရန်အစိတ်အပိုင်းများ ဖြည့်စွက်သွား မည်ဖြစ်သည်။ အင်အားအနေဖြင့် (၉ဝ)ဦးသာ သတ်မှတ်ထားသော်လည်း အခန်းများအား လူ(၂၃ဝ)အထိလက်ခံနိုင်ရန် ထားရှိသွားမည်ဖြစ်သည်။ ပဲ့စင်အား(၃၆ဝ)ဒီဂရီ မြင်နိုင်အောင် ပြုလုပ်ထားပြီး ရွက်တိုင်နှင့် ပေါင်းစပ် တည်ဆောက်မည်ဖြစ်သည်။ အတိအကျ သတ်မှတ်ဆောင်ရွက်နေခြင်း မဟုတ်သည့်အတွက် တည်ဆောက်မှု အတွင်းပြောင်းလဲမှုများလည်း ဖြစ်ပေါ် နိုင်သည်။
ဂျာမန်ရေတပ်သည် MKS 180 ဘက်စုံသုံးစစ်ရေယာဉ် တည်ဆောက်မှု အား အစီအစဉ်ချမှတ်ခဲ့သည်။ ၄င်းအားအစပိုင်းတွင် K-130 Braunschweig အတန်းအစား ကော်ဗတ်ရေယာဉ်ထက် ပိုမိုကြီးမား၍ စွမ်းဆောင်မှုမြင့်မား သောကြောင့် K-131 ဟုခေါ်တွင်ခဲ့သည်။ လက်တွေ့တွင် MKS 180 သည် အသေးစားနှင့် အလတ်စားစစ်ဆင်ရေးများ၊ မိုင်းတန်ပြန်စစ်ဆင်ရေးနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လုပ်ငန်းများတွင် အထောက်အပံ့ပေးနိုင်မှုများသာ လုပ်ဆောင်နိုင်ခဲ့သည်။ လေယာဉ်အမှုထမ်းများ၊ (၁၃)တန်ရှိသော ရဟတ်ယာဉ် နှင့်မောင်းသူမဲ့လေယာဉ်စနစ်နှစ်ခုပါဝင်သည်။
MKS 180 တွင်လည်း K 130 တွင်တပ်ဆင်ထားသည့်အတိုင်း ၇၆ မီလီမီတာ အမြောက်တစ်လက်၊ RAM ပစ်စင်နှစ်ခု၊ MLG 27 အမြောက် နှစ်လက်နှင့် MASS Decoy ပစ်စင်လေးခု တပ်ဆင်သွားမည်ဖြစ်သည်။ ရေပြင်မှ ရေပြင်ပစ်ဒုံးပျံစနစ်များလည်း ပါဝင်မည်ဟုမျှော်လင့်ရသည်။ ၁ဝ.၅ မီတာ RHIB လှေနှစ်စီးလည်းပါဝင်မည် ဖြစ်သည်။ (Baden-Württemberg) အတန်းအစား F-125 ဖရီးဂိတ်ရေယာဉ်နှင့် ပုံစံတူမည်ဖြစ်သည်။
အပိုင်းလိုက်ခွဲဝေတပ်ဆင်ရာတွင် ရေပေါ်တန်ပြန် စစ်ဆင်ရေးအပိုင်း အတွက် ကြိမ်နှုန်းနိမ့်ဆိုနာပါဝင်ပြီး တန်ပြန်မိုင်းစစ်ဆင်ရေးအပိုင်းတွင် လက်ရှိ အသုံးပြုနေသော RHIB အစားမောင်းသူမဲ့ရေယာဉ်ဖြင့် အစားထိုး အသုံးပြုကာ ပူးပေါင်းစစ်ဆင်ရေးအတွက် အထောက်အကူပြုမည့် ကွပ်ကဲမှုအပိုင်း ပါဝင်မည် ဖြစ်သည်။ ၄င်းအပိုင်းများသေချာပေါက်ရှာဖွေပြုလုပ်သွားမည်ဟုမဆိုသော်လည်း ATLAS မိုင်းတန်ပြန်စစ်ဆင်ရေး အပိုင်းမျိုး ကဲ့သို့ စီမံချက်များပြုလုပ်ဆောင်ရွက် ပြီးဖြစ်သည်။ ဒီဇိုင်းပုံစံအသေးစိတ်အား ၂ဝ၁၅ ခုနှစ်တွင် ပြုလုပ်ရေးဆွဲမည် ဖြစ်ပြီးတည်ဆောက်မှုအား ၂ဝ၁၆ ခုနှစ်တွင် စတင်လုပ်ဆောင်မည်ဖြစ်သည်။ ပထမဆုံး ရေယာဉ်(၆)စီးအား ၂ဝ၂ဝ ခုနှစ်တွင် တပ်တော်ဝင်မည်ဖြစ်သည်။
စပိန်ရေတပ်သည် လက်ရှိအချိန်တွင် F-110 အတန်းအစား ရေယာဉ်များ အား အမေရိကန်ရေတပ်၏ Oliver Hazard Perry အတန်းအစားကို မွမ်းမံပြင်ဆင်ထားသည့် Santa Maria အတန်းအစား ဖရီးဂိတ် ရေယာဉ်များနှင့် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အတွင်း အစားထိုးရန် ဖြစ်နိုင်ခြေရှိမရှိ တွက်ချက်လျက် ရှိသည်။ ၄င်းစီမံကိန်းသည် METERO အတန်းအစား ကင်းလှည့်ရေယာဉ်များနှင့် Alvarode အတန်းအစား Bezan F-100 လေကြောင်းရန်ကာကွယ်ရေး ဖရီးဂိတ် စစ်ရေယာဉ်များကြား အလယ်အလတ်တန်းစား ဘက်စုံသုံးရေယာဉ် ရရှိရန်ဟု တရားဝင်သတ်မှတ်ခဲ့သည်။ ၄င်းစီမံကိန်း တွင် ဝေဟင်၊ ရေပြင်၊ ရေအောက် မောင်းသူမဲ့ ရေယာဉ်မျိုးစုံပါဝင်သည်။ ကိုယ်ထည်ပိုင်းတွင်လည်း ဘက်စုံ ရည်မှန်းချက်တာဝန်များအတွက် ပဲ့ပိုင်းနေရာ၊ RHIB လှေအခန်း၊ ဆိုနာ၊ ကွန်တိန်နာအပိုင်း များနှင့် မောင်းသူမဲ့ယာဉ်များပါဝင်သည်။
မတူညီသောနည်းလမ်းများ နှစ်ခုအားချင့်ချိန်တွက်ဆလျက်ရှိသည်။ ပထမတစ်ခုမှာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးနှင့် ရည်မှန်းချက်အမျိုးမျိုး ထမ်းဆောင်နိုင်ရန် အာရုံစိုက်ရေးဆွဲထားပြီး ဒုတိယတစ်ခုမှာ ပိုမို၍ကောင်းမွန် ကြီးမားသည့် ရည်မှန်းချက်အပိုင်းများ ခွဲခြားအသုံးပြုထားသော ရေယာဉ်ပုံစံမျိုးဖြစ်သည်။ NAVANTIA ကုမ္ပဏီသည် ၄င်းနည်းလမ်းနှစ်မျိုးလုံးအား လုပ်ဆောင် လျက်ရှိပြီး လက်ရှိအနေဖြင့်အလေးချိန် တန် ၅ဝဝဝ ဟုဖော်ပြထားသည်။
အရေးကြီးသည့် တည်ဆောက်မှုနှစ်ခုမှာ ပေါင်းစပ်ထားသည့်ရွက်တိုင်နှင့် ရေဒါပင် ဖြစ်သည်။ မကြာသေးခင်က အောင်မြင်ခဲ့သော SPY-1F စနစ်အား အားကိုးကာ ဆောင်ရွက်မည်ဖြစ်သော်လည်း အချိန်နှင့်ငွေကြေးကုန်ကျမှု ကန့်သတ်ချက်များကြောင့် စီမံကိန်းဖျက်သိမ်းခြင်း ဖြစ်ပေါ်နိုင်သည်။ အသေးစိတ် ဒီဇိုင်းပုံစံအား ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်အတွင်း ရေးဆွဲမည်ဖြစ်ပြီး ပထမဆုံး အစီးကို ၂ဝ၂ဝ ခုနှစ်တွင်ရရှိနိုင်ရန် စီစဉ်မျှော်မှန်းထားသည်။
ကာကွယ်ရေးအသုံးစရိတ်လျော့ချရခြင်းအကြောင်းအရင်း
ဖရီးဂိတ်ရေယာဉ်အရွယ်အစား စစ်ရေယာဉ်များနှင့် အခြားသေးငယ်၍ တန်ဖိုးကြီးသော ဘက်စုံသုံး ရေ ယာဉ်များ ထုတ်လုပ်ရန် နည်းလမ်းများအား ထိရောက်စွာသုတေသနပြု ဆောင်ရွက်နေသဖြင့် ရေယာဉ် တည်ဆောက်ရေး အစီအစဉ်များ မကြာမီထွက်ပေါ်လာမည်ဖြစ်သည်။ ဘရူနိုင်းတော်ဝင်ရေတပ်နှင့် ချီလီရေတပ်တို့သည် Fr.Lurssen Werft ကုမ္ပဏီထံမှ PV 80 နှင့် Fr.Fassmer ကုမ္ပဏီထံမှ OPV 80 ပုံစံများကို မတူညီသော ရည်မှန်းချက်များအတွက် ဘက်စုံသုံးရေယာဉ်များအဖြစ် အသုံးပြုရန်ရွေး ချယ်ခဲ့သည်။ ၄င်းပုံစံ နှစ်မျိုးတွင် ရည်မှန်းချက်နှင့်သက်ဆိုင်သော ပစ္စည်းကိရိယာများအပြင် အလတ်စား ရဟတ်ယာဉ်နှင့် အထူး တပ်ဖွဲ့ဝင်များအတွက် လှေငယ်များပဲ့ပိုင်းတွင် ပါဝင် တပ်ဆင်မည်ဖြစ်သည်။

Fr. Lürssen Werft ကုမ္ပဏီမှ တည်ဆောက်သည့် PV 80 ဒီဇိုင်းပုံစံ ကမ်းလွန်ကင်းလှည့်ရေယာဉ်တစ်စီးအား တွေ့ မြင်ရပုံ
မဆုံးနိုင်သော လေ့လာချက်များအပြီးတွင် ဗြိတိန်တော်ဝင်ရေတပ်သည် တန်ပြန်မိုင်းစစ်ဆင်ရေး၊ တိုင်းတာရေးနှင့် ကင်းလှည့်တာဝန်များ ပါဝင်သော စီမံကိန်းအကြီးစားတစ်ခုထုတ်ဖော်ခဲ့သည်။ ၄င်းမှာ အနာဂတ်ရေပြင်စစ်ဆင်ရေး တတိယမြောက်ဖြည့်စွက်ချက်ပင်ဖြစ်သည်။ ၄င်းစီမံကိန်းတွင် တန်ပြန်မိုင်း စစ်ဆင်ရေး ရေယာဉ်များ၊ တိုင်းတာရေးရေယာဉ်များနှင့် ငါးဖမ်းလှေကာကွယ်ရေး ရေယာဉ်များ အစားထိုးမည်ဖြစ်သည်။ ပထမဆုံးအုပ်စုအား ရေယာဉ်(၈)စီးဖြင့် သတ်မှတ်ပြီး ၂ဝ၁၇ခုနှစ် သို့မဟုတ် ၂ဝ၁၈ခုနှစ်တွင် မှာယူမည်ဖြစ်သည်။ ၄င်းရေယာဉ်များသည် AW 101 MERLIN ရဟတ်ယာဉ် အဆင်း/အတက် ပြုလုပ်နိုင်ပြီး ၁၁ မီတာရှိသော RHIB လှေများ၊ TEU ကွန်တိန်နာများ ပါဝင်သည့် တန် ၂ဝဝဝ မှ ၃ဝဝဝ ရှိသည့် ရေယာဉ်ကြီးများဖြစ်သည်။
MNPC စီမံကိန်းနှင့်သြစတြေးလျနိုင်ငံ SEA 1180 ကမ်းလွန် တိုက်ခိုက်ရေးရေယာဉ်တည်ဆောက်ရေး စီမံကိန်းနှစ်ခု ပူးပေါင်းဆောင်ရွက် ပေးမည့် အလားအလာရှိသည်။ ၄င်းပူးပေါင်းဆောင်ရွက်မှုမှာ လက်ရှိတာဝန် ထမ်းဆောင်နေသော ကင်းလှည့်ရေယာဉ်၊ တိုင်းတာရေးရေယာဉ်နှင့် တန်ပြန် မိုင်းစစ်ဆင်ရေးရေယာဉ်များကို ဘက်စုံကမ်းလွန် ကင်းလှည့်ရေယာဉ်များနှင့် အစားထိုးရန်ဖြစ်သည်။ အလျား မီတာ(၈ဝ)ရှိသော ရေယာဉ်အစီး (၂ဝ) ဖြစ်ပြီး အလေးချိန် တန် (၂ဝဝဝ) ဖြစ်သည်။ ၄င်းကမ်းလွန်တိုက်ခိုက်ရေးရေယာဉ်သည် တန်ပြန်မိုင်း စစ်ဆင်ရေးနှင့် တိုင်းတာရေး လုပ်ငန်းများ အတွက် မောင်းသူမဲ့ ရေအောက်ယာဉ်ကို အဓိကအားထား အသုံးပြု မည်ဖြစ်ပါသည်။ ရွှေ့ပြောင်း သယ်ယူနိုင်သော ကွန်တိန်နာအပိုင်း များဖြစ်မည်ဟုမျှော်မှန်းရသည်။ ၂ဝ၁၆ ခုနှစ် သို့မဟုတ် ၂ဝ၁၇ ခုနှစ်တွင် နောက်ဆုံးဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်ပြီး ပထမဆုံး အစီးအား ၂ဝ၂၄ ခုနှစ်တွင် လက်ခံရရှိမည်ဟု မျှော်မှန်းရသည်။
အချိန်ကန့်သတ်ချက်များနှင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုများကြောင့် "Armidale" အတန်းအစား ကင်းလှည့်ရေယာဉ်အား အစားထိုးလုပ်ဆောင် သွားမည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး တန်ပြန်မိုင်း စစ်ဆင်ရေးနှင့် တိုင်းတာရေး ရေယာဉ်များကိုလည်း သက်တမ်းတိုးမြှင့်ရန် အစီအစဉ်ရေးဆွဲထားခဲ့သည်။
Kockums ကုမ္ပဏီမှလည်း မတူညီသော လိုအပ်ချက်များအား အသင့်တော်ဆုံး ဆောင်ရွက်နိုင်မည့် ဘက်စုံသုံးရေယာဉ်များ တည်ဆောက်ရန် ကမ်းလှမ်းခဲ့သည်။ အမေရိကန်အနေဖြင့် FLEX ကင်းလှည့်ရေယာဉ်အား ထုတ်ဖော်ပြသခဲ့သည်။ ၄င်းသည် TKM MEKO ကမ်းရိုးတန်း တိုက်ခိုက်ရေး ရေယာဉ်များမှ အတွေ့အကြုံများ စုစည်းတည်ဆောက်မှုပုံစံဖြစ်သည်။ ရေဒီယို လှိုင်းထုတ်လွှင့်မှုလျော့ချရန် အထူးသတိပြုတည်ဆောက်ထားသော FLEX ကင်းလှည့်ရေ ယာဉ်သည် ရေဒါဖြင့်ဖမ်းယူရန် အလွန်ခက်ခဲသည့်အတွက် လက်ဦးမှုရယူနိုင်ခြင်းအား ကိုယ်စားပြု ထားသည်။ ၄င်းရေယာဉ်သည် ကင်းလှည့်ခြင်း၊ ရေငုပ်သင်္ဘော တန်ပြန်စစ်ဆင်ရေး၊ တန်ပြန်မိုင်း စစ်ဆင်ရေးနှင့် ရေပေါ်တန်ပြန်စစ်ဆင်ရေးတာဝန်များအတွက် သင့်တော်ကောင်း မွန်ကြောင်း ဖော်ပြနေ သည်။
Source: Naval Forces VI/2013
အပိုင်း၁ ---http://www.oppositeyes.info/2014/06/blog-post_3612.html
No comments:
Post a Comment