21 June 2014
ဟောပြောပွဲတိုင်းဖြန့်ဝေသည်
မြန်မာနိုင်ငံရှိ မွတ်ဆလင် အမျိုးသမီးတိုင်း လူ့အခွင့်အရေး ချိုးဖောက်ခံရ/ကျားမတန်းတူမခံစားရ
အပိုင်း(၁) နိဒါန်း
တကယ်ဆိုရင် မြန်မာနိုင်ငံမှာသာ တစ်ကမ္ဘာလုံးမှာရှိနေတဲ့ မွတ်ဆလင်အမျိုးသမီးတိုင်းဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရ/ ကျားမ တန်းတူမခံစားရ ဘူးဆိုတာ အဖြစ်မှန်ပါပဲ ။ သက်သေပြပါ့မယ် ။ ဒါတွေကို အမျိုးသမီးအခွင့်အရေးသမားတွေက မသိဒါလည်း ဖြစ်နိုင်ပါတယ် ။
ရှရီယာလော ကို နိုင်ငံတိုင်းမှာ ကျင့်သုံးပါတယ် ။ အပြည့်အ၀ မကျင့်သုံးတာမျိုးပဲရှိပြီး အနည်းအများဆိုသလိုကျင့်သုံးပါတယ် ။ အားပျော့တဲ့ ရှရီယာလောတွေကို မွတ်ဆလင်ဓလေ့ထုံးစံ ဆိုတာမျိုးအနေနဲ့ လူတွေက သိကြပါတယ် ။ မှတ်ယူကြပါတယ် ။ ဥပမာ လင်ကွာ မယားကွာ ကိစ္စ လိုမျိုး သားသမီးကို အိမ်ထောင်ချ ပေးတာမျိုးးတွေပါပဲ အဲဒီမှာ ပြစ်ဒဏ် ဆိုတာမျိုး ကြီးကြီးမားမား မပါလေတော့ ရှရီယာလောလို့ လူတွေက မထင်တာပဲဖြစ်ပါတယ် ။ ရှရီယာလောက အချို့ကိစ္စ တွေမှာ အပြစ်မပေးပါဘူး မဖြစ်မနေ လိုက်နာရမယ်လို့ ပဲဟောပါတယ် ။ မလိုက်နာတဲ့အခါ အီမန်ပျက်တယ်လို့ သတ်မှတ်ပါတယ် - (အီမန်=ယုံကြည်မှု) အီမန်ပျက်တော့မှ အီမန်ပျက်တဲ့အပြစ်ဒဏ်ကိုပေးပါတယ် ။
အပိုင်း(၂) အပြစ်မပါတဲ့ လိုက်နာရမှု
မွတ်ဆလင် အမျိုးသမီးငယ် တစ်ယောက်ဟာ သူ့ဘ၀ အပျိုဖော်ဝင်ပြီဆိုကတည်းက ပြဿနာစတာပါပဲ ။
ပညတ်ချက် - ((( အိမ်ထောင်မကျဘူးသေးတဲ့ အပျိုစင်မိန်းကလေးအား အုပ်ထိန်းသူက ကျွန်ုပ်သည် အသင့်ကိုမည်သူမည်ဝါနဲ့ လက်ထပ်ပေးမည်ဟုဆိုလျင် မိန်းကလေးက (က) ဆိတ်ဆိတ်နေ(ခ)ပြုံး(ဂ) ငို အဲဒီအခြေအနေသုံးမျိုးတုံ့ပြန်ရင်ပေးစားရပါတယ် ။ သဘောတူမတူ အတင်းမမေးရပါဘူး အဲသလိုမေးတဲ့လူဟာ အဆိုးကိုကျူးလွန်တဲ့လူလို့တောင် သတ်မှတ်ပါသတဲ့ ။))))
အပျိုဖော်ဝင်စ မိန်းကလေးတစ်ယောက်က အပြင်းအထန်ထောင်ထားခြားနားရဲဖို့ မလွယ်ပါဘူး စောစောက အခြေအနေသုံးမျိုး တစ်မျိုးမျိုးသာ တုံ့ပြန်မယ်ဆိုတာ စိတ်ပညာရှင်မှမဟုတ်ပါဘူး သာမန်လူတောင် သိပါတယ် ။ အဲဒီအခြေအနေနဆို ပေးစားလို့ ဆိုတော့ မဖြစ်မနေယူရမဲ့ ပြဌာန်းချက်ပါပဲ ။ ဒါ့အပြင် နောက်ပြဌာန်းချက်တစ်ခုက လည်း ထပ်မံပံ့ပိုးပါသေးတယ် - အဲဒါကတော့ -
(((မွတ်ဆလင် မဟုတ်တဲ့ ကာဖိရ် တစ်ယောက်ဟာ မွတ်ဆလင်ကလေးတစ်ယောက်ရဲ့ အုပ်ထိမ်းသူမဖြစ်စေရဘူး ဆိုတာပါပဲ ။ ))) ( ကာဖိရ် = မွတ်ဆလင်မဟုတ်သူ ) အဲဒါကြောင့် မွတ်ဆလင် နဲ့ ဘာသာခြား လက် ထပ်တဲ့အခါ မွေးလာတဲ့ ကလေးကို မွတ်ဆလင်က ပိုင်ပါတော့တယ် ။ မွတ်ဆလင် ထုံးစံအတိုင်း ပေးစားတာကိုပါ လုပ်ပါတော့တယ် ။
နောက်ပြဌာန်းချက်တစ်ခုကလည်း - မွတ်ဆလင် နဲ့ ကာဖိရ်နဲ့ လက်ထပ်ရင် တရားမ၀င်ပါဘူး မွတ်ဆလင်ဇနီး တစ်ယောက်ရဲ့ အခွင့်အရေးကိုမခံစားရပါဘူး (( ဒါပေမဲ့ မွတ်ဆလင် ဇနီးသည်ဘ၀ဟာ မက်လောက်စရာတစ်ကွက်မှရှိတာတော့မဟုတ်ပါဘူး ရှေ့တွင်ဆက်ဖတ်ပါ))
အဆိုပါ ပြဌာန်းချက် သုံးမျိုး ရှိနေလေတော့ မွတ်ဆလင် နဲ့ ကာဖိရ် ( ကာဖိရ် = မွတ်ဆလင်မဟုတ်သူ )နဲ့ အိမ်ထောင်ကျတဲ့အခါ
(က) သားသမီးပေါ် အုပ်ချုပ်ခွင့်မပိုင်ခြင်း (ခ) သမီးပျို အနေနဲ့လွတ်လပ်စွာအိမ်ထောင်မပြုနိုင်ခြင်း
ဆိုတဲ့ အကြောင်းအရာတွေ ဆက်တိုက်ဖြစ်လာစေပါတယ် ။ အဲဒါ ဟာ မျိုးစောင့် ဥပဒေ လုပ်ဖို့လိုလာကြောင်း ပထမအချက်ပါပဲ

အပိုင်း(၃)မွတ်ဆလင် - လင်ကွဲ မယားကွဲ
မွတ်ဆလင် လင်ကွဲ မယားကွဲတွေကို ရှရီအတ်က ပြဌာန်းထားပါတယ် ဒါပေမဲ့ နိုင်ငံတိုင်းမှာ မွတ်ဆလင်ဓလေ့အနေနဲ့ပဲလူသိပါတယ် ။ မြန်မာနိုင်ငံမှာလည်း ကျင့်သုံးပါတယ် ။ မွတ်ဆလင်လင်ကွဲမယားကွဲကို အသံထွက်အားဖြင့် ((တွလာက္က် )) လို့ သုံးပါတယ် ။ ((တွလာက္က် ))ဆိုတာဘာလည်းလို့ ထပ်မမေးပါနဲ့ လင်မယားကွာဖို့ အတွက် ယောက်ျားက ရွတ်ဆိုရသော အသံထွက် လို့ မှတ်ပါ ။
((တွလာက္က် )) သုံးမျိုးရှိပါတယ် အဲဒီမှာလည်း အသံထွက်ပါပဲ (၁) ((တွလာက္က် ကုလ်ဗာအိန်)) (၂) ((တွလာက္က် မုဃလ္လဇွဟ်)) (၃) ((တွလာက္က် ရဂ်ျအီ)) လို့ခေါ်ဝေါ်ပါတယ် ။ အဲဒါတွေကတော့ လင်ကွဲမယားကွဲ ဂရိတ်တွေလို့မှတ်ယူပါ ။ အဆင့်အတန်းတွေပေါ့ ဘယ်လို နည်းနဲ့ ကွဲရင်ဘာ - ဘယ်လို ပြန်ပေါင်း စသဖြင့် သတ်မှတ်တာမျိုး ဖြစ်ပါတယ် ။ မွတ်ဆလင်အမျိုးသမီးတစ်ယောက်အနေနဲ့ လင်ယောက်ျားကို ပြန်လည်ကွားရှင်းနိုင်ခွင့်မရှိပါဘူး လင်ယောက်ျားကသာ ကွာရှင်းခွင့်ပေးနိုင်တာဖြစ်ပါတယ် အတိအကျဟောထား ကျင့်သုံးနေတာကတော့ (((တွလာက္က် - Talaq - ပေး ခြင်း၏ အခွင့်အာဏာသည် ယောက်ျား၏ လက်တွင်းတွင်သာရှိသည် ။ ယောကက်ျားက တွလာက္က်ပေးလိုက်လျင် ဇနီးမယားကကျေနပ်သဘောတူလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ တွလာက္က် အထမြောက် အတည်ဖြစ်သည် ။ ဇနီးမယားတွင် ပစ်ပယ်ကန့်ကွက် ငြင်းပိုင်ခွင့်မရှိ ။ မည်သို့သော အခြေအနေ ဖြစ်စေ တွလာက္က် ပေးပိုင်ခွင့်မရှိချေ ))) ဘယ့်လောက် ကျားမတန်းတူမထား ဖိနှိပ်ထားလိုက်လေသနည်း ။ ဇနီးမယားအနေနှင့် အပြန်အလှန် တွလာက္က် လုပ်ခွင့်မရှိယုံမျှမက လက်မခံ ငြင်းဆန်ခွင့်မရှိ သည်မှာ ဆိုးဝါးလွန်းလှသည် ။
ဒီ့အပြင် ဒီအပိုဒ် ကို ထပ်မံ အားဖြည့်ဒုက္ခပေးတာကတော့ အမွေခံစားခွင့်ပါပဲ ။ (((တွလာက္က် ပေးခံရတဲ့အခါ အမွေခံစားခွင့်မရှိဘူး ဆိုတာပါပဲ ))) အိုနာသေမှသာ အမွေရမှာ မျိုးဖြစ်နေပါ တယ် ။ ပစ္စည်း အမွေသာမက ပထမပိုင်းမှာ ပြောခဲ့တဲ့ အပိုဒ်အရ (((ကာဖိရ်သည် မွတ်ဆလင်၏ အုပ်ထိန်းသူမဖြစ်စေရဆိုတာကြောင့်လည်း သားသမီးကိုပါ လက်လွှတ်ရပါဦးမယ် ))
အဲသလို သတ်မှတ်ထားတဲ့အချက် ရှိနေတာမျိုးကို မသိတဲ့ ဘာသာခြား ကာဖိရ်တွေအနေနဲ့ မွတ်ဆလင်အမျိုးသားကို ယူမိရင် အချိန်မရွေး ကွဲကွာခံရ ပြီး အများကြီးနစ်နာ နိုင်ပါတယ် ဒါတွေကို ကာကွယ်ဖို့ မျိုးစောင့် ဥပဒေ လိုလာတာာဖြစ်ပါတယ် ။ မျိုးစောင့် ဥပဒေရဲ့ သဘောဟာ မွတ်ဆလင် ယောက်ျားကို မယူရဘူးဆိုလိုတာမျိုးမဟုတ်ဘဲ နောက်ဆက်တွဲတွေကို ကြိုတင်ရှင်း လင်းချင်တာမျိုးသာဖြစ်ပါတယ် ။

အပိုင်း(၄)တွလာက္က် ပေးရန် လွယ်ကူလွန်းနေခြင်း
((( အသင်မ ထမင်းစားလျင်တွလာက္က် /နမားဇ် ဖတ်လျင် တွလာက္က် ဟူသော ကိစ္စ မျိုးမှအပ ကျန်သော ကိစ္စတိုင်းကို ကြိုတင်ချုပ်နှောင် ထားနိုင်လေသည် ။ ဥပမာအားဖြင့် မိန်းမ မင်း မန္တလေးသွားလျင် တွလာက္က် ဟု ပြောထားပါက သွားလျင် အထမြောက်လေသည် ။ အသင်မ အိမ်ပြင်မထွက်ရ ထွက်လျင် တွလာက္က်ဟု ပြောထားကာမျှဖြင့် တွလာက္က်အထမြောက်လေသည် ။ )) အဲသလို တွလာက္က် မြောက်ပြီး ရင်တော့ အစောက အပိုင်း (၂) က နစ်နာမှုတွေကို အကုန်ခံစားရမှာဖြစ်ပါတယ် ။ အဲဒါကြောင့်လည်း ကမ္ဘာ အနှံ့မွတ်ဆလင်အမျိုးသမီးတွေဟာ မွတ်ဆလင်အအမျိုးသားတွေရဲ့ ခြေဖ၀ါးမှာ ၀ပ်ဆင်းနေကြရတာဖြစ်ပါတယ် ။ ဒီ့အပြင် ဇနီးမယားက ကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ ယောက်ျားက တွလာက္က်ဟု ဆို သည်ဖြင့် အထမြောက်နေခြင်းဖြစ်ပါသည် ။ အိပ်ပျော်နေစဉ် ယောင်ယမ်းပြောမိတာမျိုး တစ်ခုလောက်သာ တွလာာက္က်မမြောက်ပေမဲ့ မူးရူးပြီးပြောရင်လည်းတွလာက္က်မြောက်ပါတယ်။ ((မှတ်ချက် = မိုဟာမဒ်သည် မွတ်ဆလင်များ အရက်ခိုးသောက်လိမ့်မည်ဟု ယုံကြည်သဖြင့် ဤပြဌာန်းချက်ကိုပြဌာန်းခဲ့ခြင်းဖြစ်ပါ သည် )) ((( တစ်စုံ တစ်ဦးသည် အရက်သေစာသောက်စားမူးယစ်၍ မိမိ၏ ဇနီးမယားအား တွလာက္က် ပေးလိုက်ပြီးနောက် သတိရလာသောအခါ မိမိမှားးကြောင်းအပေါ် နောင်တရလျှင်လည်း တွလာက္က်မြောက် အတည်ဖြစ်သွားသည် ။ အလားတူ ဒေါသ အမျက် ထွက်နေသော အချိန်တွင် တွလာက္က်ပေးလျင်လည်း အထမြောက်သည် ))) ဟုပါရှိသဖြင့် ဇနီးမယားးများအနေဖြင့် လူဆိုးမယားအဖြစ် မှိတ်ကျိတ်သည်းခံရပေတော့မည်ဖြစ်လေသည် ။ လူစားနဲ့ ပင် တွလာက္က်ပေးနိုင်တဲ့ပြဌာန်းချက်လည်း ရှိပါသေး တယ်။ ((( အကယ်၍ ခင်ပွန်းဖြစ်သူက တစ်စုံတစ်ဦးအား”ဤသူမကို တွလာက္က်ပေးလိုက်ပါ”ဟူ၍အာဏာလွှဲအပ်လိုက်လျှင် လွှဲအပ်ခြင်း ခံရသူသည်လည်း တွလာက္က်ပေးပိုင်ခွင့် ရှိလေသည် ))) အချို့သော မြန်မာများအနေဖြင့် မွတ်ဆလင်ယောက်ျားများ နှင့် ၄င်းတို့၏ ဇနီးမယားများ တစ်ပူပူတစ်ဆူ ဖြစ်နေခြင်းကိုမမြင်ရ သည်မှာ မလှန်နိုင်နိုင်လောက်အောင် ဖိနှိပ်ထားခြင်းဟု ရှုမြင်ရမည်သာဖြစ်ပါ သည် ။
လွယ်ကူလွန်းသော တွလာက္က် ကြောင့် ဘာသာခြားများရုန်းမထွက်နိုင် ဖိနှိပ် ခံနေရမည် သို့မဟုတ် တွလာက္က် ဖြစ်ပါကလည်း အထက်ဖော်ပြပါ ပစ္စည်း နှင့် သားသမီး အမွေခံစားခွင့် တွေ ဆုံးရှုံးမည် ထို့ကြောင့် မျိုးစောင့် ဥပဒေ လိုလာခြင်းဖြစ်ပါသည် ။
((လူတစ်ဦးတစ်ယောက်က ရိုက်နှက်၍ အတင်းအဓမ္မ တွလာက္က် ပေးခိုင်းလေ၏။ တွလာက်္ကပေးရမည် မပေးကသတ်ပစ်မည် ဟုခြိမ်းခြောက်၏။ ထိုအခါ မစွမ်းသာသဖြင့် တွလာက္က်ပေးရသော် တွလာက္က်မြောက်၏ ))
သို့ဆိုသဖြင့် ဘာသာခြားများ နှင့် ငြားပါက မွတ်ဆလင် မိဘများ ညီကိုများက ဖိအားပေးသော် ကွဲရပြန်လေသည်။ ကွဲ သည် နှင့် နောက်ဆက်တွဲ အမေစားအမွေခံ ကိစ္စများ ဆက်လက် နစ်နာပြန်လေသည် ။ ထို့ကြောင့် မျိုးစောင့်ဥပဒေဖြင့် မွတ်ဆလင် နှင့် လက်ထပ်ထိန်းမြားခြင်းကို ဥပဒေထုတ်ကာ ဘာသာရေးဓလေ့များကို အကုန်အစင် သင်ပြပြီး နားလည်သဘော ပေါက်မှသာ လက်မှတ်ရေးထိုး ပေါင်းသင်းစေရာ၏။ ထို့ကြောင့် မျိုးစောင့် ဥပဒေ လိုပါသည် ။

အပိုင်း(၅)လူသားမဆန် လိင် ကျွန်ဆန်သော ပြန်ပေါင်းထုတ်ခန်း
(((( အကယ်၍ ကာမစက်ယှက်မှုပြုပြီးနောက်၊ မိန်းမကို စွန့်လွှတ်မည်ဟု ကတိဝန်ခံချက် သတ်မှတ်၍ ဒုတိယ ယောက်ျားနှင့် ထိမ်းမြားခဲ့သည်ရှိသော် ထိုကဲ့သို့ ကတိခံဝန်ခြင်းသည် ဘောင်မ၀င်၊ ဒုတိယယောက်ျားတွင် အခွင့်အာဏာအပြည့်ရှိသည် ။ ))))
((( ကတိ ၀န်ခံချက်ဖြင့်ထိမ်းမြားလျင် ကြီးလေးသောအပြစ်ထိုက်ရုံမက (ဟရာမ်)ဖြစ်သည် ။ အကယ်၍ ဒုတိယ ထိမ်းမြားမှုနောက်တွင် ဒုတိယ လင် နှင့် ကာမစက်ယှက်ပြီးနောက် ဒုတိယလင်က စွန့်လွှတ်လိုက စွန့်လွှတ်နိုင်ပြီး မစွန့်လွှတ်လိုက မစွန့်လွှတ်ပဲနေနိုင် သည် ။ )))) ((ဒုတိယ လင် နှင့်ကာမ စက်ယှက်ပြီး စွန့်လွှတ်လျင် သို့မဟုတ် ဒုတိယလင် သေဆုံးသွားလျင် ပထမ လင် နှင့် ပြန်ပေါင်းနိုင်အောင် သန့်ရှင်းသည်)))
အဆိုပါ ပြဌာန်းချက်များကို စိတ်ပိုင်းဆိုင်ရာ ရှုထောင့် မှကြည့်လျှင် မည်သည့်ယောက်ျားမဆို မိမိ မိန်းမအား ပြန်ပေါင်းရန်အကြံဖြင့် အခြားယောက်ျား နှင့် ပေးစားရမည်ဟုဆိုလျှင် အပြန်လမ်းရှိသူကိုသာရွေးချယ်လိမ့်မည် သာမန်အားဖြင့် အပြန်လမ်းရှိနိုင်သူမှာ ဗလီဆရာတို့သာဖြစ်သည် အကြောင်းမှာ ဗလီဆရာအနေဖြင့် အခြား တစ်ခုလပ် မများ နှင့် လည်း ကာမစက်ယှက်ရန် အခွင့်အလမ်းရှိနေသဖြင့် -- ဤ ပြဌာန်းချက်သည် ပုဂံခေတ် အရည်းကြီးများနှင့် ဆင်တူသော ပြဌာန်းချက်ဖြစ်လေသည် ။
အမျိုးသမီးများအနေဖြင့်မူ မိမိ၏ ကာမ ကို ချစ်နှစ်သက်မှုကို အဓိကမထားပဲ ယောက်ျားများ လိုသလို ဆက်ဆံရသည် ပြ ဌာန်းချက် ဖြစ်နေလေသည် ။ လိင်ကျွန် သဖွယ် ဖြစ်နေလေသည် ။ ((အချစ်မပါ ပဲ ဥပဒေ အရ ကာမဆက်ဆံခံရမှုဖြစ်ပါသည် ။ ပြဌာန်းချက်အရ ကာမဆက်ဆံခံရမှုဖြစ်ပါသည် ။ ပညတ်ချက်အရ ကာမဆက်ဆံခံရခြင်းဖြစ်ပါသည် )) အလွန်အမတန် လူ့အခွင့်အရေးချိုးဖောက်မှု ကျားမတန်းတူမရမှုတို့သာဖြစ်လေသည် ။ ဖိနှိပ်မှုသာဖြစ်လေသည် ။
ထို့ကြောင့် လူ့အခွင့်အရေး / ကျားမတန်းတူရေး လှုပ်ရှားနေသူများပါ မွတ်ဆလင်တို့၏ ထောက်ချောက်ထဲရောက် လိင်ကျေး ကျွန်ဘ၀ မရောက်မီ တားမြစ်အသိပေးရန် လိုအပ်ပါသဖြင့် မျိုးစောင့် ဥပဒေ လိုလာခြင်းဖြစ်ပါသည် ။
အပိုင်း(၆)ပြင်းထန်သော ပြစ်မှု များ မသတ်မှတ်ပဲ ပြစ်ဒဏ်ကို နှစ်ဆင့်တင်ခြင်း
((((( လူတစ်ဦးသည် ဤကဲ့သို့ ( ကစမ် = ကျန်ဆိုခြင်း) ကျိန်ဆိုခဲ့၏ ။ ( အလ္လာဟ်အရှင်၏ ကစမ် ယခု ကာမ စပ်ယှက်မည် မဟုတ် ) ( ခိုဒါခိ ကစမ် အသင်မ နှင့် ဘယ်သောခါမှ ကာမစပ်ယှက်မည် မဟုတ် ) ( အသင်မနှင့် ကာမ စက်ယှက်မည် မဟုတ်ကြောင်း ကျွန်ုပ် ကျိန်ဆိုသည်) ဟု ကျိန်ဆိုခဲ့၏ ။ သို့မဟုတ် အခြားတစ်နည်းဖြင့် ကျိန်ဆိုခဲ့၏ ။ ကျိန်ဆိုခဲ့သည့်အတိုင်း ကာမစက်ယှက်ခြင်း မပြုဘဲနေလျင် လေးလကျော်ပါက လင်မယားအဖြစ် ပေါင်းသင်းဆက်ဆံနေထိုင်ပိုင်ခွင့်မရှိ လေးလအတွင် ကတိ ဖျက်လျင် တွလာက္က် မမြောက် သို့သော် ကာဖိရ်ဖြစ်လေသည် ) (ကာဖိရ်=အလ္လာဟ်ရှင်၏အမိန့်တော်ကိုသွေဖည်ငြင်းဆန်သူ=မွတ်ဆလင်မဟုတ်သူ ) ဖြစ်သွားသည် ။
(((( တစ်ဦးတစ်ယောက်က “အကယ်၍ အလ္လာဟ်က ကျနော့်ကို သည်အလုပ်လုပ်ခိုင်းလျင် ကျနော်မလုပ်”” သို့မဟုတ် “” ဂျဗ်ရအီလ်”” သခင် ဆင်းသက်လာရင်တောင် ကျနော် သူ့စကားကို လက်ခံမည်မဟုတ် ဟု ဆိုလျင် ကာဖိရ် ဖြစ်သွားသည် )))
((( ကုဖ်ရ် = ကာဖိရ် - ၏ စကားကိုနှုတ်မှ မြွက်ဆိုသောအခါ (အီမာန်=ယုံကြည်မှု )ပျက်သည် ။ အကယ်၍ စိတ်ထဲတွင် တစ်စုံတစ်ရာ ရည်ရွယ်ခြင်းမရှိပဲ နောက်ပြောင်ခြင်းအားဖြင့် ကာဖိရ် စကားကိုပြောမိလျင် အီမန်ပျက်သည် ။ ဥပမာ အလ္လာဟ်အသျှင်တွင် အကြငင်အလုပ်ကို ပြုလုပ်ရန် တန်ခိုးမရှိလေသလော ဟုပြောရာ အခြားတစ်ဦးက မရှိပါ ဟု ဖြေကြားလျင် ကာဖိရ်ဖြစ်သည် ။ )))
အဆိုပါ ပြဌာန်းချက်တွေကိုကြည့်ရင် မွတ်ဆလင် တစ်ယောက်အနေနဲ့ အီမန်ပျက်ဖို့ အတော် လွယ်ကူတာကိုတွေ့ရမယ် - အဲသလို လွယ်လွယ်ကူကူ ကာဖိရ်ဖြစ်တဲ့ ပြစ်ဒဏ် ကို အပြစ်ပေးတဲ့အခါမှာတော့ ပြင်းထန်လာပါတယ် ။
(((( အကယ်၍အမျိုးသမီးတစ်ဦးသည် သာသနာတော်နှင့် အီမာန်အပေါ်မှနောက်ပြန်လှည်လျင် ထိုသူမအား သုံး ရက် အချိန်ပေးရ မည် ။ သာသနာ နှင့်ပတ်သက်၍ သူမ ဒွိဟသံသယဖြစ်နေသော အချက်အလက်များကို နားလည်သဘောပေါက်အောင်ရင်းပြရမည် ။ အကယ်၍ ထိုသူမသည် သုံးရက်အတွင်းပြန်လည် “မုစ်လင်” အဖြစ်ကို လက်ခံလာသော် ကောင်းလေစွ လက်မခံ ငြင်းဆန်မြဲငြင်းဆန်နေလျှင် အစဉ်ထာဝရ အကျဉ်းချလိုက်ရမည် ။ မိမိအမှားကို ၀န်ခံ “တောင်ဗဟ်” ပြုသောအခါမှ သူ မကို လွှတ်လိုက်ရမည် ။))))
ဒီလိုပြဌာန်းထားတဲ့အတွက် - အမျိုးသမီးတွေကို ညှင်းပမ်း နှိပ်စက်လှောင်ပိတ်ထားတာကို တွေ့ရမှာဖြစ်ပါတယ် ။
(((( အကယ်၍ယောက်ျားတစ်ယောက်သည် ကာဖိရ် ဖြစ်သွားလျင် စဉ်းစားရန် သုံးရက် အချိန်ပေးရမည်။ သုံးရက်ကျော်လွန်ပြီး အီမန် မဖြစ်လျှင် ကွပ်မျက်လိုက်ရမည် )))) မြန်မာနိုင်ငံမှ တရားဝင်သေဒဏ်ပေးလို့မရပေမဲ့ အချင်းချင်းသတ်ဖြတ်တာမျိုးထို လုပ်ဖို့ တာဝန်အရ ပစ်ဒဏ်ခံ သတ်ဖို့အထိ မဲစနစ်တွေ ဖြစ်နိုင်ပါတယ် ။ ( ဒီလောက်ပြင်းထန်တဲ့ ရှရီယာလောကိုတော့ တကယ်မကျင့်သုံးပါဘူး ဘရူနိုင်းနိုင်ငံကတော့ ကျင့်သုံးနေပါပြီ ။) ဒီအခန်းမှာ အထူးသတိပြုရမှာက အရှေ့ပိုင်းအခန်းတွေမှာ မွတ်ဆလင် ဓလေ့တွေ ရှိပါတယ် အပြစ်ပေးမကြမ်းပါဘူး ကာဖိရ်လို့ပဲ သတ်မှတ်ပါတယ် နောက်ဆုံးမှာတော့ သာသနာတော်မှ နောက်ပြန်လှည့်ခြင်းလို့သတ်မှတ်တဲ့ ပစ်ဒဏ်က ပြင်းထန်လာတယ် ပြစ်ဒဏ် နှစ်ဆင့်ဆိုတာကို ဂရုပြု ရှုမြင်ရပါမယ် ။
အဲသလို ဘာသာတစ်ခုရဲ့ သတ်မျတ်ပြဌာန်းချက်တွေကို မသိတဲ့ မွတ်ဆလင် မဟုတ်သူတွေအနေနဲ့
အခုလို အစ္စလာမ် ဘာသာရေးစည်းမျဉ်းတွေကို မသိဘဲ အလွယ်တကူ အိမ်ထောင်ပြုမိပါက လူမှုဒုက္ခများမခံစားရစေရန်အတွက် မျိုးစောင့် ဥပဒေလိုအပ်လာခြင်းဖြစ်ပါတယ် ။
ပြီးပါပြီ ။

ထုတ်နှုတ်တင်ပြသူ။
နေမျိုးဝေ ( ဘာသာမဲ့ ) ။
ဥက္ကဌ ။
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ။ ၉ - ၅ - ၂၀၁၄

No comments:
Post a Comment