ရန်ကုန်၊ ဇွန် ၁၈ ၁၇.၆.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်နေ ဒေါ်မြင့်မြင့်ဆွေမှ ၎င်းသည် နေအိမ်၌ရှိနေစဉ် သားဖြစ်သူ မျိုးမင်းဦးနှင့် ၎င်း၏သူငယ်ချင်းဖြစ်သူ အဖိုးကြီး(ခ)၀င်းနွယ်တို့(၂)ဦးမှာ ဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေသည်ဟုကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုသို့သွားရောက်ကြည့်ရှုခဲ့ရာ သားဖြစ်သူ မျိုးမင်းဦးတွင် ၀ဲနားထင်စုတ်ပြဲဒဏ်ရာ၊ ရင်ညွန့်၊ ၀မ်းဗိုက်နှင့် နောက်ကျော တို့တွင် ထိုးသွင်းဒဏ်ရာများရရှိထားပြီး အဖိုးကြီး(ခ)၀င်းနွယ်တွင် ၀ဲပါး ထိုးသွင်းဒဏ်ရာရရှိထား
သည်ကိုတွေ့ရှိရသဖြင့် မေးမြန်းရာ မျိုးမင်းဦးနှင့် အဖိုးကြီး(ခ)၀င်းနွယ်တို့သည် အလတ်ချောင်းရပ်ကွက်၊ ဘောဂလမ်းမ၌ စကားပြောနေကြစဉ် တစ်ရပ်ကွက်တည်းနေသူများဖြစ်သည့် ကျော်ကြီး(ခ) ကျော်ကျော်၊ (၂၂)နှစ်၊(ဘ)ဦးစိုးငြိမ်းနှင့် မျိုးလေး(ခ)မျိုးသန့်၊(၃၆)နှစ်၊ (ဘ)ဦးအောင်တင်တို့(၂)ဦးမှာ အရက်မူးယစ်ရောက်ရှိလာပြီး စနောက်ရာမှ စကားများရန်ဖြစ်ခဲ့စဉ် ကျော်ကြီး(ခ)ကျော်ကျော်မှ (၈)လက်မခန့်ရှိ ၀က်အူလှည့် ဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ သားဖြစ်သူနှင့် သူငယ်ချင်းတို့အား ဒဏ်ရာများရရှိအောင်ပြုလုပ်သူ ကျော်ကြီး(ခ)ကျော်ကျော် နှင့် မျိုးလေး(ခ)မျိုးသန့်တို့(၂)ဦးအား အရေးယူ ပေးရန် ဒေါ်မြင့်မြင့်ဆွေမှ တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။ တိုင်တန်းချက်အရ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေရဲစခန်း(ပ) ၁၅၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်
No comments:
Post a Comment