Jun 21, 2014
စစ်ရေးအမြင်ရှိသူဖြစ်ရမယ်ဆိုရင် သီဟတင်စိုးကို သမ္မတနေရာပေးပါ လို့  ပြောကြသလို သီဟတင်စိုးကရှေးခေတ် တော်လှန်ရေး စစ်ကားတွေ ပဲရိုက်နေသလိုမျိုး ဒီမိုကရေစီအရေး
မှာလည်း ကျောင်း သားသမဂ္ဂ၊၈၈အရေးကမတက်တော့ ဘဲတ၀ဲလည်လည်ဖြစ်နေကြပါတယ်။မြန်မာ့ဒီမိုကရေစီ အရေး ဟာ ၂၆ နှစ်ကျော်လာတဲ့အထိ သီဟတင်စိုး တော်လှန်ရေးစစ်ကားတွေ ရိုက်တဲ့အဆင့်က မတက်နိင်သေးတာတွေ့နေရပါတယ်။
၈၈ ကနေ အခုထိ ဒီမိုကရေစီခေါင်းဆောင်တွေရဲ့ လူထုကို စည်းရုံး ဟောပြောမှုတွေ ဟာ အုပ်ချုပ်တဲ့ အစိုးရမကောင်းကြာင်းကနေ မတက်နိင်ဖြစ်နေပါတယ်။တကယ်တော့ အခုအချိန်ဟာ ရည်မှန်းချက် ကို ရောက်ဖို့ဘယ်လိုသွားကြမယ်ဆိုတာ ချပြရှင်းလင်း စည်းရုံးရမယ့်အချိန်ရောက်နေပါ ပြီ။ယခင်စစ်အစိုးရမကောင်းကြောင်း လက်ရှိအစိုးရ လူထုရဲ့ စီးပွားရေးကောင်း မွန်အောင်မလုပ်ပေးနိင် ကြောင်း တွေဟာ သာမန်လက်လုပ်လက်စား အခြေခံ တွေကအစ အားလုံးသိပြီးသား ဖြစ်လို့အထူး ဟောပြောစရာ မလိုတော့ပါဘူး။လူထုခေါင်းဆောင်ေ တွ အဓိက ပြောသင့်တာက ဘယ် လို လုပ် ကြမယ်ဆို တာဖြစ်ပါတယ်။ မဟာဗျူဟာရည်မှန်းချက်က ဘာ၊ နည်းဗျူဟာရည်မှန်းချက် က ဘယ်လို ဆိုတာတွေ နည်းဗျူဟာ အပြောင်းအလဲ တိုင်း လူထု နားလည် လိုက်ပါနိင်အောင် စည်းရုံး ဟောပြော နေနိင်ရမှာဖြစ်ပါတယ်။ မဟာဗျူဟာရည်မှန်းချက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးလား၊၂၀၁၅ရွေးကောက်ပွဲ အပြတ်အသတ်နိင်ရေးလား ဆိုတာ အဓိက အတိုက်အခံပါ တီကြီးဖြစ်တဲ့ NLD ကတိတိကျကျ ဆုံးဖြတ်ရပါမယ်။ တိကျတဲ့မဟာဗျူဟာချပြီး မှန်ကန်တဲ့ နည်းဗျူ ဟာရွေးချယ်လုပ်ကိုင်ရပါမယ်။
၂၀၁၅မှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး မဟာဗျူဟာဆိုရင်တော့ ၄၃၆ပြင်ရေး ၅၉(စ)ပြင်ရေးတို့ကို အပြင်းအထန် ရုန်းကန် လူထုတိုက်ပွဲဝင်ရ မှာဖြစ် ပါတယ်။လက်ရှိလွှတ်တော်အ ခင်းအကျင်းအရ ဘယ်လိုမှ လွှတ်တော်နည်းလမ်းနဲ့ မပြင်နိင်ပါဘူး။လှည်းနေလှေအောင်း မြင်းဇောင်းမ ကျန်လူထု အုံကြွမှုနဲ့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရပါလိမ့်မယ်။အခုလို လက်မှတ်လိုက်ထိုး မရတော့လည်း ရသလောက်ပေါ့ ဆိုတဲ့ ပုံစံမျိုးနဲ့ လက်ရှိအာဏာရပါတီနဲ့ အစိုးရ က ပျင်းတောင်ပျင်းသေး တယ် လို့ပဲ ပြောရမှာဖြစ်ပါတယ်။ဒီမဟာဗျူဟာ ကို သွားမယ်ဆိုရင်လည်းပြင်းပြင်း ထန်ထန် ထိထိရောက်ရောက် နည်းဗျူဟာ တိတိကျကျ လုပ်ဖို့လိုပါတယ်။၄၃၆၊ ၅၉(စ)ပြင်ရေး မအောင်မြင်ရင်ဘာဆက်လုပ်မှာလဲ ဆိုတာလူထုက ရှင်းရှင်းလင်းလင်း သိထားဖို့လို ပါတယ်။ရမလားလို့လုပ်ကြည့်တာမျိုးမဖြစ်သင့်ပါဘူး။
၂၀၁၅မှာ NLD အပြတ်အသတ်နိင်ရေး မဟာဗျူဟာကို သွားမယ်ဆိုရင်တော့ အခုလုပ် နေတဲ့ နည်းဗျူဟာတွေ အားလုံးပြောင်းပြန်လှန်ရမှာဖြစ် ပါတယ်။ ၄၃၆၊၅၉(စ)ကိစ္စတွေလုံးဝ မလှုပ်ရှား ဘဲ ရွေးကောက်ပွဲ ကိုပဲ အာရုံစိုက်ပြင် ဆင်ရပါမယ်။ ပထမဆုံးပြိုင်ပွဲ ရဲ့ဒိုင်အဖွဲ့ဖြစ်တဲ့ ရွေးကောက် ပွဲ ကော်မရှင် ကိုအရင်ဆုံြး ပ န်ပြင်ဖွဲ့စည်းဖို့အပြင်းအထန်တိုက်ပွဲဝင်ရပါမယ်။အခု၄၃၆ကိစ္စတွေ လုပ်နေ တဲ့နေရာ မှာ ရွေးကောက်ပွဲ ကော်မရှင် အသစ်ပြန်ဖွဲ့ရေး လှုပ်ရှားမှုတွေ ဖြစ်နေရပါမယ်။ ဒီအဆင့် အောင်မြင်ပြီးမှ ရွေးကောက်ပွဲမှာအပြတ်အသတ်အနိင်ရ အောင်ဆက်လုပ်ရပါ မယ်။၂၀၁၅မှာ လွှတ်တော်ထဲကို NLDအမတ် အများဆုံးရောက်အောင် လုပ်ပြီး မှ နောက်ထပ် ဒီမိုကရေစီ လမ်းကြောင်းကို ဆက်လျှောက် နိင်မှာဖြစ်ပါတယ်။ ဒီမဟာဗျူဟာကို သွားမယ်ဆိုရင်တော့ အခု လုပ်နေတဲ့ စစ်တပ်ကို စိန်ခေါ် ပုတ်ခတ် တာတွေ ကိုလုံးဝရှောင်ကျဉ် ရပါ လိမ့်မယ်။ ကျန် တာတွေအာရုံမထားဘဲ ၂၀၁၅ရွေးကောက်ပွဲ အပြတ် နိင်ရေးတစ်ခုပဲ နည်းဗျူဟာတွေချ လုပ်သွား ရမှာဖြစ်ပါတယ်။
မဟာဗျူဟာနှစ်ခုအနက် ရွေးချယ်ဖို့စဉ်းစားရာမှာ အဓိက ကတော့ ပြိုင်ဘက်ကို ယှဉ် ပြိုင် နိင်မယ့် မိမိအင်အားစွမ်းရည်ကို မှန်မှန်ကန်ကန် သုံးသပ်ရပါမယ်။ သာလွန် အနိင်ရနိင်မယ် ဆိုရင် ထိပ်တိုက်ရင်ဆိုင် တိုက် နိင်ပါတယ်။မနိင်နိင်ဘူးဆိုရင်တော့ မိုက်မိုက်ကန်းကန်း တိုက်တာရှောင်ပြီး ပြိုင်ဘက်နဲ့  အဆင်ပြေအောင်ပေါင်းထားဖို့လိုပါ တယ်။ထိပ်တိုက်တိုးတာရှောင်ပြီး ပြိုင်ဘက် လိုက် လျောပေးနိင်မယ့် အခြေအနေ မဖြစ်မနေ လိုက်လျောပေးရမယ့် အခြေအနေ တွေရ အောင်ဖန် တီးရမှာဖြစ်ပါတယ်။ မနိင်နိင်သေးရင်ပေါင်း ထား၊ပြီးမှနိင်အောင်တိုက် ဆိုတဲ့သီအိုရီကိုဆွဲကိုင်ထား သင့် ပါ တယ်။ NLD ရဲ့ အားသာချက် ကတော့ လူထု အများစုထောက်ခံတဲ့ အားနဲ့ နိင်ငံတ ကာ ထောက်ခံမှုအားတွေရရှိထားခြင်းဖြ စ်ပါတယ်။ဒီအားသာချက်တွေကို မှန်မှန်ကန်ကန် အကျိုးရှိရှိ အသုံး ချတတ်ဖို့အရေးကြီးပါတယ်။အားနဲချ က်ကတော့ မဟာဗျူဟာ တိတိကျကျမရှိခြင်း၊ နည်းဗျူဟာ မှန်မှန် ကန်ကန်ချမှတ်မလုပ် ကိုင်နိင်ခြင်း၊ လူထုကို ရှင်းရှင်းလင်းလင်း လုပ်ငန်းစဉ်မ၇ှင်းပြနိင်ခြင်း တို့  ဖြစ်ပါတယ်။အဓိက အတိုက် အခံပါတီကြီးတစ်ခုပုံစံမပေါက်ဘဲ သာမန်လူမှုရေး အဖွဲ့လှုပ်ရှားမှုပုံ ပေါက် နေ ပါတယ်။
အခုအချိန်ဟာ ၂၀၁၅မှာဒေါ်အောင်ဆန်းစုကြည်သမ္မတြ ဖစ်ရေးကို သွားမလား ၊ရွေး ကောက်ပွဲ အပြတ်အသတ်နိင်ရေး ကိုသွားမလား ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့်အချိန်ဖြစ်ပါ တယ်။နှစ်ခုစလုံးရဖို့ မဖြစ်နိင်ပါဘူး။ လက်တွေ့ လုပ်လို့ရမယ့် လမ်းတစ်ခုခုကို ရွေးရပါမယ်။လူထု ကိုလည်း သွားမယ့်လမ်းကြောင်း လုပ်မယ့်နည်း လမ်းတွေ ရှင်းရှင်းလင်းလင်း ပြောဖို့ လိုပါတယ်။
အင်္ဂလိပ်ဂျပန်တော်လှန်ရေးတွေပဲ ရိုက်နေတဲ့သီဟတင်စိုး လိုမဖြစ် ဖို့ ၊ကျောင်းသားသမဂ္ဂနဲ့ ၈၈ အရေးကမတက် နိင်တဲ့ ကျောင်းသားဟောင်းတွေ လိုမဖြစ်ဖို့ NLD ဦးဆောင်တဲ့လူထုခေါင်းဆောင် တွေဟာလည်း ယခင်စစ် အစိုးရမကောင်းကြောင်း၊လက်ရှိအစိုးရမကောင်းကြောင်း ၊စစ်တပ် မကောင်း ကြောင်းတွေ ဟောပြောနေတဲ့ အဆင့် ကတက်ပြီး ရည်မှန်းချက်ဘာတွေ ဖြစ်တယ်၊ဘယ်လိုသွားကြ မယ်ဆိုတာတွေ ပြောဖို့ လိုနေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။
( Credit to U Thaung Aye )

No comments:
Post a Comment