Wednesday, August 13, 2014
စစ်တွေတက္ကသိုလ်ဝင်း အတွင်း Internet wifiကို သြဂုတ် လဆန်းမှ စတင် အသုံးပြုနိုင်ပြီဖြစ် ကြောင်းသတင်းရရှိသည်။
စစ်တွေတက္ကသိုလ်ရှိ ကျောင်းသူ၊ ကျောင်းသားများ တက္ကသိုလ်နယ်မြေအတွင်း Internet wifiအသုံးပြုနိုင်ရန်အ တွက် ရခိုင်ပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေဖြင့် ပြည်နယ်ဆက် သွယ်ရေးဌာနမှ သြဂုတ် ၂ရက်က လာရောက်တပ်ဆင်ပေးခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင် မောင်ထွန်းကပြောသည်။
‘‘ပညာဗဟုသုတနဲ့ပတ် သက်တဲ့ ကြည့်ချင်တဲ့ဝက်ဘ်ဆိုက်တွေကို ရှာဖွေလို့လွယ်သွား တာပေါ့။ ပညာရပ်ရော ဗဟုသု တရောတိုးတက်သွားတာပေါ့။ ၀ိုင်ဖိုင်ကို တက္ကသိုလ်စာကြည့် တိုက်ဝန်းကျင်နဲ့ အားကစားရုံအ နီးတစ်ဝိုက်ကို အဓိကထားပြီးတစ် နေကုန်ဖွင့်ထားပေးမယ်’’ဟု စစ် တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက ပြောသည်။
စစ်တွေတက္ကသိုလ်တွင်ဝိဇ္ဇာ ၊ သိပ္ပံဘာသာရပ် ၁၃ခုသင်ကြား ပေးနေပြီး တက်ရောက်သင်ကြား နေသည့် ကျောင်းသူ၊ ကျောင်း သားပေါင်း တစ်ထောင့်ခြောက် ရာကျော်ရှိကြောင်း စစ်တွေတက္က သိုလ်မှ သိရသည်။
‘‘အခုဝိုင်ဖိုင်ကို ဖုန်းနဲ့ရော၊ လက်တော့ပ်နဲ့ရောသုံးရတာအ ဆင်ပြေပါတယ်။ ကျောင်းသား တွေကတော့ လာပြီးတော့သုံးနေ ကြတာပဲ။အင်တာနက်လိုင်း လည်းကောင်းပါတယ်။ အခုလော လောဆယ်တော့ ၀ိုင်ဖိုင်ကို ကျောင်းနယ်မြေတစ်ခုလုံးကို မ ပေးနိုင်သေးဘူး’’ဟု စစ်တွေတက္က သိုလ်မှ လက်ထောက်မော်ကွန်း ထိန်းဦးကျော်နိုင်ဦးကပြောသည်။
စစ်တွေတက္ကသိုလ်တွင်အင် တာနက်ဝိုင်ဖိုင်(Internet wifi)အ သုံးပြုပြီး ပညာသင်ကြားခွင့်ရရှိ ပြီဖြစ်သလို ကွန်ပျူတာတက္က သိုလ်နှင့် နည်းပညာတက္ကသိုလ် တို့တွင်လည်း အင်တာနက်(Internet wifi)အသုံးပြုနိုင်ရန် ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတို့စီစဉ် နေသည်။
7Day DAILY
No comments:
Post a Comment