Thursday, February 26, 2015

ဝက်တုတ်ကွေးစိုးရိမ်ရလို့ လူစုဝေးတာ မလုပ်ဖို့ အိန္ဒိယဆို

(Credit: ABC) 
အိန္ဒိယနိုင်ငံ ​Ahmedabad ​မြို့မှာ ​ဝက်တုတ်ကွေး ​ကူးစက်သူတွေ ​များပြားတဲ့အတွက် ​လူစုလူဝေးတွေ ​မပြုလုပ်ဖို့ ​အာဏာပိုင်တွေက ​ပိတ်ပင်လိုက်ပါတယ်။

Ahmedabad ​မြို့ဟာ ​Gujurat ​ပြည်နယ်ရဲ့ ​အကြီးဆုံးမြို့ဖြစ်ပြီး ​ဒီနှစ်အတွင်း ​ဝက်တုတ်ကွေးရောဂါကြောင့် ​လူပေါင်း ​၂၁၉ ​ယောက် ​သေဆုံးရပြီ ​ဖြစ်သလို ​လူပေါင်း ​သုံးထောင်လည်း ​ကူးစက်ခံခဲ့ရပါတယ်။

ဒီလိုအခြေအနေကြောင့် ​ရောဂါပိုးတွေ ​ပျံ့နှံ့မှုကို ​ထိန်းချုပ်တဲ့အနေနဲ့ ​မင်္ဂဆောင်ပွဲနဲ့ ​အသုဘ ​အခမ်းအနားကလွဲပြီး ​တခြား ​လူစုလူဝေးပြုမှုတွေ ​မလုပ်ဖို့ ​အာဏာပိုင်တွေက ​ထုတ်ပြန်လိုက်ပါတယ်။

အဲဒီပြည်နယ်က ​ကျန်းမာရေးဝန်ကြီးတစ်ဦးနဲ့ ​ပြည်နယ်လွှတ်တော် ​နာယကတွေကပါ ​ကူးစက်ခံနေရတာ ​ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ​တလွှားမှာ ​ဒီနှစ်အတွင်း ​ဝက်တုတ်ကွေး ​ကူးစက်ခံရတာ ​အယောက်ပေါင်း ​တစ်သောင်းငါးထောင်ကျော် ​သွားပြီလို့လည်း ​Stephanie ​March ​က ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-02-25/1418617

No comments: