

Ko kyaw Thantzin ဆိုသူမှ ဇေယျာလွင် နှင့် ကျောင်းသားခေါင်းဆောင်များကို အဖြေသိသော်လည်း ဖြစ်ရပ်ကိုထင်ရှားစေသည့် မေးခွန်းအချို့ မေးထားသည်။ မေးခွန်းများနှင့်အတူ ကျောင်းသားခေါင်းဆောင်များ၏ မရိုးသားမှုများကို ထင်ရှားစေသည့် မှတ်ချက်အချို့ကိုလည်း ထည့်သွင်းထားသည်။ ၎င်းစတေးတပ်စ်အရ ကျောင်းသားခေါင်းဆောင်ဆိုသူများ၏ နောက်ကွယ်၌ လူပုဂ္ဂိုလ်တစ်ဦး/များ သို့မဟုတ် အဖွဲ့အစည်းတစ်ခု/အများ ရှိနေပြီး ၎င်းတို့က ကျောင်းသားခေါင်းဆောင်များကို ငွေကြေးထောက်ပံ့ပြီး ကျောင်းသားသပိတ်ကို ဖန်တီးရန်ခိုင်းစေခဲ့သည်မှာ ထင်ရှားလှသည်။
စတေးတပ်စ်အရ နားလည်မိသည်က ကျောင်းသားခေါင်းဆောင် ဇေယျာလွင်ဆိုသည်က ချို့တဲ့သူတစ်ယောက်ဖြစ်သည်။ ၎င်းတို့မိသားစု၌ အိမ်ပိုင်၊ ဝိုင်းပိုင် မရှိ။ လက်ရှိနေထိုင်နေသော အိမ်ဝိုင်းသည်လည်း ၎င်းတို့ပိုင်မဟုတ်။ ၎င်းတို့အမည်ပေါက် မဟုတ်။ မိသားစုမှာ ရရစားစား ဘဝသာ ဖြစ်သည်။ ဖခင်၏ ပန်းရံနေ့စားလုပ်ခကို တစ်မိသားစုလုံး မှီခိုကြရသည်။ ဇေယျာလွင်မှာ ကျောင်းလခကိုပင် မှန်မှန် သွင်းနိုင်ခဲ့သူမဟုတ်။
ထို့အတူ စည်သူမောင်အပါအဝင် ကျန်ကျောင်းသားခေါင်းဆောင် ၁၄ ယောက်၏ ဘဝအခြေအနေမှာလည်း ချမ်းသာကြွယ်ဝသူများ မဟုတ်ကြ။ ပို့စ်ပိုင်ရှင် Kokyaw Thantzin မှ ၎င်းတို့၏ ဘဝအခြေအနေများကို ခရေစေ့တွင်းကျ သိထားသည်။
အုန်းအုန်းကြွက်ကြွက် ဖြစ်သွားခဲ့သည့် ကျောင်းသားသပိတ်ဆိုသည် အပြီး၌ ကျောင်းသားခေါင်းဆောင်ဆိုသူများ တိုက်ခန်းတစ်ခန်းစီ ဝယ်ကြသည်။ ကားတစ်စီးစီ ဝယ်ကြသည်။ ချို့တဲ့သော ဇေယျာလွင်သည်လည်း တိုက်ခန်းတစ်ခန်း ဝယ်သည်။ ဇိမ်ခံကား အာရာဖတ်တစ်စီး ပိုင်လာသည်။ စဉ်းစားစရာက ဤငွေများ မည်သည့်နေရာက ရလာပါသနည်း။ ထို့အတွက် Kokyaw Thatzin မှ စတေးတပ်စ်တင်၍ မေးခွန်းများ မေးထားသည်။ "ဇေယျာလွင် ဒီမေးခွန်းလေးတွေကို ဖြေပါ" ဟူ၍ ဇေယျာလွင်အား ဦးတည်ရည်ညွှန်းကာ ၎င်းနှင့် ကျောင်းသားခေါင်းဆောင်များကို မေးထားသည်။ --
၁) မင်းစီးနေတဲ့ အာရာဖတ်ကားက ဘယ်ကပိုက်ဆံနဲ့ ဝယ်ထားတာလဲ? ပန်းရံခေါင်းဆောင်လုပ်နေတဲ့ မင်းအဖေဝင်ငွေနဲ့ ဝယ်ထားတာလား?
(မြေကွက်လေးရောင်းပြီး ဝယ်ထားတာလို့တော့ မပြောနဲ့နော်။ မင်းတို့နေတဲ့ မြောက်ဥက္ကလာက မြေကွက်က မင်းတို့အမည်ပေါက်ပြီး မင်းတို့ပိုင်တာ မဟုတ်ဘူးဆိုတာ ငါသိတယ်)
၂) ကျောင်းသားသပိတ်ပြီးမှ ဝယ်လိုက်တဲ့ တိုက်ခန်းက ဘယ်ကပိုက်ဆံနဲ့ ဝယ်တာလဲ?
(စီးပွားရေးလုပ်ပြီး ဝယ်တာလို့တော့ မပြောနဲ့နော်။ ကျောင်းလခတောင်မှ မှန်မှန်မသွင်းနိုင်တဲ့မင်းမှာ ဘာလုပ်ငန်းမှ မရှိပဲ မင်းအဖေရဲ့ ပန်းရံလခလေးနဲ့ စားနေရတာ ငါသိတယ်)
၃) မင်းတို့ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ၁၅ ယောက်လုံးမှာ ဘာဖြစ်လို့ တူညီတဲ့ ကားတစ်စီးစီနဲ့ တိုက်ခန်းတစ်ခန်းစီ ရှိနေရတာလဲ?
(သပိတ်ပြီးတဲ့အချိန်ကြမှ မင်းတို့အားလုံး တစ်ပြိုင်တည်း ဝယ်လိုက်ကြတယ်ဆိုတာကတော့ တိုက်ဆိုင်မှု မဖြစ်နိုင်ဘူးနော်။ စည်သူမောင်အပါအဝင် မင်းတို့ ၁၅ ယောက်လုံးရဲ့ နောက်ခံမိသားစုအခြေအနေတွေကို ငါအကုန်သိတယ်)
Kokyaw Thantzin
No comments:
Post a Comment