Saturday, April 11, 2015

“ဗကသ ၏ နောက်ကွယ်”


နောက်ကွယ်မှာ ရှိတဲ့သူတွေကို တန်းစီပြီး ရေးချပါ့မယ်။

(၁) ကတော့ NLD ပါတီပါပဲ။


သပိတ်မှောက်ဖို့ အစည်းအဝေး လုပ်တာက ရန်ကုန်က ကျော်သူ (မင်းသား) ရဲ့ နာရေး ကူညီမှုအသင်းမှာ။ ဒီမှာ စပြီး မြှောက်ပေးတယ်။ အမေ...အချိန်တန်ပြီ ဆိုတဲ့ တပ်လှန့်သံနဲ့ သပိတ်ကို စတင်ခဲ့တာ။

ကျောင်းသားတွေ ရောက်လေရာနေရာတိုင်းမှာ ၀န်းရံကြသူတွေ NLD တွေပဲ။ စားဖို့၊ နေဖို့၊ အကုန် ရှာပေးတယ်။ ချမ်းသာတဲ့သူတွေဆီက ပိုက်ဆံကောက်တယ်။ စားသောက်ဆိုင်တွေဆီက အလှူခံတယ်။

NLD လူငယ် ဗဟိုဆိုပြီး ကြေညာချက် ထုတ်တယ်။ ကျောင်းသားသပိတ်ကို ၀န်းရံ ကူညီပေးဖို့။ နောက်တော့မှ မုန်လာဥလုပ်တယ်။

(၂) ကတော့ NNER က ဒေါက်တာ ကျော်သူပဲ။

မန္တလေးကစထွက်လာတုန်းက ပိုက်ဆံမရှိဘူး။ ဒေါက်တာကျော်သူက ငွေကြေး ပံ့ပိုးပေးတယ်။ အနောက်နိုင်ငံတွေဆီက ဒီမိုကရေစီ ခေါင်းစဉ်ပြပြီး အလှူငွေယူတယ်။ ပြီးတော့ လိုသမျှ ထောက်ပံ့ပေးတယ်။

(၃) ကတော့ ခင်ဥမ္မာနဲ့ နိုင်အောင်ပဲ။ ကျောင်းသားတွေ လုပ်သမျှ သတင်းတွေ ပြည်ပအဖွဲ့အစည်းတွေကို သတင်းဖြန့်တယ်။ ဘင်္ဂလီ အခွင့်အရေးနဲ့ ကျောင်းသားအခွင့်အရေး ရောသမမွှေပြီး ပိုက်ဆံတွေ တောင်းတယ်။

နိုင်ငံသားဂျာနယ် ထုတ်ဖို့ ဆိုပြီး သိန်း ၁ သောင်းကို ဌေးကြွယ်ကို ပေးတယ်။ သိန်း ၂ ထောင် ကုန်ပြီး ဘာမှမဖြစ်လာခဲ့ဘူး။ နိုင်အောင်က မန္တလေးမှာ လူထုအုံကြွမှု ဖြစ်အောင် လုပ်တယ်။ အင်္ကျီအ၀ါတွေဝတ် ဆန္ဒပြလူအုပ်ထဲရော၊ ဓါတ်ပုံရိုက်ပြီး NED ဆီက ပိုက်ဆံတောင်းတယ်။ ကုလသမဂ္ဂအထိ သွားပြီး ခင်ဥမ္မာက လူ့အခွင့်အရေး ခေါင်းစဉ်နဲ့ ရောကြိတ်တယ်။

(၄) ကတော့ ဗကပ တွေပဲ။

အင်တာနေရှင်နယ် သီချင်းတွေ၊ တူတံဇဉ်အလံတွေနဲ့ ကျောင်းသားအရေးကို ရောကြိတ်တယ်။ အထွေထွေ သပိတ် ဖြစ်အောင် လှုံ့ဆော်တယ်။ ဗကသကို အခြေပြူတယ်။ ဒေါ်စုက ဒါကို သိသွားပြီး ဗကပနဲ့ဆို မဖြစ်ဘူး ဆိုပြီး တကသ ကိုခွဲထုတ်တယ်။ ဗကသနဲ့ လမ်းခွဲတယ်။

(၅) ကတော့ ကျော်သူနဲ့ ရွှေဇီးကွက် ပဲ။

ကျောင်းသားတွေ လိုအပ်တာ ရန်ကုန်က ပို့ပေးတယ်။ ဆေးဝါးနဲ့ သောက်သုံးရေကအစ ပို့ပေးတယ်။ ပြီးတော့ NLD ကို တွန်းတယ်။ လမ်းပေါ်ထွက်ဖို့ ဦးဆောင်ဖို့ လုပ်တယ်။ နောက်က ပါမလာတော့ စိတ်ပျက်ပြီး ရုပ်ရှင်ရိုက်နေတယ်။

(၆) ကတော့ OIC ပဲ။

အာရဗီကျောင်းတွေ ဖွင့်လှစ်ခွင့်၇ဖို့၊ OIC ထောက်ပံ့မှုတွေ ကြိုက်သလို ပေးနိုင်ဖို့ NNER က ဒေါက်တာ သိန်းလွင်ကို တည်ပြီး ကစားတယ်။ ကျောင်းသားတွေ ဘာမှမသိဘဲ ခံလိုက်ရတယ်။ ဒါကို မဘသတွေက မြင်တော့ အချိန်မီတားတယ်။ ဒေါက်တာသိန်းလွင်က OIC က ငွေတွေ ယူထားပြီးသား။ နောက်ဆုတ်လို့ မရတော့ဘူး။

(၇) ကတော့ ၈၈ မျိုးဆက်ပဲ။

မြအေးက အာရဗီကျောင်းကိစ္စကို ပစ်မှတ်ထားပြီး ကျောင်းသားတွေကို ဦးဆောင်တယ်။ သပိတ်မှောက်ဖို့ မိန်းထဲ ကျော်တက်ဝင်ဖို့ မြှောက်ပေးတယ်။ ဗကသတွေက ပထမပိုင်း သူတို့ကို ဆရာတင်တယ်။ နောက်တော့ ဗကပ ကြိုးဆွဲမှုနဲ့ ၈၈ တွေကို ပထုတ်တယ်။ မြအေးလည်း OIC နဲ့ နွယ်ပြီး ဆရာဝင်လုပ်လို့ မရတော့ဘူး ဖြစ်သွားတယ်။

(၈) ကတော့ ဗကပ ပဲ။

မန္တလေးမှာရှိတဲ့ ဦးအောင်ခင်၊ ဦးအောင်ညိမ်း၊ ဦးတင်အေးကြူ၊ ရှေ့နေကွန်ရက်က သိန်းသိန်းဦး၊ စာရေးဆရာသမဂ္ဂက ထက်မြက်၊ ဒီကွန်မြူနစ်တွေ ပါနေတယ်။ ကွန်မြူနစ်ရဲ့ အဆုံး ရည်မှန်းချက်က ၂၀၀၈ ကို ဖျက်-အသစ်ရေး၊ ကြားဖြတ်အစိုးရတင် ဆိုတာပါပဲ။ ဗကသတွေ လိုက်ဖမ်းတော့ ထွက်ပြေးတိမ်းရှောင်ပြီးနေတယ်။ ဗကသ နောက်ကွယ်က တစ်ကယ် ကြိုးဆွဲတာက ကွန်မြူနစ်တွေပဲ။

ဗဟိန်းထက်
OppositEye 

No comments: