ပြည့်သဲမောင်၊ ပြည်၊ ဇွန်-၁၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပြည်မြို့နယ် လက်ခုပ်ပင်ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းသည် ပညာအရည်အချင်းနိမ့်ကျပြီးစားကျက်
မြေများကိုအကွက်ရိုက် ရောင်းစားနေသည်ဟုဆိုကာ ကျေးရွာသူ၊
ကျေးရွာသား၂၀ ကျော်က ဇွန်၁၅ရက်တွင် ဒုတိယအကြိမ် လမ်းလျှောက်
ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းသည် ပညာအရည်အချင်းနိမ့်ကျပြီးစားကျက်
မြေများကိုအကွက်ရိုက် ရောင်းစားနေသည်ဟုဆိုကာ ကျေးရွာသူ၊
ကျေးရွာသား၂၀ ကျော်က ဇွန်၁၅ရက်တွင် ဒုတိယအကြိမ် လမ်းလျှောက်
ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မေ ၁၂ ရက်တွင် လက်ခုပ်ပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကိုဖြုတ်ချပေးရန် ပထမအကြိမ်ဆန္ဒပြခဲ့ရာကျေးရွာအုပ်ချုပ်ရေးမှူးကိုထောက်ခံသူများက
ဆန္ဒပြသူများကိုထိရောက်စွာ အရေးယူပေးရန် ဇွန် ၃ ရက်က အပြန်အလှန် ဆန္ဒပြခဲ့သည်။
ဆန္ဒပြသူများကိုထိရောက်စွာ အရေးယူပေးရန် ဇွန် ၃ ရက်က အပြန်အလှန် ဆန္ဒပြခဲ့သည်။
" စားကျက်မြေကို အကွက်ရိုက် ရောင်းစားရင် ပုဒ်မ-၆(၁)နဲ့ အရေးယူရမယ်။
သူတို့တွေကို အရေးယူလို့ရအောင် ဖိအားပေးရမယ်။ ဖိအားပေးမှလည်း
အစိုးရကအလုပ်လုပ်မှာ"ဟု ဦးဆောင်ဆန္ဒပြသူ ကိုဝင်းလှိုင်က ပြောဆိုသည်။
သူတို့တွေကို အရေးယူလို့ရအောင် ဖိအားပေးရမယ်။ ဖိအားပေးမှလည်း
အစိုးရကအလုပ်လုပ်မှာ"ဟု ဦးဆောင်ဆန္ဒပြသူ ကိုဝင်းလှိုင်က ပြောဆိုသည်။
စားကျက်မြေများ အကွက်ရိုက်ရောင်းစားမှုနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းက" စားကျက်မြေဆိုတာ မရှိပါဘူး။ လယ်ယာမြေတော့ရှိတယ်။ သူတို့ရဲ့ လယ်ယာမြေတွေကိုလယ်မြေအနေနဲ့ပဲရောင်းတာ။ လယ်သမား ကလည်းရောင်းတယ်။အခုအစိုးရဥပဒေကလည်းရောင်းပိုင်ခွင့်ရှိနေတော့
ကျွန်တော်ကလည်း သွားတားလို့မရဘူး"ဟု ပြောဆိုသည်။
ကျွန်တော်ကလည်း သွားတားလို့မရဘူး"ဟု ပြောဆိုသည်။
" ကျွန်တော်တို့အဖွဲ့က မှန်သလား၊ သူတို့အဖွဲ့ကမှန်သလားဆိုတာ ဒုတိယအကြိမ် ထပ်မံဆန္ဒထုတ်ဖော်တာ။ ဆန္ဒထုတ်ဖော်မှလည်း အစိုးရတာဝန်ရှိသူတွေက လာစစ်မှာ"ဟုဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးဝင်းလှိုင်က ပြောဆိုခဲ့သည်။
ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး လက်ခုပ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းက "မင်းတို့ရဲ့လိုအပ်ချက်ကိုလည်းပြော။ အကယ်၍အပြစ် ရှိခဲ့ရင်လည်း တိုင်ကြားပါ။ ကျွန်တော်တို့ သက်သေအထောက်အထားနဲ့ လိုက်လံရှင်းလင်းမယ်လို့စည်းရုံးလည်းမရဘူး။ ဒါသူတို့ ဆန္ဒအရသွား
နေတော့ ကျွန်တော်တို့ကလည်း ဥပဒေအရပဲ သွားရတော့မှာပဲ" ဟုပြောဆိုသည်။
နေတော့ ကျွန်တော်တို့ကလည်း ဥပဒေအရပဲ သွားရတော့မှာပဲ" ဟုပြောဆိုသည်။
ယင်းနေ့နံနက်၉နာရီတွင် ဆန္ဒပြသူများသည် လက်ခုပ်ပင်ကျေးရွာထိပ်မှ စတင်ထွက်ခွာကာမြို့တွင်းလမ်းများအတိုင်း ချီတက်၍ မြို့နယ်မြေ စာရင်းရုံးရှေ့ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ သွားရောက်ဆန္ဒပြခဲ့သည်
No comments:
Post a Comment