Saturday, January 24, 2015

"အသက် အောင့်ထားကြသူများ"


ခေတ်အခါကြီးက ပြောင်းလဲနေတော့ လူတွေကလည်း ပြိုင်ဆိုင်မှုအသစ်တွေနဲ့ အမြဲ လိုလို ရင်ဆိုင်ကြုံတွေ့နေကြရတယ်။ လောဘ၊ ဒေါသ ဦးစီးတဲ့ ဒီကမ္ဘာကြီးမှာ ပြိုင်ဘက် ရန်သူဆိုတာ မဖိတ်ခေါ်လည်း ဝင်လာတတ် တာမျိုးပါ။ ဒါကြောင့် အရေးပေါ်စီမံကိန်းဆို တာတွေ ရေးဆွဲလာကြရတယ်။ အင်အား ဘက်မမျှဖြစ်လာတဲ့အခါ တစ်ဖက်ကသေခြင်း ကိုရရှိပြီး၊ တစ်ဖက်ကရှင်ခြင်းကိုရရှိမှာ သေချာ ပါတယ်။ အသက်ဘေးနဲ့ ကြုံတွေ့လာရတဲ့အခါလူတွေဟာအသက်ရှူဖို့ တောင်သတိမရကြ တော့ပါဘူး။
လေပြေလာတဲ့ အချိန်က ချိုးပြော၊ မိုးပြော ပြောခဲ့ကြသူတွေလည်း တကယ်တမ်း မုန်တိုင်းထန်လာတဲ့အခါမှာတော့ အသက်ရှူ မှားကြမှာ သေချာပါတယ်။
ထို့အတူပါပဲ...ကျွန်တော်တို့တစ်မျိုး သားလုံးအတွက် အသက်ထက်မက အရေးကြီး တဲ့ အမျိုးစောင့်ဥပဒေတော်ကြီး ဘယ်တော့ အတည် ဖြစ်မှာလဲ၊ ဘယ်တော့များ အသက်ဝင် မှာဘဲဆိုတာကို အမျိုးကိုတစ်ကယ်ချစ်သူ တိုင်းက အသက်ရှူဖို့တောင် သတိမရအား ပါဘူး။ လွှတ်တော်အဝကို ငေးကြည့်ရင်းနဲ့ အသက်အောင့် ထားကြရပါတယ်။ ဗုဒ္ဓဘာ သဝင်အမတ်မင်းများခင်ဗျား ... ပြည်သူ တွေကို အသက်ရှူခွင့်ပေးပါတော့လို့ ဒီဆောင်း ပါးရဲ့နိဒါန်းအစမှာပဲ တောင်းဆိုအပ်ပါတယ်။
ကျွန်တော်တို့နည်းတူ ... အသက် အောင့်ထားကြရတဲ့ ညီနောင်ဘွားတိုင်း ရင်း သား အနောက်တံခါးမှူးတွေအတွက် အမှန် တရားတွေ တင်ပြပါရစေ။ တစ်ခြားမကြည့်ပါနဲ့ သာမာန် ပြေးပွဲတစ်ခုရဲ့ တာလွှတ်ချိန်၊ ပယ်န တီကန်ဖို့ ဝစီသံကိုစောင့်တဲ့အချိန်၊ ဆေးထိုးအပ်နဲ့ ဆေးအထိုးခံဖို့ စောင့်ဆိုင်းချိန်တွေမှာ တောင် အသက်ရှူဖို့ သတိမရကြပါဘူး။ အခု က အဲဒီထက်အဆပေါင်းများစွာ ခက်ခဲ့ကြမ်း တမ်းတဲ့ အရေးပေါ်အ ခြေအနေမှာ အသက် တောင်ရဲရဲမရှူဝံ့တဲ့ ရခိုင်ညီနောင်များရဲ့ဘဝကို အခုမှပဲ ထဲထဲဝင်ဝင် သိခွင့်ရရှိခဲ့ပါတယ်။
အမှန်အတိုင်းဝန်ခံရရင် ရခိုင်ပြည်နယ် ဆိုတာကို တစ်ခါမှမရောက်ဖူးပါဘူး။ အမှန်တ ရားကို ရဲရဲဝံ့ဝံ့တင်ပြသူ၊ ဟောပြောသူတွေ ကြောင့် အနောက်တံခါးမှူးတွေ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကြားကာမတ်တတ်မျှသာပါ။ ဒီနှစ် အခု ၂၂.၆.၂ဝ၁၄ မ.ဘ.သ နှစ်ပတ်လည် ညီလာခံ ဒုတိယနေ့မွန်းလွဲပိုင်အစီအစဉ်ကို တက်ရောက်နာကြားမိကာမှ သူတို့အ သက် အောင့်ထားကြပါလားဆိုတာကို နက်နက် ရှိုင်းရှိုင်း သိခွင့်ရခဲ့တာပါ။ မှန်ပါတယ်။ ကိုယ့်အိမ် တွင်းအပူကို ကိုယ့်အိမ်ကလူလောက် ဘယ်သူ က သိမှာတဲ့လဲ...။
ဒါကြောင့်လည်း စစ်တွေမြို့ သဒ္ဓမ္မဂရု ပုသိမ်ကျောင်း ရခိုင်ဆရာတော်ဘုရားကြီးရဲ့ သြဝါဒကို အလေးအနက်ထားပြီး စူးစိုက်စွာနာ ကြား ခဲ့ပါတယ်။ အသံကဝဲနေပေးမယ့် နှစ် သက်ဖွယ် ကိုယ့်မျိုးနွယ်ရဲ့အသံမို့လား မပြော တတ်ပါဘူး။ နှစ်လုံးသာထဲကို ချိုမြိန်စွာစီး ဝင်ခဲ့ပါတယ်။
''ရခိုင်ပြည်နယ်မှာ ကိုယ့်တိုင်းရင်းသား တွေ မရှိသလောက်နည်းပါးနေပါပြီ။ ကိုယ့်လူ တွေမရှိရခြင်းအကြောင်းအရင်းက ရခိုင်ပြည် နယ်ဆင်းရဲလို့ပါ။ ဘင်္ဂါလီတွေဟာ ရခိုင်တွေကို အရမ်းကာရော မစော်ကားရဲပါဘူး။ ကျောက်နီ မော်မှာ သီတာထွေးအသက်ခံရတယ်ဆိုတာ သီတာထွေးနေတဲ့ရွာမှာ လူမရှိသလောက် ပါဘုရား။
အပြင်မှာ အလုပ်ထွက်နေရပါတယ်။ ရွာမှာ လူအင်အားမရှိလို့ စော်ကားဝံ့ကြပါ တယ်။မြန်မာပြည် တနံတလျားမှာ အလုပ်ရုံ ကြီး တွေရှိကြပေမယ့် ရခိုင်ပြည် စစ်တွေမြို့မှာ လူတစ်ရာလောက်အလုပ်ပေးထားနိုင်တဲ့စက်ရုံ တစ်ရုံမှ မရှိပါဘူးဘုရား။ ရှင်းရှင်းပြောရရင် တော့ ရခိုင်ပြည်ကို ရခိုင်လည်းပြန် မလာပါ ဘူး။ ဗမာလည်း မလာဘူး။ ရှမ်း၊ ကရင်၊ မွန် စတဲ့တိုင်းရင်းသားတွေလည်း မလာကြပါဘူး ဘုရား။ ရခိုင်ကိုလာနေကြတာက ကုလား တွေနဲ့ INGO တွေပဲဖြစ်ပါတယ်ဘုရား။
အားလုံး သိတော်မူကြတဲ့အတိုင်း ရခိုင်ပြည်ပြန်လည် ထူထောင်ပေးပါမှ မြန်မာတစ်ပြည်လုံး အတွက် စိတ်ချရပါလိမ့် မယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရနဲ့ စီးပွားရေး လုပ်ငန်းရှင်များကို ပြောချင်ပါတယ်။ ရခိုင်ပြည် ကိုလာပြီးတော့ စီးပွားရေးလုပ်ငန်းများ ထူ ထောင်ပေးကြပါ''
ဒါက စစ်တွေမြို့ သဒ္ဓမ္မဂရုဆရာတော် ဘုရားကြီးရဲ့ သြဝါဒလိုရင်းအပိုဒ်လေးပဲ ဖြစ်ပါ တယ်။ ထပ်ပြီးရှင်းပြစရာမလိုလောက်အောင် ဆရာတော်ကြီးရဲ့သြဝါဒက ပြီးပြည့်စုံ လှပါ တယ်။ ရခိုင်ပြည်ကို ရခိုင်တောင်ပြန် မလာချင် တော့ လောက်အောင် ခက်ခဲကြမ်းတမ်းနေပြီ ဆိုတော့ ကျန်တာတွေ ကိုယ့်Óဏ်နဲ့စဉ်းစား လို့ရအောင် ဆရာတော်ကြီးက ထိထိမိမိ ဆုံးမ သြဝါဒပေးခဲ့ ပါတယ်။
အစီအစဉ်အရ နောက်ထပ် ရခိုင်ဆရာ တော်တစ်ပါးက တင်ပြလျှောက်ထားပြန်ပါ တယ်။ ပုလဲဆရာတော်။
''ရခိုင်ပြည် မောင်တောမှာ တပည့်တော် တို့ရဲ့ဆွမ်းဒကာတွေ ခက်ခဲစွာအသက်မွေး နေရသလို တပည့်တော်တို့ကိုယ်တိုင်လည်း ခက်ခဲပင်ပန်းစွာ သာသနာပြုနေရပါတယ် ဘုရား။ တပည့်တော်တို့လည်း လွယ်လွယ်ကူကူ အသက်မွေးလို့ရတဲ့ တိုင်းနဲ့ပြည်နယ်တွေကို ရွေးပြီး သီတင်းသုံး သာသနာပြုလို့ ရပါတယ် ဘုရား ချမ်းသာအောင် နေလို့ရပါတယ်။ ဒါပေ မယ့် ဒီအနောက်တံခါးက ရွှေ့လို့မဖြစ်တဲ့ အ ကြောင်းတွေ အများကြီးရှိနေတာ အားလုံးသိ တော်မူကြမှာပါဘုရား။
အင်း...အခြေအနေအရ အသက် မွေး ရပ်တည်မှု ဒီထက်မက ခက်ခဲကြမ်း တမ်းလာ ရင်တော့ ပြောလို့မရပါဘူးဘုရား။
တံခါးမှူး ကျောင်းထိုင်ဆရာတော်တစ်ပါးက ဓမ္မလက်နက်ချပြီး ဒီနေရာကိုစွန့်ခွာသွား မယ် ဆိုရင် ရှေ့တန်းစစ်မြေပြင်မှာ စစ်ဗိုလ်တစ် ယောက်ကျဆုံးသလိုပါပဲ။ ဗုဒ္ဓဘာသာ ဒကာ၊ ဒကာမတွေ ရာနဲ့ချီပြီး ကျရှုံးတာနဲ့ အတူတူပါပဲ ဘုရား။ 'အညောညန ဿိတ'' အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေကြရတာမဟုတ် လား။ ကျွန်းမရှိရင်လည်း ကိုင်းပြုတ်မှာပဲ။ ကိုင်း မရှိရင်လည်း ကျွန်းပြိုမှာပဲ။ အခုအခြေအ နေက ဘာသာခြားရေစီးကြောင်းက ကြမ်းလွန်းတော့ကျွန်းရော၊ကိုင်းရော ပြုတ်လုတဲခါ လေးပဲရှိပါတော့တယ်။ နောက်တစ်ခါ ဂျီဟတ် ရေစီးကြောင်းဝင်ရင် ကျွန်းရော၊ ကိုင်း ရော ပြုတ်မှာ သေချာနေပါတယ်။ အမြန်ဆုံးပြန် လည်ထူထောင်ပေးကြပါဘုရား...။''
ဆရာတော်အမိန့်ရှိသွားတာကိုဆက်စပ် တွေးခေါ်ကြည့်ရင် မြန်မာပြည်အနောက်တံခါး ရဲ့ အခြေအနေဟာ မတွေးရဲလောက်အောင် ဖြစ်နေပါတယ်။ ရခိုင်ပြိုရင် ဗမာငိုရမယ်ဆိုတဲ့ စကားပုံဟာ လမ်းဘေးကပေါ်လာတဲ့ သာမည စကားပုံမဟုတ်ပါဘူး။ အသက်အောင့်ထားသူ တွေရဲ့ ရင်ခေါင်းသံတွေဖြစ်နိုင်ပါတယ်။ လက်ရှိ အခြေအနေအရ မောင်းတောခရိုင်အတွင်းမှာ ကုလားဗလီက (၁၂၇၁)လုံးရှိပါတယ်။ အာရံမီ စာသင်ကျောင်းက (၇၇၁)ကျောင်းရှိနေ ပါတယ်။ သို့ပေမယ့် ဘုန်းကြီးကျောင်းကတော့ (၂ဝဝ)ပဲ ရှိပါတော့တယ်။ ဟိန္ဒူမယ်တော် ကျောင်းက (၁၇)ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းက (၂) ကျောင်းပဲရှိပါတယ်လို့ ဆရာသွေးသစ်ဝေ ဧရာဝတီရဲ့ နိုင်ငံတော်အုပ် ချုပ်ရေးမဏ္ဍိုင်နှင့် ဘာသာ သာသနာစာအုပ် မှာ ပြဆိုထားပါတယ်။
အရေအတွက်ချင်းက အဲဒီလောက်ကွာခြားနေပါပြီခင်ဗျာ...။
ရခိုင်သံဃာတော်တွေနဲ့ ရခိုင်လူမျိုးတွေ ဘယ်လိုကျီးလန့်စာစား အသက်မှေးနေရသလဲ တော့ မပြောတတ်ဘူး။ ကျွန်တော်တို့ဒေသက ဝန်ထမ်းတစ်ဦး မောင်းတောဘက်ကို တာဝန် ကျလို့ ခရီးထွက်ကာနီးမှာ သူ့မိသးစုက မှာတမ်း ချွေနေပုံကို မြင်စမ်းစေချင်ပါတယ်။ တကယ့် လူသတ်ကုန်းကို သွားရတော့မယ့် သားတစ် ယောက်ကို မခွဲနိုင်မခွာရက်မှာ နေကြသလို ပါပဲ။ ကိုယ့်သားသမီးကျတော့လည်း စိုးရိမ် တတ်လိုက် ကြတာဗျာ...။ လူ့အခွင့်အရေးနဲ့ အမျိုးစောင့်ဥပဒေတော်ကြီးကို ကန့်ကွက် အော်ဟစ်နေကြတဲ့ လူတွေ ...ခင်ဗျားတို့ရဲ့ သားသမီးတွေကို ရခိုင်ပြည်ပြန် လည်ထူ ထောင်ရေးအတွက် လွှတ်ပေးကြပါလား ဗျာ...။
ပြီးတော့...အမျိုးစောင့်ဥပဒေကိစ္စ ဟာ ရဟန်းသံဃာနဲ့မဆိုင်ပါဘူး။ ရဟန်းဆိုတာ ဂန္ထဓုရ၊ ဝိပဿနာဓုရပဲလုပ်ရမယ်။ သံသရဝဋ ဒုက္ခတောနဲ့ တောရဆောက်တည်ပြီး တရားပဲ အားထုတ်နေသင့်ပါတယ်လို့...အသံကောင်း လွှင့်နေတော်မူကြသော (အချို့သော)ဆရာ တော်များကို လျှောက်ထားချင်ပါတယ်ဘုရား။
''မောင်းတောတောရနဲ့ ဘူးသီးတောင် တောရမှာ သစ်တောသစ်ပင်တွေနဲ့ ပိုပြီးအေး ချမ်းပါတယ်။ လူနေအိမ်ခြေတွေနဲ့ ကုလလေး တာ အပြန်ငါးရာလည်းဝေးပါတယ်။ ရခိုင်ဗုဒ္ဓ ဘာသာတွေရဲ့ အသက်နဲ့ရင်းထားတဲ့ ဆွမ်း ကြမ်း ကြမ်းလေးတွေက ပိုပြီးတော့ဓက သနိက် ပတ္တပိုဏ် အဖြစ်သင့်လျှော်ပါတယ်ဘုရား။ ရခိုင်ပြည်သား ဒကာ၊ ဒကာမများကို အစဉ် သနားစောင့် လျှောက်ချီးမြှောက်သောအားဖြင့် ဘူးသီးတောင် မောင်တောတောရမှာ သီ တင်းသုံး ဝါကပ်ပေး တော်မူကြပါလို့ လျှောက် ထားပါရစေဘုရား။''
ညီလာခံနှစ်ပတ်လည်မှာ ရခိုင်ဆရာ တော်တွေ မိန့်သွားတာ ဟုတ်/မဟုတ်လည်း သိရတာပေါ့ဘုရား။ အရင်မဟာမောဂ္ဂလ္လာန် လို တန်ခိုးဧဒဂ်ဘွဲ့ရပုဂ္ဂိုလ်တောင် ဘင်္ဂါလီ ခိုးသားငါးရာရဲ့လက်ချက်က မလွတ်ခဲ့ဘူး ဆိုတော့ သတိတော့အထူးထားရမှာ ပါဘုရား။
ကိုယ်နဲ့ ကိုယ့်ဝန်းကျင် မထိခိုက်သေး သရွေ့ ကျွန်တော်တို့ကိုယ်တိုင်လည်း နေသာသ ပလေ ညာက ဖြစ်နေခဲ့မိတာ ရခိုင်ညီနောင် များကို တောင်းပန်ပါတယ်။ ညီလာခံကြီးကို တက်ရောက်လာကြတဲ့ ရခိုင်ညီနောင်များနဲ့ လည်း ဒူးတိုက် ဆွေးနွေးခွင့်တွေရရှိခဲ့ပါတယ်။ ဝိုင်အမ်ဘီအေ အသင်းခွဲ (၂၁)က ရခိုင်လူမျိုး ကိုထွန်းမြင့်ဦးက ပြောပါတယ်။
''မောင်း တောနယ်မှာ ရွာပေါင်း (၅ဝဝ)ကျော်ရှိပေမယ့် ရခိုင်ရွာက (၄၉)ရွာပဲရှိ တာပါ။ ကုလားရွာ တွေက အိမ်ခြေ (၂ဝဝ)နဲ့အ ထက်မှာရှိပြီး ရခိုင် ရွာတွေက အိမ်ခြေ(၅ဝ) အောက်မှာပဲရှိပါ တယ်။ ဒါကိုသိထားတဲ့ ဥှုဃ သြဇာခံြွဥ တွေကလည်း ထောက်ပံ့ကူညီပေး တာတောင် မှ အိမ်ခြေ(၅ဝ)နဲ့အထက်ကိုမှ ရွာအဖြစ်သတ် မှတ်ပြီး ထောက်ပံ့ပေးတာပါ။ ရခိုင်ရွာတွေ ထောက်ပံ့ကြေးမရတာများ ပါတယ်ဗျာ...။
ဒါ...တမင်သက်သက် ကုလားရွာ တွေကိုပဲ ထောက်ပံ့ချင်လို့ ခွင်ဆင်တာပါ။ လူ နည်း စုရခိုင်တွေက ပဒပ်စာချိုးတယ်။ ဂဏန်း ထောင်တယ်။ ကွန်ပစ်တယ်။ ထင်းခုတ်တယ်။ ထောင် ထားတဲ့ဂဏန်းပုံးတွေကို ကုလားတွေ ဖျက်ဆီးတာခံရတယ်။ ရေနက်ကွင်းမှာလည်း ကုလားတွေက သစ်ကိုင်းခြောက်တွေပစ်ချ ထားလို့ ကွန်တွေစုတ်ပြဲကုန်တယ်။ တောင် ပေါ်မှာထင်းခုတ်တော့လည်း အုပ်စုနဲ့ဝိုင်းပြီး အနိုင်ကျင့်ခံရတယ်။ လုပ်စရာမရှိလို့ ရွာနီးနား က လယ်ကို လုပ်မယ်ကြံတော့လည်း ခိုင်းစရာ နွားမရှိဘူး။
နွားသတ်ကုလားတွေလက်ချက်နဲ့ နွားတွေလည်းကုန်ပြီ။ အစိုးရက ထွန်စက် တွေချပေးခဲ့ဖူးပါတယ်။ ရိုးတဲ့ရခိုင်တွေဟာ စက်ကိုမကိုင်တတ်ဘူး။ တတ်တဲ့လူငယ်တွေ ကလည်း နိုင်ငံခြားထွက်ကုန်ပြီ။ လိုအပ်တဲ့ ဂွင်း၊ ဂွ သံထည်ပစ္စည်းဆိုတာကလည်း ကုလား လက်ထဲမှာပဲရှိတာဆိုတော့ သူတို့ရဲ့အခြေ အနေကို စဉ်းစားသာကြည့်ပေါ့ဗျာ...။
ဟုတ်ပါတယ်...ရဟန်းစားသော ဆွမ်းတစ်နပ်ဆိုတာ အဲဒီမှာမှ သဘာဝကျ တာပါ။ ရ ခိုင်လူမျိုးတွေ အသက်နဲ့ရင်းထားတဲ့ ဆွမ်းတစ်နပ်ကို ရခိုင်သံဃာတွေ ဘယ်လို နည်းနဲ့ မြိုချရမှာလဲ။ 'အညမညဝစနေန အည မညဝုဌာပနေန''ဆိုတဲ့ အတိုင်းပေါ့။ညီနောင်သားချင်းတွေအတူတူ ဆွေးနွေးတဲ့ရလာဒ်က ကောင်းကျိုးတွေကိုဖြစ်စေ ခဲ့ပါတယ်။ ဒါ ကြောင့်လည်း ဧရာဝတီတိုင်း ကျုံပျော် မ. ဘ.သ အဖွဲ့ကိုထေရက ဦးဆောင်ပြီး တော့ မောင်းတောဒေသအတွက် ခိုင်းနွားတွေ လှူဖို့ ဇီဝိတဒါနအဖွဲ့က စီစဉ်ခဲ့ကြပါတယ်။
ဘာပဲ ပြောပြော ဒီကိစ္စဟာ ရခိုင်ပြည်ပြန်လည်ထူ ထောင်ရေး ဆောင်ရွက်နေတဲ့ အစိုးရပိုင်းအ တွက်လည်း အကူအညီဖြစ်စေသလို အကျပ်အ တည်းဆိုက်နေတဲ့ ညီနောင်တွေကို ဒီအတိုင်းပြစ် မထားပါဘူးဆိုတဲ့ သက်သေ လည်းမည်ပါတယ်။ မုတ်ဆိတ်တွေတဖွားဖွား ပိတ်ဖြူတွေတကားကားနဲ့ ရက်စက်တဲ့မျက် လုံးတွေရဲ့အလယ်မှာ အသက်အောင့်ပြီး နေနေကြရတဲ့ ရခိုင်ညီအစ်ကိုတွေအတွက် အ သက်ရှူခွင့်လေး တစ်အောင့် တစ်နားရစေချင် တဲ့ စေတနာသန့်သန့်နဲ့ တင်ပြရခြင်းဖြစ် ပါတယ်။
သူရိန်စိုး(ဓမ္မဒူတ)
____________________________________
Aungzayyatu ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

No comments: