Wednesday, April 9, 2014

ဘရာဇီး တပ်မတော်မှ ASTROS II Mk3 ဒုံးယာဉ်များ၏ အဆင့်မြှင့်တင်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း





ဘရာဇီး တပ်မတော်သည် Artillery SaTuration ROcket System (ASTROS) II Mk3 MLRS ဒုံးလက်နက် စနစ်များ၏ အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် Avibras Industria Aeroespacial ကုမ္ပဏီနှင့် စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါသည်။
ယင်းဒုံးစနစ်၏ အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် မူရင်းထုတ်လုပ်သော ကုမ္ပဏီနှင့် အပြီးသတ် လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက် ရှိပြီး စာချုပ်ချုပ်ဆိုမှုအား မကြာမီ ကာလအတွင်း တရားဝင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ဘရာဇီး တပ်မတော်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးမှ IHS Jane's သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ASTROS Mk3 ဒုံးလက်နက် စနစ်များအား Goias ပြည်နယ် Formosa ဒေသအခြေစိုက် အမှတ်(၆) Multiple Rocket Launcher Group တွင် တပ်ဆင် အသုံးပြုလျက် ရှိပါသည်။ အဆိုပါ အဖွဲ့အား ယခုအခါ အမှတ်(၆) Missiles and Rocket Group ဟု ပြောင်းလဲခေါ်ဆို သတ်မှတ်ခဲ့ပါသည်။
ဒုံးလက်နက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်မည့် အစီအစဉ်သည် မဟာဗျူဟာမြောက် ASTROS 2020 MLRS စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်ကြား ကာလအတွင်း Formosa ဒေသအခြေစိုက် Missiles and Rocket အဖွဲ့သစ်ထံသို့ ASTROS Mk 6 ဒုံးတပ်ခွဲ ၃ ခွဲ တပ်ဆင်ပေးမည့် လုပ်ငန်း အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ပါသည်။
ခေတ်မီပုံစံဖြင့် ထုတ်လုပ်ထားသော အဆိုပါ ဒုံးစနစ်အား ASTROS II Mk 3M အမျိုးအစားဟု ခေါ်ဆိုပြီး ASTROS Mk 6 အမျိုးအစား၏ သွင်ပြင်လက္ခဏာများကိုပါ ပေါင်းစပ်ထည့်သွင်း တည်ဆောက် ထားပါသည်။ ASTROS Mk 3M ဒုံးစနစ်၌ အဆင့်မြင့် သံချပ်ကာ ယာဉ်မောင်းခန်း၊ ဒီဂျစ်တယ် စနစ်သုံး ဆက်သွယ်ရေးနှင့် လမ်းညွှန်စနစ်၊ Contraves Fieldguard စနစ်အစားထိုး ရေဒါသစ် တစ်စုံတို့ ပါဝင်ပါသည်။ ထို့အပြင် Avibras ကုမ္ပဏီမှ ထုတ်လုပ်ထားသော AV-TM 300 ခရုစ်ဒုံး၊ AV-SS-40G လမ်းညွှန် စနစ်ပါ ပဲ့ထိန်းဒုံးနှင့် ဘရာဇီး တပ်ဖွဲ့အတွင်း လက်ရှိ အသုံးပြုလျက် ရှိသော AV-SS-30? AV-SS-40? AV-SS-60 ဒုံးများကိုလည်း တပ်ဆင်ပစ်ခတ်နိုင်မည် ဖြစ်ပါသည်။ ASTROS II Mk3 ဒုံးစနစ်တွင် အသုံးပြုခဲ့သော(၆ x ၆) Mercedes-Benz 2028A ယာဉ်အမျိုးအစားကို ဆက်လက် အသုံးပြုသွားမည် ဖြစ်ပါသည်။

Opposit Eye

No comments: