Tuesday, April 8, 2014

“ မျိုးချစ်စိတ်ကိုမစော်ကားပါနှင့်။ ’’


၁၅-၂-၂၀၁၄ ရက်နေ့ထုတ် သူရိယနေ၀န်းဂျာနယ်Vol:(1), No.(17), စာမျက်နှာ(၁၅) ပါ ဆောင်းပါးရှင် ထက်မြက်ရေးသားသော “ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေချင်သူများ”ဆောင်းပါးပါ
အမျိုးသားရေးတက်ကြွလှုပ်ရှားသူများကို ပုတ်ခတ်စော်ကားရေးသားချက်များအား တုန့်ပြန်ရေးသား သွားပါ မည်။ဆောင်းပါးပါအချက်အလက်များသည် အမျိုးသားရေးလှုပ်ရှားနေသူများကိုစော်ကားရုံ မျှ မက မျိုးချစ် စိတ်ရှိသော အမျိုးဘာသာ သာသနာကိုစွမ်းစွမ်းတမံဆောင်ရွက်နေသူများကို အစွမ်းကုန် တိုက်ခိုက်
လိုက်ခြင်းဖြစ်ပါသည်။

ဆောင်းပါးပါအချက်အလက်များကို လေ့လာကြည့်လိုက်သော အခါ“ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ) သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ၀င်အရွေးခံခွင့်မရှိသော ဥပဒေဖြစ်၏။ ထိုဥပဒေကို စတင်ရေး ဆွဲကတည်းက ရည်ရွယ်ချက်ရှိရှိ နှင့် ရေးခဲ့ခြင်းလည်းဖြစ်သည်။” ဟုရေးသားထားရာ   ဆောင်း ပါးရှင် စာရေးဆရာ ထက်မြက် သည် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုဖတ်ဖူး ပုံမရပေ။

လူထုမောင်ကာလု

No comments: