မတ် ၂၆ ရက်နဲ့ ၂၇ ရက်က ရခိုင်ပြည်နယ် စစ်တွေမှာ ဖြစ်ပွားခဲ့တဲ့နိုင်ငံ
တကာအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေရဲ့ ပဋိပက္ခဟာ တစ်ဖက်ကဘင်္ဂါလီအသိုင်းအဝိုင်းပေါ် အများကြီး အကျိုးသက်ရောက်မှု ဖြစ်ခဲ့ပါတယ်။
WFP လို ဆန်ထောက်ပံ့ရေးအဖွဲ့တွေ ထွက်သွားခြင်းဟာ ဘင်္ဂါလီအသိုင်းအဝိုင်းမှာ ရိက္ခာပြတ်လပ်မှုကို တော်တော်လေး ရိုက်ခတ်သွားပါတယ်။
အရင်က ဆန်လေးဗူး(တစ်ပြည်မှာတစ်ဝက်) ကို ၂၅၀ ဈေးရှိတဲ့ ဘင်္ဂါလီဈေးတွေမှာ WFP ထွက်သွားပြီးနောက်ပိုင်း ၄၅၀ နဲ့ ၅၀၀ ထိ ထက်ဝက်လောက်ဈေးတက်သွားပါတယ်။
ဒီနေရာမှာ WFP တို့ ရှိစဉ်က ဈေးကောင်းပေးဝယ်လိုက်တဲ့ ဘင်္ဂါလီကြေးရတတ်တွေ ဆီမှာတော့ ရိက္ခအလုံအလောက် ကျန်ခဲ့ပေမဲ့ ဒါးပိုင်၊ သက္ကေပြင်တို့လို ဒုက္ခသည်စခန်းတွေက မိသားစု သုံးပုံတစ်ပုံလောက်ဟာ သူတို့ ကလေးတွေကို ဈေးမှာ ဆန်တောင်းခိုင်းနေပါတယ်။
လက်ရှိမှာ စစ်တွေနဲ့ အခြားမြို့တွေက ဘင်္ဂါလီဒုက္ခသည်စခန်းတွေဟာ ပင်လယ်ကမ်းစပ်နဲ့ အနီးဆုံးမှာ ရှိနေတဲ့အတွက် ရခိုင်လူမျိုးတွေရဲ့ ပင်လယ်အစားအစာဟာ ဘင်္ဂါလီတွေအပေါ်မှာရှိနေပြီး ကုန်ပစ္စည်းလဲလှယ်မှုတွေကတော့ ရှိနေဆဲပါပဲ။
ရိက္ခာပြတ်သွားရင် ခိုးဆိုးလုယက်မှုတွေ ဖြစ်လေ့ရှိတဲ့ ထုံးစံအတိုင်း အစာရေစာအတွက် ဒုစရိုက်မှုတွေ ထပ်ဖြစ်လာနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ လုံခြုံရေးအင်အားကို လျစ်လျူရှုထားတဲ့ ပြည်ထဲရေးနဲ့ ရခိုင် ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့် အားနည်းမှုတွေဟာ ဆိုးဆိုးရွားရွား အခြေအနေမှာပါ။
သင်္ကြန်အပြီး ဧပြီ ၂၁ ရက်အလွန်မှာ နိုင်ငံတာအဖွဲ့တွေ ပြန်ဝင်လာမယ်လို့ သတင်းတွေ ထွက်နေပေမဲ့ ရခိုင်ရပ်မိရပ်ဖတွေနဲ့ ပြည်နယ်အစိုးရရဲ့ လုပ်ကိုင်နိုင်စွမ်းတွေဟာ သတိထားစောင့်ကြည့်ရမဲ့ အခြေအနေပါ။
မြတ်ကျော်သူ
(8/April/2014)

No comments:
Post a Comment