Friday, April 11, 2014

အကာအကွယ်နှင့် လျင်မြန်မှုတွင် မည်သည့်အရာက ဘက်စုံစစ်ဆင်ရေးတွင် ပို၍အရေးပါလာမည်နည်း(နိဂုံး)


ကျွန်ုပ်တို့၏ ယာဉ်ပေါ်မှ အတက်အဆင်း ပြုလုပ်နိုင်စွမ်းမှာလည်း ပိုမိုကောင်းမွန်လာမည် မဟုတ်ပေ။ ထို့အပြင် ကျွန်ုပ်အနေဖြင့် အနည်းငယ် တွန်းအားပေးထောက်ပြလိုသည်မှ

ာ မည်သည့် စစ်သည်မှ နှေးကွေးစွာလှုပ်ရှားနေသည့် MRAPတိုက်ယာဉ်နှင့်အတူ ရန်သူအား တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ချင်ကြမည်မဟုတ် ပေ။ အမေရိကန်ကြည်းတပ်သည် ပြီးခဲ့သော ၈ နှစ်ကျော်ကြာစစ်ပွဲကာလအတွင်း ကျွန်ုပ်တို့၏ အကာအကွယ်နှင့် ကြာရှည် တိုက်ပွဲဝင်နိုင်ရေးကို အဓိကဦးတည်၍ ခေတ်မီကိရိယာများစွာကို တပ်ဆင်ပေးခဲ့ပါသည်။ သို့သော်ထိုကိရိယာ များကလည်း ကျွန်ုပ်တို့၏ ခြိမ်းခြောက်မှုများ အား ကြိုတင်သိရှိ နိုင်စွမ်းနှင့် ရန်သူမှကျွန်ုပ်တို့ အား လျှပ်တစ်ပြက်တိုက်ခိုက်မှု မပြုလုပ်ခင် ချေမှုန်းနိုင်စွမ်းရည်တို့အား တိုးတက်လာ စေခြင်းမရှိခဲ့ပေ။ အကာအကွယ်ကောင်းမွန် စေရေးအတွက် ဦးစားပေးလုပ်ဆောင်ချက်များ ကြောင့် ကျွန်တော်တို့ စစ်သည် များ၏ လျင်မြန်မှုနှင့် လှုပ်ရှားနိုင် စွမ်းတို့ကို စွန့်လွှတ်ခဲ့ရပါသည်။

ကျွန်ုပ်တို့၏ အားလုံး သောကိရိယာများသည် တိုက်ခိုက် မှုဖြစ်ပွားချိန်တွင် စစ်သည်များ အား အကာအကွယ်ဖြစ်စေရန် အတွက်သာ ဒီဇိုင်းဆွဲတည် ဆောက်ထားပါသည်။ ထို့ကြောင့် ရန်သူသည်ကျွန်ုပ်တို့၏ အားနည်း ချက်များကို ထိရောက်စွာ အသုံးချ နိုင်မည့်နည်းဗျူဟာ၊ နည်းစနစ်နှင့်လုပ်ငန်းစဉ် များကိုချမှတ်နိုင်မည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ထောက်လှမ်းခံရခြင်းမှလည်း လွတ်မြောက်နေ နိုင်မည်ဖြစ်သည်။ သို့သော်အပူပုံရိပ်ဖော် ထောက်လှမ်းရေးစနစ်များ တပ်ဆင်ထားသည့် အဝေးထိန်းလက်နက်ကဲ့သို့ ကိရိယာများမှာမူ တိုက်ယာဉ်များ၏ စွမ်းဆောင်ရည်အားပိုမို တိုးတက်လာစေပြီး ရန်သူအားနောက်ရောင်ခံ လိုက်နိုင်စွမ်းကို ပိုမိုတိုးတက်လာစေမည်ဟု ညွှန်းဆိုလိုပါသည်။

ထိုကဲ့သို့စနစ်များကို တပ်ဆင်အသုံးပြု ခဲ့ခြင်းကြောင့် ကျွန်ုပ်တို့အနေဖြင့် ရန်သူအား ထောက်လှမ်းခြင်း၊ ခွဲခြားသတ်မှတ်ခြင်းနှင့် ခြေရာခံခြင်းတို့ကို ပြုလုပ်နိုင်ပြီး ရန်သူ၏ တိုက်ခိုက်မှုများကိုလည်း ကာကွယ်နိုင်ခဲ့ကာ ဦးစွာ ချေမှုန်းတိုက်ခိုက်ရမည့် ခြိမ်းခြောက်မှုများ ကိုလည်း ခွဲခြားသိနိုင်သည်။ လှုပ်ရှားစစ်ကစား နိုင်စွမ်း ပိုမိုကောင်းမွန်သော တိုက်ယာဉ်တစ်စီး ကိုပါအသုံးပြုနိုင်ပါက ရန်သူအားလက်ဦးမှု ရယူနိုင်ရန်အတွက် လိုအပ်သောလျင်မြန်မှု ကိုရရှိမည်ဖြစ်ပြီး တိုက်ခိုက်မှုများကိုလည်း အောင်မြင်စွာဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ကောင်းမွန်ပြည့်စုံသော လှုပ်ရှား နိုင်စွမ်းကသာ ကျွန်ုပ်တို့၏ စစ်သည်များလုံခြုံ ရေးအတွက် အာမခံချက်ပေးနိုင်မည်ဖြစ်ပြီး အကာအကွယ်နည်းပါးသည့်တိုင်အောင် ၎င်းင်းတို့၏စစ်ဆင်ရေးတာဝန်များနှင့် တိုက်ပွဲ လုပ်ငန်းစနစ်များကို အောင်မြင်စွာ ဆောင်ရွက် နိုင်စွမ်းရှိသည်။

အမေရိကန်တပ်ဖွဲ့များအနေဖြင့် လက်ရှိ ရှေ့တန်းစစ်မြေပြင်များအတွင်း အထက်နှင့် အောက်တို့အကြား ခေါင်းဆောင်မှုပိုင်းဆိုင်ရာ စိန်ခေါ်မှုများလည်း ရှိလာသည်။ တပ်မှူးများ အနေဖြင့်လက်အောက်ခံတို့အား ထိုးစစ်အဟုန် အား ထိန်းသိမ်းစေရန်နှင့် လက်ဦးမှုရယူနိုင် မှုအား ထိန်းသိမ်းထားရန်အတွက် အစဉ်အမြဲ တွန်းအားပေး ဆောင်ရွက်နေမည် ဖြစ်သည်။ ယင်းသို့ဆောင်ရွက်နိုင်ရန်အတွက် ကျွန်ုပ်တို့ အနေဖြင့် လှည့်ပတ်ရှာဖွေ
ထောက်လှမ်းမှုများကို ပေါ်ပေါ်တင်တင်ပြုလုပ်ရပြီး တိုက်ယာဉ် ဆုံလည် များကို အဆက်မပြတ်လှည့်ပတ်၍ လက်နက် များကိုလည်း အောက်စိုက်ကာပစ်ခတ်ရန် အသင့်အနေအထားဖြင့်ရှိနေစေရသည်။ သို့သော် ကျွန်ုပ်တို့၏ တပ်စိတ်အဆင့်၏ စစ်ဆင် ရေးသဘာဝအရမူ ထိုးစစ်ဆင်နိုင်စွမ်းရည်မှာ နည်းပါးပါသည်။

စစ်သည်များအနေဖြင့် ရန်သူ့သတင်း အချက်အလက်များကို အသေးစိတ်ထောက်လှမ်း သိရှိခြင်း မရှိသည့်တိုင်အောင် ကင်းထောက်အဖွဲ့ အချင်းချင်း ထိတွေ့ဆောင်ရွက်နိုင်ရန်အတွက် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။ ယင်းမှာ ထိုးစစ်ဆင်ရေးမူဝါဒတစ်ခု ဖြစ်သော်လည်း အီရတ်စစ်မြေပြင်တွင်မူ မိမိ တပ်ဖွဲ့အချင်းချင်း ဆက်သွယ်မှုရရှိရေးကိုသာ ပြုလုပ်နေရသဖြင့် ခံစစ်သက်သက်သာဖြစ်ခဲ့ ရသည်။ ကျွန်ုပ်တို့အနေဖြင့် ယင်းတွင်ရန်သူ အား လက်ဦးမှုရယူထောက်လှမ်းမှုကိုလည်း ရံဖန်ရံခါသာ ပြုလုပ်နိုင်ခဲ့ပြီး ရန်သူ့အခြေအနေ အား အနီးအနားမှ ဖြတ်သန်းသွားသည့် ကျည် ပေါက်ကွဲသံများ(သို့မဟုတ်)ကျွန်ုပ်တို့၏ ကင်းထောက်ဧရိယာအတွင်း ပေါက်ကွဲမှုများမှ တဆင့်သာ သိရှိခဲ့ရပါသည်။

စစ်သည်များကဲ့သို့ အောက်ခြေအဆင့် မှလာသော ခေါင်းဆောင်မှုဆိုင်ရာပြဿနာ များမှာ ၎င်းင်းတို့ထံရောက် ရှိလာသည့်သတင်း အချက်များမှာ ရှုပ်ထွေးပြီး ရှင်းလင်းလွယ်ကူခြင်း မရှိသည့် အချက်ပင်ဖြစ်ပါသည်။ အီရတ် လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးတွဲတာဝန်ထမ်းဆောင် ရသည့် တပ်စုနှင့်အထက်စစ်ဆင်ရေးများတွင် စစ်သွေးကြများ၏ ကွန်ယက်များကို ဖိအား ပေးဖြတ်တောက်နိုင်ရန်နှင့် ထိုးစစ်ဆင်မည့် ပတ်ဝန်းကျင်တစ်လျှောက်တွင် မိမိတပ်ဖွဲ့များ အကာအကွယ်အတွက် ကြိုတင်ပြင်ဆင်မှု များကို ပြုလုပ်ထားရမည် ဖြစ်ပါသည်။ သို့သော် စစ်သည်များနှင့် အရာရှိငယ်များအနေဖြင့် ယင်းရည်မှန်းချက်များအတွက် နည်းဗျူဟာအရ ရှုမြင်သုံးသပ်နိုင်ရန် ခက်ခဲလှပါသည်။ ထိုသို့သော အခြေအနေတွင်း ရန်သူနှင့်၎င်းင်းတို့၏နည်းဗျူ ဟာ၊ နည်းစနစ်နှင့် တိုက်ပွဲလုပ်ငန်းစနစ်များကို ရင်ဆိုင်၍လက်ဦးမှုရယူရန်(သို့မဟုတ်) လက်ဦးမှုအားထိန်းသိမ်းထားရန်အတွက် စစ်ကစားမှုနှင့်လျင်မြန်မှုအားနည်းနေပါက ကျွန်ုပ်တို့အနေဖြင့် မည်သည့်အတိုင်းအတာ အထိထိုးစစ်ဆင်နိုင်မည်နည်းဟု မေးခွန်းထုတ် လိုပါသည်။
ကျွန်ုပ်ကိုယ်တိုင် ပါဝင်ဆောင်ရွက် ရသော ရည်မှန်းချက်တာဝန်များနှင့် ပတ်သက် ၍ အကျဉ်းချုပ်ဖော်ပြရလျှင် ကျွန်ုပ်အနေဖြင့် အရှိန်အဟုန်ဖြင့် ဖိအားပေးခြင်း၊ လက်ဦးမှုရယူ တိုက်ခိုက်ခြင်းနှင့် စဉ်ဆက်မပြတ်တိုက်စစ် ဆင်ခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့ ပါသည်။ ယင်းအချက်များနှင့် ပတ်သက်၍လည်း ကျွန်ုပ်၏တပ်စုများကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါသည်။ သို့သော် တစ်ခါတစ်ရံတွင်မူ ကျွန်ုပ်၏ စစ်သည်များက ““ဒီလိုပုံစံမျိုးထိုးစစ် ဆင်နိုင်မည့် တစ်ခြားနည်းလမ်းမရှိဘူးလား ဆရာ””ဟု ပြန်လည်မေးမြန်းခြင်းကိုပင် ခံရ ပါသည်။ ယင်းမှာကျွန်ုပ်တို့အနေဖြင့် အောက် ခြေအား အတွင်းကျကျရှင်းပြဖို့ ထပ်မံလိုအပ် ဖွယ်ရာရှိသည်ဟု သုံးသပ်ရပါသည်။ ကျွန်ုပ် အနေဖြင့် စစ်ဆင်ရေးအတွင်း ထိုးစစ်ဆင်ခြင်း၌ ကျွန်တော်တို့၏ကဏ္ဍများကို အထက်ခေါင်း ဆောင်ပိုင်းများထံ အကောင်းဆုံးရှင်းပြနိုင်ခဲ့ သော်လည်း အောက်ခြေအဆင့်များကိုမူရှင်းပြ ရန်များ ကျန်ရှိနေပါသေးသည်။ လက်တွေ့ စစ်မြေပြင်၌ ကျွန်ုပ်တို့အနေဖြင့် ရည်မှန်းချက် များကို ဆောင်ရွက်ရာတွင် စစ်သည်များအနေ ဖြင့် ထိုးစစ်ဆိုသော်လည်းခံစစ်သာဖြစ်နေရ သည့် အခြေအနေများလည်း ရှိခဲ့ပါသည်။ ရန်သူအား ထောက်လှမ်းသိရှိ နိုင်စွမ်းနည်းပါး နေချိန်တွင် စစ်သည်များအားလက်ဦးမှုယူ တိုက်ခိုက်ရန်(သို့) လက်ဦးမှုပြန်လည်ရယူ စေရန်အတွက် စည်းရုံးရန်မှာ လွန်စွာခက်ခဲမည် ဖြစ်ပါသည်။ စစ်သည်များအနေဖြင့် ရန်သူအား မိမိ၏ခြေထောက်အောက်တွင် ပြားပြားဝပ်နေ စေမည့်အနေအထားကိုသာ လိုချင်ကြမည်ဖြစ် ပါသည်။ သို့သော် ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် သတင်းအရင်းအမြစ်များနှင့်ပစ္စည်း ကိရိယာများကို တတ်နိုင်သမျှရရှိရန် လိုအပ်ပါ သည်။

လက်ရှိအချိန်တွင် ကျွန်တော်တို့တွင် ရန်သူအပေါ် အမှန်တကယ်ထိုးစစ်ဆင်စစ်က စားဖူးသော အတွေ့အကြုံမရှိသည့် မျိုးဆက်သစ် စစ်သည်များရှိလာပြီဖြစ်သည်။ ယင်းတို့ အနေဖြင့် တိုက်ရိုက်ပစ်ကူ၊ သွယ်ဝိုက်ပစ်ကူနှင့် လေကြောင်းပစ်ကူတို့ဖြင့် ရည်မှန်းချက်အား ချေမှုန်းသည့် အတွေ့အကြုံသာရှိပါသည်။ အမေရိကန်ကြည်းတပ်အနေဖြင့် အမြန်တုံ့ပြန် တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုဖြစ်ရန် အဓိက ရည်မှန်း၍ သံချပ်ကာတိုက်ယာဉ်များဖြင့် ဖွဲ့စည်း ပေးထားသော်လည်း ရန်သူအားလက်ဦးမှု ရယူနိုင်ရေးအတွက် လိုအပ်ချက်များရှိနေဆဲ ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့်အီရတ်မှ အပြီးတိုင်ဆုတ်ခွာပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တွေ့ကြုံခဲ့ရသော အတွေ့အကြုံများအား စစ်သည်များသို့ နှုတ်ဖြင့်ရော၊ စာဖြင့်ပါပေးပို့ မျှဝေသွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် တပ်ဖွဲ့ဝင်များအတွက် လက်နက်ကိရိယာ အသစ်များတပ်ဆင်ခြင်းကြောင့် ရန်သူအား လက်ဦးရယူနိုင်မှု၊ အနီးကပ်တိုက်ပွဲအတွင်း ချေမှုန်းရေးဆောင်ရွက်မှု၊ စွမ်းရည်များကျဆင်း ခဲ့မှုတို့ကိုကိုယ်ပိုင်အတွေ့အကြုံများအရကောင်းစွာ သိရှိခဲ့ပါသည်။

အီရတ်နိုင်ငံအတွင်း တန်ပြန်သောင်းကျန်းသူ ချေမှုန်းရေးစစ်ဆင်ရေးများတွင် အကာအကွယ်
ကောင်းမွန်ရန်အတွက် စစ်လက်နက်ကိရိယာ များတွင် ခေတ်မီအဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ သို့သော် ဘက်စုံစစ်ဆင်ရေး အတွင်း ရန်သူအားလက်ဦးမှုရယူနိုင်ရန်အတွက် တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုနှင့်လျင်မြန်မှုကို ကျဆင်းစေသော ကိရိယာများကိုမူတပ်ဆင်ရန် မသင့်တော်ပေ။ ကျွန်ုပ်တို့အနေဖြင့် အကာအကွယ် အတွက်ကိုသာ ဦးစားပေးနေသောအမှား တစ်ခုကို ကျူးလွန်၍ ကိရိယာအသစ်များကိုသာ တပ်ဆင်ပေးမိပါက တပ်ဖွဲ့များ၏စစ်ကစားမှု လျင်မြန်မှုနှင့် ရန်သူအားထောက်လှမ်းခြင်း၊ ခွဲခြားသတ်မှတ်ခြင်းနှင့် ခြေရာခံခြင်းစွမ်းရည် တို့မှာ ဟန်ချက်ပျက်ပြားသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏တပ်ခွဲများနှင့်တပ်စုများ တွင်ဘက်စုံစစ်ဆင်ရေးများတွင် ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်စေပြီး စစ်မြေပြင်အတွင်းရန်သူအားလွှမ်းမိုး စေနိုင်ရန်အတွက် တိုက်ယာဉ်များတွင်လျင်မြန် မှုကိုထိခိုက်မှုမရှိစေသော ကိရိယာများကိုသာ တပ်ဆင်ပေးသင့်ကြောင်း တိုက်တွန်းဖော်ပြ အပ်ပါသည်။

OppositEye

No comments: