Thursday, May 29, 2014

ကိုယ်ဝန်ရှိနေတဲ့ ဇနီးကို အစ္စလာမ်ဘာသာဝင်ခိုင်းပြီး သတ်ခဲ့သော ခင်ပွန်း

လန်ဒန်က Forest Gate ရှိ နေအိမ်ထဲတွင် အသက်(၃၄)နှစ်အရွယ် Mohammed Badiuzzaman က ၎င်း၏ ဇနီးဖြစ်သူ ကလေးသုံးယောက်အမေ ကိုယ်ဝန်ဆောင်မိခင်ဖြစ်သည့် Sabeen Thandi အား လည်ပင်းညှစ်သတ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ လူသတ်မှုကျူးလွန်ခဲ့သော မိုဟာမက်ကို ထောင်ဒဏ်တသက် ကျခံစေရန် တရားရုံးက မေလ(၂၇)ရက်နေ့တွင် အမိန့်ချခဲ့သည်။
မိုဟာမက်က ၎င်းလု
ပ်ခိုင်းတဲ့အတိုင်း မလိုက်နာတဲ့ ဇနီးသည်ကို တူနဲ့ထုသတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီးနောက် ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ဇနီးသည်အား တကယ်သတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းက ဇနီးကို မသတ်ခင် ၎င်း၏ လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းများကို သူ ဇနီးအား သတ်မယ့်အကြောင်း ကြိုတင်ပြောဆိုခဲ့သည်ဟု သိရသည်။
(၂၀၁၂)ခုနှစ် နိုဝင်ဘာလနောက်ပိုင်း တွဲဖြစ်ခဲ့တဲ့ သန်ဒီအား နောင်နှစ်လအကြာတွင် မိုဟာမက်က သူမအိမ်သို့ ပြောင်းရွှေ့နေထိုင်လာခဲ့ကာ မူစလင်ထုံးတမ်းစဉ်လာ ထိမ်းမြားလက်ထပ်မှုအတိုင်း ဖိအားပေး၍ လက်ထပ် ထိမ်းမြားစေခဲ့ကြောင်း သိရသည်။
ထို့နောက်ပိုင်းတွင် သူမပါဘဲ သန်ဒီအား အိမ်အပြင်သို့ တစ်ယောက်တည်း မထွက်စေဘဲ ကိုယ်ဖော် ၊ လည်ဟိုက် အဝတ်အစားများကို လွှင့်ပစ်စေခဲ့ကြောင်း သို့မဟုတ်ပါက မိုဟာမက်က အမျက်ဒေါ်သ တချောင်းချောင်းထွက်၍ သူမအား ရန်လုပ်လေ့ရှိကြောင်း သိရသည်။
ဒါ့အပြင် လုံခြုံရေးအစောင့်အလုပ် လုပ်ကိုင်နေသည့်  မိုဟာမက်က သန်ဒီ ပိုင်ဆိုင်သောအိမ်ကို သူ့ပိုင်အိမ်သကဲ့သို့ လိမ်ညာအယောင်ဆောင်၍ အိမ်ခြံမြေပွဲစားထံ ချဉ်းကပ်ပြီး အိမ်ရောင်းချဖို့ ကြိုးစားခဲ့ကြောင်း သိရသည်။
မိုဟာမက် ၏ အနိုင်ကျင့် နှိပ်စက်ညှဉ်းပန်းမှုများကို စိတ်ပျက် ၊ စိတ်ကုန်နေသော သန်ဒီက မိုဟာမက် နှင့် တရားဝင် ကွာရှင်းပြတ်စဲဖို့ နားလည်တတ်ကျွမ်းသူများကို ပြီးခဲ့သည့်နှစ် ဇွန်လတွင် ချဉ်းကပ် ဆွေးနွေးခဲ့ဖူးကြောင်း သိရသည်။
သို့အတွက် ဇွန်လ(၁၇)ရက်နေ့တွင် မိုဟာမက်ကို  ကလေးများ၏ လုံခြုံရေးအတွက်  သန်ဒီ၏ နေအိမ်အတွင်း မဝင်ရောက်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
သို့ပေမယ့် သန်ဒီက Facebook ပေါ် တွေ့ရှိခဲ့သော ပါကစ္စတန်တွင် နေထိုင်သည့် Majid ဆိုသူနှင့် ရည်ငံနေတာကို တရားရုံးဆုံးဖြတ်ချက်အပြီး နှစ်ရက်အကြာတွင် မိုဟာမက် သိရှိ၍ အမျက်ဒေါသထွက်ကာ သန်ဒီအား အလုပ်လိုက်ပို့မည့်ဟု အတင်းပြောဆို၍ ၎င်း၏ကားပေါ်တင်ခေါ်ပြီး အလုပ်မပို့ဘဲ သုံးနာရီကြာမျှ  ကားလျှောက်မောင်းရင်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
သန်ဒီသာ သူ့စကားနားမထောင်ဘဲ ဆန့်ကျင်မည်ဆိုပါက ၎င်း၏သားကို ဘယ်တော့မှတွေ့ခွင့်ရတော့မည် မဟုတ်ကြောင်း ၊ ၎င်း၏ကားထဲတွင် တူပါလာခဲ့ပြီး သန်ဒီ့အား တူဖြင့်ထုသတ်မည်ဖြစ်ကြောင်း ၊ ရဲတွေက သန်ဒီ့၏ အလောင်းကို အမှိုက်ပုံးထဲရှိ ပလပ်စတစ်အိတ်အမည်းများ၌သာ တွေ့ရှိရမည်ဖြစ်ကြောင်း မိုဟာမက်က ခြိမ်းခြောက် ပြောဆိုခဲ့သည်။
ထိုသို့ခြိမ်းခြောက်ပြောဆို ပြုမူခဲ့မှုအတွက် ရဲများက ၎င်းအား ဖမ်းဆီးခဲ့ပေမယ့် ဘာတစ်ခွန်းမှ ဝန်ခံငြင်းဆိုပြောခြင်း မရှိသည့် မိုဟာမက်ကို နောက်ပိုင်းတွင် ဖမ်းဆီးထားရာမှ လွှတ်ပေးခဲ့ကြောင်း သိရသည်။
သို့ပေမယ့် ပြီးခဲ့သည့်နှစ် ဇွန်လိုင်(၇)ရက်နေ့တွင် ဘာမှမပြောဆိုသော အရေးပေါ်ဖုန်း နှစ်ကြိမ်ခေါ်ဆိုမှုကြောင့် ရောက်ရှိလာခဲ့သော ရဲဝန်ထမ်းများကို မိုဟာမက်က အေးအေးဆေးဆေးပင် ဇနီးသည် အလုပ်သွားနေကြောင်း တံခါးဖွင့် ပြောဆိုခဲ့သည်ဟု သိရသည်။
ရဲအရာရှိများက အိမ်ပတ်ဝန်းကျင်နှင့် အိမ်အတွင်း ဝင်ရောက်ရှာဖွေ စစ်ဆေးရာ၌ မိုဟာမက် လည်ပင်းညှစ်သတ်ခဲ့၍ အသက်မဲ့နေသော သန်ဒီ၏အလောင်းအား အိပ်ခန်းအတွင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုဟာမက်က သူ့ဇနီးကို သူသတ်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပေမယ့် သန်ဒီ့ကို ကယ်ဆယ်နိုင်ရေးအတွက် မိုဟာမက်အား ဘန်ဒီ့ဘာလုပ်ခဲ့သလဲ ဆေးအကူဝန်ထမ်းများက မေးမြန်းရာ မိုဟာမက်က မသိဘူးဖြေဆိုခဲ့ကြောင်း သိရသည်။
Newham  တက္ကသိုလ်ဆေးရုံသို့ ရောက်ရှိချိန်တွင် သန်ဒီသေဆုံးပြီးဖြစ်ကြောင်း ဆေးရုံက အတည်ပြုခဲ့၍ လည်ပင်းညှစ်ခံရသဖြင့် သေဆုံးခြင်းဖြစ်ကြောင်း အလောင်းကိုခွဲစိတ်ရာမှ စစ်ဆေးတွေ့ရှိခဲ့သည်။
Source : Dailymail
http://www.burmesehearts.com/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%9d%e1%80%94%e1%80%b9%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%80%b7-%e1%80%87%e1%80%94%e1%80%ae%e1%80%b8%e1%80%80%e1%80%ad/

No comments: