Saturday, May 31, 2014

လစ်ဗျားနိုင်ငံသို့ အလုပ်သမားများစေလွှတ်မှု ဖိလစ်ပိုင်တားမြစ်ပိတ်ပင်

30 May 2014
မနီလာ မေ ၃ဝ ဖိလစ်ပိုင် အစိုးရသည် ပဋိပက္ခများ ဖြစ်ပွားနေသော လစ်ဗျားနိုင်ငံသို့ အလုပ်သမားများ စေလွှတ်မှုကို တားမြစ်ကြောင်း မေ ၃ဝ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်ဟု  သိရသည်။
ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ  မေ ၂၉ ရက်တွင် လစ်ဗျားနိုင်ငံ ပဋိပက္ခဆိုင်ရာ သတိပေးချက် အဆင့် ၃ ကို  ထုတ်ပြန် ခဲ့ပြီးနောက် ဖိလစ်ပိုင် အစိုးရသည် ထိုသို့ တားမြစ် ပိတ်ပင်ရေး ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် အလုပ်သမား ဝန်ကြီး Rosalinda
Baldoz က ပြောကြား ခဲ့သည်။

အဆိုပါ သတိပေးချက် အရ လစ်ဗျားနိုင်ငံတွင် နေထိုင်လျက် ရှိသော ဖိလစ်ပိုင် အလုပ်သမားများ အနေဖြင့် မိမိတို့ အစီအစဉ်ဖြင့် နိုင်ငံမှ ထွက်ခွာရန် တိုက်တွန်း ထားကြောင်းနှင့် ဖိလစ်ပိုင် အစိုးရ အနေဖြင့် နေရပ်ပြန်ရေး ကုန်ကျ စရိတ်ကို တာဝန်ယူ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လစ်ဗျားနိုင်ငံတွင် နေထိုင်၍ အလုပ် လုပ်ကိုင်လျက် ရှိသော ဖိလစ်ပိုင် အလုပ်သမား ဦးရေမှာ ၂ဝ၁၂ ခုနှစ်တွင် ၂၈၁ ဦးရှိရာမှ၂ဝ၁၃ ခုနှစ်တွင် ၄ဝ၉၃ ဦးထိ ရှိခဲ့ကြောင်း ဖိလစ်ပိုင် အစိုးရ၏ သတင်း အချက်အလက်များ အရ သိရသည်။
(ဆင်ဟွာ)

No comments: