Tuesday, May 27, 2014

ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်းစနစ် မဖြစ်နိုင်သေး

27 May 2014
ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများ လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရာ အချိန်ကြာမြင့်မှုကို လျှော့်ချနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမြန်ဘတ်စ်ကားလိုင်းစနစ်ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် အမြန် ဘတ်စ်ကားလိုင်းစနစ်မှာ လက်ရှိရန်ကုန်မြို့၏ လမ်းအနေအထားများအရ မဖြစ်နိုင်သေးကြောင်း ရန်ကုန်မြို့ပြစီမံကိန်းပညာရှင် ဦးသံမိုးက သုံးသပ်ပြောကြားသည်။
အမြန် ဘတ်စ်ကားလိုင်းစနစ်ကို ၂၀၁၃ခုနှစ်ကတည်းက အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး အမြန် ဘတ်စ်ကားလိုင်းစနစ် ပြေးဆွဲရန်မှာ ခြောက်လမ်းသွား လမ်းမကြီးတွင်သာ ဖြစ်နိုင်ကြောင်း ၊ လက်ရှိတွင် ပြည်လမ်းနှင့် ကမ္ဘာအေးစေတီလမ်းများတွင်သာ ခြောက်လမ်းသွား လမ်းမကြီးရှိကြောင်း ၊ ယင်းလမ်းများတွင် အမြန်ဘတ်စ်ကားလိုင်းစနစ်အတွက် အသွားအပြန်လမ်းကြောင်း နှစ်ခုပေးရမည်ဖြစ်သောကြောင့် ထိုသို့ပေးရန်မှာ မဖြစ်နိုင်သေးဟု ဆိုသည်။
ရန်ကုန်မြို့ရှိ ခြောက်လမ်းသွားများတွင် နှစ်လမ်းက ကားတွေရပ်ထားသည့်အတွက် ခြောက်လမ်းစလုံး အသုံးပြုနိုင်သည့် အခြေအနေတွင် မရှိကြောင်း ၊ ခြောက်လမ်းစလုံး အသုံးပြုနိုင်သည့် အခြေအနေတွင်မူ အမြန် ဘတ်စ်ကားလိုင်းစနစ်မှာ ဖြစ်နိုင်ကြောင်း ဦးသံမိုးက ဆိုသည်။
Source : EMG

No comments: