ပြည်သူပါတီ NLD သို့ မဲပေးကြစို့ ၂၀၁၅ အတွက် (အောင်ဆန်းသွေးက ဘာဖြစ်လို့ မုတ်ဆိတ်ကြီးနဲ့ ဖြစ်နေတယ် မသိ)
၄၃၆ ပြင်ဖို့ လက်မှတ်ထိုးခိုင်းမယ်။... ဆိုတဲ့ စကားသံ ကြားမိတယ်။
လက်မှတ်ထိုးမည့်သူ၊ မထိုးမည့်သူ ခွဲခြားကြည့်လျှင် မထိုးမည့်သူက များမယ်လို့ သုံးသပ်မိတယ်။
၄၃၆ ကို ပြင်ဆင်ဖို့ လက်မှတ်ထိုးသူတွေရဲ့ ၉၀ ရာနှုန်းက ပုဂ္ဂိုလ်စွဲ နှင့် ထိုးမယ်လို့ ခန့်မှန်းရတယ်။ ၄၃၆ ကို နားလည်သူတွေကတော့ မထိုးဖို့ရာ များပါတယ်။ လက်မှတ်ထိုးပွဲကို လွန်ခဲ့တဲ့ နှစ်တွေက ပြုလုပ်ခဲ့လျှင် မိမိကိုယ်တိုင် လက်မှတ်ထိုးမိမှာ ဖြစ်ပေမယ်လို့ ခုအချိန်လုပ်တာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မရိုးသားတဲ့ ရည်ရွယ်ချက်ကို မြင်မိလို့ ထိုးမှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံကို လွှတ်တော်မှာ ပြင်တာကိုပဲ အားပေးပါတယ်။
ဘာလို့ မထိုးသလဲဆိုရာမှာ ၄၃၆ ကို ပြင်ဆင်ရန်ကြိုးစားတာမှာ မရိုးသားမှုတွေ ပါတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ယခင်က လှည့်စားခံရဖူးတာက ၄၃၆ ပြင်လျှင် လွှတ်တော်မှာ စစ်သားကိုယ်စားလှယ်မပါတော့ပဲ စစ်တပ်က အာဏာမသိမ်းနိုင်တော့ဘူးလို့ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးခွန်းနှစ်ခု ရှိပါတယ်။ တစ်ခုက တကယ်ပဲ စစ်တပ်က အာဏာမသိမ်းနိုင်ဘူးလား? မဟုတ်ပါဘူး။ သာဓက ပူပူနွေးနွေး ထိုင်းကိုသာကြည့်ပါ။ လွှတ်တော်ထဲ ကိုယ်စားလှယ်မပါလည်း ထိုင်းစစ်တပ်က အာဏာသိမ်းပြသွားပါတယ်။ နောက်မေးခွန်းတစ်ခုက ၄၃၆ က စစ်တပ်နှင့် ဆိုင်သလား? ဒီမေးခွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင် ဖြေရမယ့် မေးခွန်းပါ။
စစ်တပ်ကို လွှတ်တော်က ဖယ်ရှားချင်လျှင် ပုဒ်မ ၁၀၉ ကို ပြင်ဆင်ဖို့ ကြိုးစားရပါမယ်။ ၄၃၆ က စစ်သားကိုယ်စားလှယ်ကိစ္စနှင့် တိုက်ရိုက်မပတ်သက်ပါဘူး။ ဒီလို စစ်တပ်နှင့် လှည့်မရပြန်တော့ တစ်မျိုးဆိုလာပြန်ပါတယ်။ ၄၃၆ ပြင်ဆင်ရေးကမ်ပိန်းတွေမှာ စည်းရုံးလှုံ့ဆော်နေတာက ၄၃၆ ကို ပြင်လျှင် ဖွဲ့စည်းပုံကို ပြင်နိုင်မယ်လို့ပါ။ ဖွဲ့စည်းပုံမှာ တကယ်ပြင်ဆင်ရမှာက အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု နှင့် နယ်မြေလုံခြုံရေး ကိစ္စတွေပါ။ ဒီကိစ္စတွေ ပြင်ဆင်ဖို့က ၄၃၆ ကို ပြင်ဖို့ရာ လိုပါတယ်။ သို့သော် ဒီကိစ္စတွေ ပြင်ဖို့ လွှတ်တော်မှာ ပြင်ဆင်နေတာကိုကျ မပူးပေါင်းပဲ ၄၃၆ ကိုသာ ပြင်ဆင်ခိုင်းနေတာသည် တခြားအကြံအစည် ရှိလို့ဆိုတာ ထင်ရှားပါတယ်။

လက်မှတ်မထိုးတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက ၄၃၆ ကို ပြင်ဆင်ဖို့ ကြိုးစားတဲ့ အဖွဲ့များ ( NLD, 88) သည် မူဆလင်ကုလားကြိုးကိုင်ခံ အဖွဲ့များ ဖြစ်နေလို့ ပုဂ္ဂိုလ်ရေးအရ မယုံကြည်လို့ပါ။ NLD မှာ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် အာဏာအရှိဆုံးလို့ ယူဆရပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝါဒရေးရာ လမ်းညွှန်နေတာသည် မူဆလင်ကုလားကိုနီပါ။ ၈၈ မှာဆိုလျှင် မူဆလင်ကုလားမြအေးဟာ မင်းကိုနိုင်ကို နောက်ကွယ်မှ ချယ်လှယ်နေသူဖြစ်ပါတယ်။
သုံးသပ်ပြောရလျှင် လက်မှတ်ထိုးမည့်သူများသည် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်စွဲမျက်ကန်းကြည်ညိုသူများသာ ဖြစ်ပါမယ်။ တိုင်းရင်းသားများအနေနှင့် ကြည့်လျှင်လည်း အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေး နှင့် နယ်မြေလုံခြုံရေးတိုက တွေ့ဆုံဆွေးနွေးပွဲနှင့် လွှတ်တော်မှာ ဆွေးနွေးနေပြီဖြစ်လို့ ဒီလို ၄၃၆ ပြင်ဆင်ရေး ကမ်ပိန်းမလိုတော့ပါဘူး။ ၄၃၆ ကို နားလည်သူများအနေနှင့်ကျတော့လည်း ၄၃၆ ပြင်ဆင်ရေးသည် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာထက် ၅၉ (စ) ပြင်ဆင်ရေး အသွင်ပြောင်း လှုပ်ရှားမှုဖြစ်ကြောင်း သတိထားမိလို့ လက်မှတ်ထိုးမှာ မဟုတ်ပါဘူး။
အဆုံးသတ်ပြောရလျှင် ၄၃၆ ကို ပြင်ဆင်ဖို့ နလဗိန်းတုန်း များကလွဲလို့ ကျန်သူများ လက်မှတ်ထိုးကြလိမ့်မည် မဟုတ်ပါ။
Myo Min Thant ဖေ့စ်ဘုတ်မှ

No comments:
Post a Comment