May 27, 2014
ဖိုးဇော်
အခြေခံဥပဒေက ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့အတွက် အင်အယ်ဒီပါတီနဲ့ ၈၈ ကျောင်းသားတွေ ဦးဆောင်ပြီး ဟောပြောပွဲတွေ ပလူပျံအောင်လုပ်နေကြတယ်။သူတို့အပြောအရတော့ လူထု က ပြင်ချင်တယ် ဆိုတဲ့ သဘောမျိုးသက်ရောက်အောင်ဖန်တီးနေတာ။လူထုက ပြင်ရင် ရတယ်ဆိုတဲ့သဘောနဲ့ NLD နဲ့ ၈၈ ကျောင်းသားဆိုသူတွေက လှုံ့ဆော်နေကြတယ်။ ဒီလို ဥပဒေပြင်ဆင်တာတွေ ပြဌာန်းတာတွေက လွှတ်တော်က လုပ်ရမှာလား ပြည်သူတွေကလုပ်ရမှာလား။ပြည်သူတွေ လုပ်ရမှာဆိုရင်လည်း လွှတ်တော်ထဲက NLD ကိုယ်စားလှယ်တွေနဲ့ အမတ်တွေ ထွက်လိုက်ကြ။ ပြည်သူ့ လစာ ညာစားနေတာတွေကို ရပ်လိုက်ကြ။ဆေးသမားက အမတ်ဖြစ် ၊ ပြည်တန်ဆာသာသာအကျင့်နဲ့ အမျိုးသမီးက ကိုယ်စားလှယ်လုပ်ပြီး ပြည်သူ လစာ ညာစားနေတာတွေကိုရပ်လိုက်ကြ။ဟုတ်တယ်လေ သူတို့ကို လက်ရှိအစိုးရ ကို Check and Balance လုပ်ဖို့အတွက် လွှတ်တော်ထဲ ထည့်ထားတာ။သူတို့က လက်ရှိအစိုးရ ကို Check and Balanceမလုပ်ပဲ တစ်ခါလာလဲ ပြည်သူတွေမှာတာဝန်ရှိတယ် …ပြည်သူတွေမှာ တာဝန်ရှိတယ်ဆိုတော့..ဒီချုပ် နဲ့ လွှတ်တော်ထဲက NLD ကိုယ်စားလှယ်တွေနဲ့ အမတ်တွေက ဘာတာဝန်ရှိသလဲ နည်းနည်းပြောကြည့်ကြပါလား။ လွှတ်တော်ထဲကို ဖင်လေးလိမ်ကျစ်လိမ်ကျစ်နဲ့ ၀င်သွားတာ ၂ နှစ် ခန့်ရှိပြီ နိုင်ငံနဲ့ လူမျိုးအတွက် ဘယ်လောက်ထိရောက်တဲ့ အဆိုတွေလွှတ်တော်မှာ တင်သွင်းပြီးပြီလဲ။ဝိုက်ကဒ် မဲပေးခွင့် မရရှိရေး အဆိုတင်သွင်းတော့ ၂၅ % ရာခိုင်နှုန်း တပ်မတော်သားတွေက အပြည့်အ၀ ထောက်ခံခဲ့တယ်။အဲ့အချိန် ဒီချုပ်ဘာလုပ်နေလဲ။နောက်ပြီး ဘင်္ဂလီတွေ တစ်အိမ်ထောင် ကလေး နှစ်ယောက်ထက်ပိုမယူရအမိန့်ထုတ်တော့.
အခုလည်း NLD ပါတီနဲ့ ၈၈ မင်းကိုနိုင်တို့က မြို့နယ် ၁၇ မြို့နယ်မှာ ခြေဥပြင်ဆင်ဖို့ ဟောပြောပွဲတွေထက်လုပ်အုံးမယ်လို့ သတင်းရတယ်။
ယခင်က တော့ ကော်မတီက ပြင်ပေး/မပေး မသိသေးလို့ဟောပြောပွဲတွေလုပ်တာကတော့ ထားပါတော့။ အခု ကော်မတီကလည်း ပုဒ်မ ၄၃၆ ကိုပြင်ပေးပါ့မယ် လို့ သတင်းထုတ်ပြန်ထားတယ်။ ဒီတော့ နိုင်ငံရေးအမြတ်ထုတ်မှုတွေဟာ ပြည်သူတွေကို မပန်းစေဘူးလား။ပြည် သူ့အားကို အလကား သတ်သတ်ဖြုန်းတီးသလိုဖြစ်မနေဘူးလား။အမှန်တော့ NLD ပါတီနဲ့ ၈၈ ကျောင်းသား ဆိုတဲ့ မင်းကိုနိုင်တို့ဟာ ၄၃၆ ကိုပြင်ပေးလဲ လိုအပ်ချက်တွေပြည့်သွားမယ့်သူတွေတော့ မဟုတ်ဘူး။ ပုဒ်မ ၄၃၆ ဆိုတာ သူတို့အတွက် ဟန်ပြတစ်ခုပဲ ။အဓိက သူတို့ လိုချင်တာက ပြည်သူ အကျိုးစီးပွားမဟုတ်ဘူး။သူတို့လိုချင် တာက အာဏာရဖို့နဲ့ လွှတ်တော်ထဲက ၂၅ % ထွက်သွားဖို့ပဲ ။ ဒီလိုမှ သူတို့မြန်မာနိုင်ငံကို ချယ်လှယ်နိုင်မယ်မဟုတ်လား။သူတို့ကို အကြံအစည်တွေကို အဓိက အခက်အခဲဖြစ်စေတာကဘာလဲ။ အခြေခံဥပဒေ ၂၀၀၈ ထဲက ၅၉(စ)ပဲ ဖြစ်တယ်။၅၉ (စ) ပြင်ဆင်ရေးအတွက် ကနဦးအစမှာ အုံးအုံးကြွက်ကြွက် စာစောင်တွေဝေ ၊ တီရှပ်တွေ ချုပ် ၊ ဗီနိုင်းတွေ ထုတ်လုပ်လိုက်ကြပြီး အမျိုးသားရေး အဖွဲ့တွေနဲ့ ထိပ်တိုက်တိုးတော့ NLD ဟာ သူဗျူဟာက အလုပ်မဖြစ် ရှေ့ဆက်တိုးလို့မရမှန်းသိလာတယ်။ဒီတော့ ၈၈ ကျောင်းသားမင်းကိုနိုင်တို့နဲ့ တွေ့ပြီး ပုဒ်မ ၄၃၆ ဆိုတဲ့ ဗျူဟာကိုပြောင်းပြီးခင်းလာတယ်။ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုတာကို ပြင်ဆင်ဖို့ ဆိုတာထက် လူထု လမ်းပေါ်ထွက်ဖို့ ကို ဦးစားပေးလာတယ်။ ဒါဟာဘာကိုကြည့်ပြီးပြောလဲ ဆိုတာ မင်းကိုနိုင်ပြောတဲ့ စကားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောတဲ့ တပ်မတော် နဲ့ ပြည်သူကို သွေးခွဲလိုက်တဲ့ စကားတွေက သက်သေခံနေတယ်။
အခု ဒီချုပ်နဲ့ မင်းကိုနိုင်တို့ဟာပုဒ်မ ၄၃၆ ကို အကြောင်းပြပြီး လူထု ဆူပူအုံကြွမှုဖြစ်အောင်လုပ်နေတာ။ ထိန်းမနိုင်သိမ်းမရဖြစ်လာရင်စစ်တပ်က အာဏာပြန်သိမ်း။
ဒါဆို အော်တိုမစ်တစ် ၂၀၀၈ ခုနှစ်အခြေခံဥပဒေက ပျက်ပြယ်သွားမယ်။NLD နဲ့ ၈၈အဖွဲ့တွေက ဒီအကွက်ကို ဆင်နေတာ။ပြင်စရာမလိုပဲ ပျက်ပြယ်သွား အောင်လုပ်နေတာ။ဒါဆို သူတို့ လိုချင်တဲ့ ၂၀၀၈ အခြေခံဥပဒေလည်း အလိုလို ပျက်ပြယ် ၊ စစ်တပ်က လည်း ထုံးစံအတိုင်းသမိုင်းဝင် လူဆိုးကြီး ပြန်ဖြစ် ၊ ကမ္ဘာကိုလည်း မျက်ရည်ခြူစားဘယ်လောက်များပိုင်လိုက်သလဲ။သေချာတာကတော့၂၅ % လွှတ်တော်ထဲ ရှိနေသ၍ စစ်တပ်က အာဏာသိမ်းမှာမဟုတ်ဘူး။အာဏာမသိမ်းချင်လို့လဲ အဲ့ဒီလို ထည့်ထားတာဖြစ်တယ်။အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်းဥပဒေနဲ့အညီ လုပ်သွားမှာပါ။ ဒါကြောင့်ခင်ဗျားတို့ ဆင်တဲ့အကွက်က ကလေးအကွက်ကြီးပါလို့ ပြောလိုက်ပါရစေ။
ဖိုးဇော်

No comments:
Post a Comment