တီဟီရန် မေ ၂၅
အီရန်နိုင်ငံတွင် ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးပြီးသည့်နောက် အကြီးမားဆုံးလိမ်လည်မှုဖြစ်သည့် နိုင်ငံတော်ဘဏ်တစ်ခု၏ အမေ ရိကန် ဒေါ်လာ ၂ဒသမ ၆ဘီလီယံ အရှုပ်တော်ပုံတွင် နောက်ကွယ်မှကြိုးကိုင်ပုံဖော်သူ စီးပွားရေးလုပ်ငန်းရှင်ဘီလျံနာသူဌေးတစ်ဦးကို စနေနေ့ တွင် သေဒဏ်ပေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ကြေညာသည်။
တီဟီရန်မြို့တော်မြောက်ဘက် အီဗင်အကျဉ်းထောင်၌ အမီယာမန်ဆိုအာအရီယာဟု အသိများကြသည့် မာဟာဖာရစ်အမီယာ ခိုစရာဗီကို အာဏာပိုင်များက ကြိုးပေးကွပ်မျက်ခဲ့သည်။ အီရန်တရားရုံးချုပ်က ၎င်း၏သေဒဏ်ကို အတည်ပြုပြီးနောက် ကွပ်မျက်ခဲ့ခြင်းဖြစ်သည်ဟု သတင်း များက ဖော်ပြသည်။
ယင်း
ယင်း
လိမ်လည်မှုတွင် စတီးလ်ထုတ်လုပ်သော ခူဇက်စတန်စတီးလ်ကုမ္ပဏီကဲ့သို့သော နိုင်ငံတော်ပိုင်ကုမ္ပဏီကြီးများ၏ ဓနဥစ္စာများကို ဝယ်ယူရန်အတွက် အီရန်နိုင်ငံ၏ ထိပ်တန်း ဘဏ္ဍာ ရေးအဖွဲ့အစည်းများအနက်မှ တစ်ခုဖြစ်သည့် ဆာဒီရက်ဘဏ်မှ ချေးငွေရရှိရန် အထောက်အထား စာရွက်စာတမ်းများ အတုပြုလုပ်အသုံးချခြင်းများပါဝင်သည်။
ခိုစရာဗီ၏ စီးပွားရေးအင်ပါယာတွင် သောက်ရေသန့် ထုတ်လုပ်ခြင်းမှ ဘောလုံးကလပ်အသင်းနှင့် ဘရာဇီးမှ အသားများ တင်သွင်းခြင်းအထိ လုပ်ငန်းများ ပါဝင်ပြီး ကုမ္ပဏီပေါင်း ၃၅ ခုကျော်ပိုင်ဆိုင်သည်။ အီရန်မီဒီယာများအဆိုအရ ၎င်းဘဏ် အရှုပ်တော်ပုံမှာ ၂ဝဝ၇ ခုနှစ်က စတင်ခဲ့သည်။
ဤအမှုတွင် စုစုပေါင်းတရားခံ ၃၉ ဦးကို ပြစ်ဒဏ်စီရင်ခဲ့ရာ လေးဦးမှာသေဒဏ်၊ နှစ်ဦးမှာ ထောင်ဒဏ်တစ်သက်နှင့် ကျန်လူများမှာ ထောင်ဒဏ် ၂၅ နှစ်အထိ အသီးသီးအပြစ်ပေး ခဲ့သည်။
အီရန်နိုင်ငံ၏ အခြား အဓိကဘဏ်တစ်ခုဖြစ်သည့် မယ်လီဘဏ်အကြီးအကဲဟောင်း မာမွတ်ရီဇာခါဗာရီသည် အဆိုပါအမှုဖြင့် ရာထူးမှနုတ်ထွက်ပြီး ၂ဝ၁၁ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ထွက်ပြေးခဲ့သည်။ အီရန်နိုင်ငံ၌ ၎င်းကိုစွဲချက်များ တင်ထားပြီး အီရန်နိုင်ငံ၏ အလိုရှိသူတစ်ဦးဖြစ်နေဆဲဖြစ်သည်။
အေပီ
No comments:
Post a Comment