နေပြည်တော် ဧပြီ ၂၂
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို မတ် ၃၀ ရက်မှ စတင်၍ ၁၂ ရက်ကြာ ဆောင်ရွက်ခဲ့ရာရပြီး ၁၀ ရက် ညနေ ၆ နာရီအထိ အိမ်ထောင်စု ၁၀၇၁၉၈၈၇ စုကို ကောက်ယူပြီးစီးခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ကောက်ယူပြီးစီးမှုမှာ ကချင် ပြည်နယ်တွင် အိမ်ထောင်စု ၂၅၁၈၂၄စု၊ ကယားပြည်နယ်တွင် ၅၇၈၆၆ စု၊ ကရင်ပြည်နယ်တွင် ၃၀၄၂၅၁ စု၊ ချင်းပြည်နယ်တွင် ၈၃၆၂၁ စု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၁၀၀၄၈၂ စု၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၈၃၆၆၈ စု၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)တွင် ၆၃၁၇၀၃စု၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တွင် ၅၀၆၂၁၃ စု၊ မကွေးတိုင်းဒေသ ကြီးတွင် ၉၂၁၉၈၂ စု၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၃၂၇၂၄၄ စု၊ မွန်ပြည်နယ်တွင် ၄၁၄၆၆၁ စု၊ ရခိုင် ပြည်နယ်တွင် ၄၅၉၂၁၇ စု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၅၉၁၈၇၈ စု၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ၁၂၆၂၇၃ စု၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ၅၁၄၈၀၉ စု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၃၉၈၄၂၂ စု၊ ဧရာဝတီတိုင်း ဒေသကြီးတွင်၁၄၈၃၁၃၁ စု၊ နေပြည်တော်ကောင်စီတွင် ၂၆၂၆၄၂ စုတို့ ဖြစ်ကြသည်။
ကေအိုင်အေတပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်တားမြစ်မှုကြောင့် သန်းခေါင်စာရင်းမကောက်ယူနိုင်ခဲ့သော ကချင်ပြည်နယ်ရှိ ကျေးရွာ ၂၃၁ ရွာ အနက် ဧပြီ ၂ ရက်မှ ၁၀ ရက်အထိ တပ်မတော်လုံခြုံရေး အစောင့် အရှောက်ဖြင့် သန်းခေါင်စာရင်း ကောက်ယူခဲ့ရာ ကျေးရွာ ၁၁၀ သာ စာရင်းကောက်ယူရန် ကျန်ရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် စာရင်းကောက်ယူရန် ကျန်ရှိသောကျေးရွာ များရှိ အိမ်ထောင်စုအချို့အား Technical Delay အဖြစ် စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ကောက်ယူရရှိသော လူဦး ရေစာရင်းချုပ်အတိအကျအား ပြုစု ပြီးစီးပါက ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ သတင်းရရှိသည်။
MOI Webportal Myanmar

No comments:
Post a Comment