ယခုနှစ် ၂၀၁၄ တွင် NLD မှ ဦးဆောင်ကာ အခြေခံဥပဒေ အသစ်ရေးဆွဲ၍ ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက ဝန်ကြီးလုပ်မည်ဟု မှန်းထားသည့် ခေါင်းမာသော NLD ပါတီ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်ဟာ ဧပြီလ ၂၁ ရက်နေ့ မနက် ၆ နာရီခွဲမှာ ရောဂါဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရပြီး သေဆုံးသွားခဲ့ပါတယ်။
ဦးဝင်းတင်ဟာ NLD ပါတီ တည်ထောင်ခဲ့သည့် ဦးအောင်ကြီး၊ ဦးတင်ဦး နှင့် ဦးကြည် တို့ရှိစဉ်က ပါတီတွင်း နေရာပျောက်နေခဲ့သော်လည်း ဦးအောင်ကြီး နှင့် ဦးကြည်တို့ မရှိသည့်နောက်ပိုင်း နေရာရလာသူဖြစ်ပါတယ်။
ဦးဝင်းတင်ဟာ ဘာသာရေးလိုက်စားမှု အထူးအားနည်းသူဖြစ်ပြီး ၎င်းရဲ့ ထင်ရှားတဲ့ စာအုပ်မှာ "ဘာလဲဟဲ့လူ့ငရဲ" ဖြစ်တာကြောင့် သေရင် ငရဲ ရောက်နိုင်ကြောင်း NLD အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဦးဝင်းတင်ရဲ့ ထင်ရှားတဲ့ စကားတစ်ခွန်းကတော့ "အခြေခံဥပဒေ နွားတင်းကုဒ် အတိုင်း ပါတီမှတ်ပုံတင်လိုက်ရင် ကျတော်တို့က နွားတွေဖြစ်သွားမယ်...၊ ကျနော်တို့ပါတီမှာ လုပ်တယ်ဆိုတာ နွားလိုလုပ် တယ်၊ နွားလိုပဲ နောက်နေပြီးတော့ ဖြောင့်ဖြောင့် လိုက်တယ်၊ ဒါ ကျနော်တို့စိတ်ကူးပဲ" ဆိုတဲ့ စကားဖြစ်ပါတယ်။
ဦးဝင်းတင်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှာ မတ်လ ၁၂ ရက်နေ့ကတည်းက တက်ရောက်ကုသနေ တာဖြစ်ပြီး အထူးစိုးရိမ်ရလို့ အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာပါ။
သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ၁၉၈၈ ခုနှစ် သမိုင်းဝင်ရှစ်လေးလုံး လူထုအုံကြွမှု ဖြိုခွင်းခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်သူတဦးဖြစ်ပါတယ်။
ဦးဝင်တင်ဟာ အလွန်ခေါင်းမာသူတစ်ဦး ဖြစ်ပြီး ထောင်က ထွက်သော်လည်း ထောင်အဝတ်အစားပဲ ဝတ်မည်ဟု ကြွေးကြော်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အခြေခံဥပဒေ ပြင်ဆင်ဖို့ NLD ပါတီဝင် ၉၀% လက်ခံသော်လည်း ဦးဝင်းတင်က လက်မခံပဲ အသစ်သာ ဆွဲမည်ဟု ကြွေးကြော်ပြန်ပါတယ်။
ဦးဝင်တင်ဟာ ဒေါ်အောင်ဆန်းစုကြည်၏ အော်ဟစ် ဆူပူမှုကို အမြဲသည်းခံခဲ့သူဖြစ်ပြီး "မစု... မစု" ဟု ခေါ်ကာ ကြောက်ကြောက့်ရွံ့ရွံ့ ဆက်ဆံလေ့ရှိသူဖြစ်ပါတယ်။ ဦးဝင်းတင်ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” ဆိုတဲ့ စာအုပ်ဟာ ပါတီတွင်းမှာ ဗဟိုဦးစီးစနစ် လွန်ကဲမှုနှင့် ပုဂ္ဂိုလ်ရေး အသားပေးမှုများကို ပေါ်လွင်လှပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ကွယ်လွန်သွားခြင်းအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်းနဲ့ ပြည်နယ်ရှိ အဖွဲ့ချုပ်ရုံးတွေမှာ ဒီနေ့မှ စတင်ပြီး ဧပြီ ၂၃ ရက်နေ့ ညနေ ၆ နာရီထိ အဖွဲ့ချုပ်အလံ တ၀က်ချထားမှာ ဖြစ်ပါတယ်။
လက်ရှိ NLD ပါတီမှာ ဦးဝင်တင်၊ ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အသက်ရော၊ ရာထူးရော အကြီးဆုံး ပုဂ္ဂိုလ်များဖြစ်ကြပြီး ယခု ဦးဝင်တင် သေဆုံးသွားသဖြင့် ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဘယ်တော့ သေမလဲဆိုတာ ပါတီဝင်များက စိုးရိမ်နေကြကြောင်း သတင်းရရှိပါတယ်။
.. www.MyanmarExpress.net

No comments:
Post a Comment