ရန်ကုန် ဧပြီ ၂ဝ
တရုတ်နိုင်ငံမှ လက်ဖက်များမှာ မြန်မာနိုင်ငံမှ ထွက်ရှိနေသည့် လက်ဖက်ဈေးကွက်ကို မယှဉ်ပြိုင်နိုင်သဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိနေသည့် လက်ဖက်ဈေးကွက် အရောင်းအ
ဝယ် သွက်နေကြောင်း ပြည်တွင်းလက်ဖက် ကုန်သည်များထံမှ သိရသည်။ ပြည်တွင်း ဈေးကွက်သို့ တရုတ်နိုင်ငံမှ လက်ဖက်ဝင် ရောက်မှုရှိနေသော် လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် လက်ဖက်များသည် သန့်ရှင်းလတ်ဆတ်ပြီး တရုတ်လက်ဖက်များထက် ပြည်တွင်းစားသုံး သူများ၏ အကြိုက်နှင့် လိုက်လျောညီထွေ ရှိနေကြောင်း သိရသည်။
ပြည်တွင်းလက်ဖက် လုပ်ငန်းများမှာလည်း လက်ဖက်ထုတ်လုပ်ရာတွင် ရှေးယခင်ကထက် ပိုမိုခေတ်မီ တိုးတက်လာပြီး ပြည်တွင်းမှပင် ထုတ်လုပ်ရောင်းချခြင်း ဖြစ်သဖြင့် အချိန်တို အတွင်းမှာပင် ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ထုတ်လုပ်ထွက်ရှိ နေသည့် လက်ဖက်များမှ သန့်ရှင်းလတ်ဆတ်မှု ရှိနေပြီး မြန်မာ့အကြိုက် အရသာရှိနေသဖြင့် ပြည်တွင်း လက်ဖက်ဈေးကွက် အရောင်းသွက်နေခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင် ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ ဘူတာရုံများ၊ ဈေးရုံဆိုင်ခန်းများနှင့် လူစည်ကားရာ နေရာဒေသ လက်ဖက်ဆိုင်များတွင် ပြည်တွင်းလက်ဖက်များကိုသာ အဓိက ရောင်းချ နေကြသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ၁၁၅ မိုင်၊ နေပြည်တော် ဂိတ်ဝ၊ မိတ္ထီလာ စသည့် ရပ်နားစခန်းများတွင်လည်း ထမင်းဆိုင်များနှင့် အိမ်ပြန်လက်ဆောင်ပစ္စည်း ရောင်းချသည့် ဆိုင်များတွင်လည်း နာမည်အမျိုးမျိုးနှင့် ရောင်းချနေသည့် မြန်မာ့ လက်ဖက်များကိုသာ တွေ့မြင်ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ မြန်မာ့ လက်ဖက်များ ကိုသာ နှစ်သက်စွာ စားသုံးနေကြသဖြင့် တရုတ်လက်ဖက်များမှာ ပြည်တွင်းထွက် လက်ဖက်များကို ဈေးကွက်မယှဉ်ပြိုင်နိုင်ခြင်း ဖြစ်ကြောင်း၊ တရုတ် လက်ဖက်များမှာ ပြည်တွင်းတွင် မြန်မာ့လက်ဖက် ဈေးကွက်ကို မယှဉ်ပြိုင်နိုင်သဖြင့် ယခုအခါ ဝင်ရောက်မှု သိသာစွာ နည်းပါးပြီဟု လက်ဖက်ကုန်သည်များက ဆိုသည်။ မြန်မာနိုင်ငံမှ လက်ဖက်ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများတွင် အဓိက စိုက်ပျိုးနေခြင်းဖြစ်သည်။ လက်ရှိလက်ဖက် ဈေးကွက်တွင် လက်ဖက်အထွက်နှုန်း နည်းနေပြီး လက်ဖက်ခူး လုပ်သား ရှားပါးမှုများ ကြုံတွေ့နေရသည်။
ပြည်တွင်းလက်ဖက် စားသုံးမှု အခြေအနေများမှာ လက်ဖက်စိုကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများမှာ စားသုံးမှုများပြားပြီး လက်ဖက် အချိုခြောက်များကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် မြို့ရွာဒေသများတွင် စားသုံးမှု ပိုမိုများပြားကြောင်း လေ့လာသိရှိရသည်။ ပြည်တွင်း လက်ဖက်ဈေးကွက်မှာ ၂ဝ၁၄ ခုနှစ် နှစ်ဦးပိုင်းကာလမှစ၍ ယခင်ကထက် ပိုမိုအရောင်း သွက်လာခဲ့ကြောင်း သိရသည်။
မြဝတီ
No comments:
Post a Comment