
မနေ့ က ဦးဝင်းတင် အသုဘက မသာချတာနဲ့ မတူဘဲ ပကာသနဆန်တဲ့ အပြုအမှု တွေ နဲ့၊ အတု အတု တွေရဲ့ ဖန်တီးချက်တွေကတော့ 9-ထက်ကို ကျော်သွားတယ်။
ဒီကြားထဲ ဒီမိုလော်ဘီ ဆရာတစ်ချို့ နှင့် ကိုရွှေမီဒီယာတစ်ချို့က ရယ်စရာ အတို့လေးတွေနဲ့ အနားကွတ်ပေးကြသေးတယ်။ ဘာတဲ့...ဦးဝင်းတင် ရဲ့ အသုဘ က အတော်စည်ကားတယ်ဆိုပဲ။ တကယ်တော့ အဲ့ဒီလို ပြောနေတဲ့ လူတွေဟာ ဦးဝင်းတင် ကို တကယ်လေးစားတာဟု ချီးစားပြီး ပြောရင်တောင် ယုံကြည်စရာမရှိဘူး။
လောကမှာ မစည်းကားသင့်တဲ့ အရပ်ဒေသထဲမှာ သုဿန်ဆိုတဲ့ အရပ်ဒေသတစ်ခုလည်း အပါအဝင်ဖြစ်တယ်။ ပိုပြီးတော့ အံ့ဩစရာကောင်းတာက အသုဘ မှာ လူစည်ကား တာ ကို ကြွားဝါနေကြလို့ဘဲ။ အဲ့ဒါ သွားလေသူ ဦးဝင်းတင် နှင့် သူ့ရဲ့ မိသားစုကို စော်ကားလိုက်သလို ဖြစ်မနေဘူးလား။ မသိရင်ဘဲ ဦးဝင်းတင်က သူတို့ကြွားဝါဖို့ သေ ပေးခဲ့ရတာနဲ့ တူမနေဘူးလား။ သေသွားသူ တစ်ယောက်ကို ဘယ်လိုမျိုး အဆောင်အယောင် တွေ နဲ့ ပို့ပို့ သူ့အတွက် ဘာမှ အကျိုးမရနိုင်ပါဘူး။ သူတောင်စားဘဲ ဖြစ်ဖြစ် ဘုရင်ဘဲ ဖြစ်ဖြစ် အသုဘ က အသုဘပါဘဲ။ အဓီက သူ့အတွက် အကျိုးရစေနိုင်တဲ့ ကုသိုလ်ကောင်းမှု ပြုလုပ်ပေးဖို့ ဆန္ဒမရှိခဲ့ကြပေမဲ့ အသုဘကို ခုတုံးလုပ်ပြီး အပြိုင်အဆိုင် ဆန္ဒပြဖို့ တာဆူခဲ့ကြတာတော့ ဦးကျော်သူကိုယ်တိုင် သတိပေးခဲ့ရတဲ့ အဆင့်တောင် ဖြစ်ခဲ့ရတယ်။ အွန်လိုင်း မှာ တက်လာတဲ့ ဓာတ်ပုံတိုင်းမှာ သေသူကို ရည်စူးလှူဒါန်းနေတဲ့ မြင်ကွင်းမျိုး တစ်ခု မှ မတွေ့လိုက်ရပါဘူး။ တွေ့လိုက်ရတဲ့ အရာမှန်သမျှ ကြည့်လိုက်တိုင်း ပူလောင်နေတဲ့ သဲကန္တာရထဲကို မီးလာမွှေးတဲ့ ပုံစံတွေသာ တွေ့ခဲ့ ရ တယ်။ ဒါဟာ နာရေး တစ်ခုပါလား ဆိုတဲ့ အသိစိတ်ဓာတ်တွေ လုံးဝကို မရှိဘူး။

ဘုရားပွဲမှာ ဟိုဟာ ဒီဟာ ရောင်းပြီး နိုင်ငံရေးလုပ်စားတာ ထားပါတော့၊ အခု နာရေး မှာ တောင် နိုင်ငံရေး အမြတ်က ထုတ်ချင်ကြသေးတယ်။ ဒီကြားထဲ မနေ့က ရေဝေးသုဿန်က တစ်ခြား အသုဘတွေရဲ့ အခွင့်အရေးကို တန်ဖိုးမထားခဲ့ကြဘူး။ ကိုယ့် မသာ လူစည်ဖို့ပဲ ကြည့်ခဲ့ကြတယ်။ တစ်ခြား နာရေးအသုဘ က လူတွေ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြရတယ်။ မသာ ချင်း တူတာတောင် မျက်နှာငယ်ခဲ့ကြရတယ်။ အချိန်တွေ အများကြီး ပေးဆပ်ခဲ့ကြရတယ်။ ခင်ဗျားတို့ရဲ့ အခွင့်ထူးခံ အသုဘကြောင့် သူတို့မှာ လူမွှန်းခံ လမ်းလျှောက်ခဲ့ကြရတယ်။ ခင်ဗျားတို့ လုပ်ပုံတွေကြောင့် သွားလေသူ ဦးဝင်းတင် ကို ယမမင်းက ထုချေလွှာ တောင်း မှာ တော့ ကျိန်းသေပါပဲ။
ဒီကြားထဲ မနေ့က အဒေါ်ကြီးတစ်ယောက် ပြောခဲ့တဲ့ စကားတခွင်းကို ဖောက်သည်ချ ပါရစေ။ အမလေး..လေး..တို့ ဘဘဦးဝင်းတင်ကြီး ရဲ့ အသုဘတောင် ဒီလောက် စည်းကားနေရင် တို့အန်တီစု များ သေသွားရင် တက္ကသိုလ်ရိပ်သာလမ်းကနေ ရေဝေးအထိ တိုး လို့တောင် ပေါက်မှာကို မဟုတ်ဘူး။ အဲ့ဒီနေ့ သေတဲ့ မသာ ကတော့ နှစ်ခါ သေပြီဆရာတဲ့။

တကယ်တော့ မနေ့က လုပ်သွားတဲ့ ပုံစံတွေက မသာတစ်ခု၊ အရင်းပြုမည်၊ ရေမီးအစုံ၊ သေပြီး ဘုံမှာ၊ ကွယ်လွန် မှ ချစ်၊ အနစ်ကြ မပါ၊ လူ့ ဗာလာတို့၊ သူ့ထက် ငါ အပြိုင်၊ လူ ပုံ အလယ်မှာ၊ ငိုကြွေး ဟန်ပြ၊ စလာမ် သ ရမဲ့။ အကြံ သမားတို့ရဲ့၊ မသာ ပွဲ။......လို့. ပြောလိုက်ချင်တယ်။
အဲ့ဒီလူတွေသာ အရင်က ဦးဝင်းတင်ကို တကယ်လေးစား တန်ဖိုးထားခဲ့ကြလျှင် ဦးဝင်းတင် ဖြစ်ချင်ခဲ့တဲ့ လူထုတိုက်ပွဲတို့ ဘာတို့ ညာတို့ တကယ်ဖြစ်ခဲ့မှာပေါ့ဗျ။ NLD-ပါတီ ရဲ့ အတွင်းစကားတွေ အရ ဦးဝင်းတင်ကြီးကို ``အို ကြီး ပယ် ထား" ကြတယ်လို့ သိရတယ်။ ပြီးတော့ ဦးဝင်းတင်က သူ့သဘောနဲ့ ဆရာတော်ဦးဝီရသူကို သွားတွေ့တဲ့ ကိစ္စဖြင့် သူကို မကြည်ဖြူကြတော့ဘူး။ ဒီလှိုင်းဂျာနယ်က ငွေကြေးကွာဟမှုတွေ ၂၀၀၉-ခုနှစ်၊က ဒေါ်အောင်ဆန်းစုကြည် ( ဂျွန်ယက်တော ) အမှုကိစ္စဖြင့် အင်းစိန်ထောင်ကြီးထဲမှာ တရားရင်ဆိုင်နေရတဲ့ အချိန်ကာလာတုန်းက ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းရှိတိုင်း အင်းစိန်ဈေးကြီးရှေ့မှာ ဦးဝင်းတင်နှင့် အတူတူ ထိုင်သပိတ် ဆင်နွဲခဲ့ကြတဲ့ မြောက်ပိုင်းခရိုင်က NLD-ပါတီ လူဟောင်းတွေကို ထုတ်ပယ်လိုက်တဲ့ ကိစ္စကလည်း သူ့အတွက် နာကျင်ခဲ့ရတယ်။ သူပြောခဲ့တဲ့ စကားတစ်ခုကို NLD-ပါတီဝင် အသစ်တွေက သဘောမကျခဲ့ကြပါဘူး၊ သူပြောခဲ့တဲ့ စကားကတော့ ငါတို့NLD-ပါတီမှာ စုန်းပြူးသာကူးတွေ ရောက်လာတာကို မရှင်းလင်းနိုင်ရင်တော့ မော်ဒယ်မြင့်တဲ့ ကားတစ်စီး ကို ဘီး အစုတ်တွေ လာတက်တာနဲ့ အတူတူပဲလို့ ပြောကြားခဲ့တယ်။
ဒါကြောင့် ဘယ်သူကိုဖြစ်ဖြစ် မသေခင်မှာ ချစ်ကြစမ်းပါ။ သေ သွား မှ လွမ်းလို့ သတိရလို့ ဆိုပြီး ရေ ပေါ် မှာ ပန်း ချီ ဆွဲ တဲ့ အထာတွေတော့ မလုပ်ကြပါနဲ့လို့ ပြောကြားပါရစေ..။ ဒီနေ့ ဒီရက်ကစပြီး ကိုယ့်လူမျိုးအချင်းချင်း မသေခင် မှာ ချစ်ပြစ်လိုက်ကြစမ်းပါလို့ မှာ ကြား ရင်း နိဂုံး ချုပ် အပ်ပါတယ်ခင်ဗျာ။
အမှန်တရားကို မြတ်နိုးနေတဲ့...မင်း သုတ
OppositEye
No comments:
Post a Comment