Wednesday, April 23, 2014

OIC နှင့်အဖွဲ.၀င်နိုင်ငံများအကြောင်း အပိုင်း (၆) ( နောက်ဆုံးအပိုင်း) ပါကစ္စတန်နိုင်ငံ(Pakistan)




ပါကစ္စတန်နိုင်ငံရှိ ဘာသာရေးလွတ်လပ်ခွင့်သည် ရှာရီယာဥပဒေ(Sharia Law) နှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်လာသည်။ အလ္လာအရှင် (Allah) ကို အမနာပပြောဆိုရေးသားမှုဆိုင်ရာဥပဒေများ(Blasphemy Laws) က လွတ်လပ်စွာ ပြောဆိုခွင့်ကို လည်မျိုတက်နင်းလိုက်သလိုဖြစ်နေသည်။အစ္စလာမ်ဘာသာကို ဆန့်ကျင်ပြောဆိုမှု၊ အစ္စလာမ်ဘာသာ (သို့) အစ္စလာမ်ဘာသာ၏ တမန်တော်များကိုဆန့်ကျင်တိုက်ခိုက်ရေးသား ထုတ်ဝေမှုများကို တားမြစ်ထားသည်။ ပါကစ္စတန်နိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေ(Penal Code) အရ တမန်တော်မိုဟာမက် (Prophet Muhammad) အမည်နာမကို ရှုတ်ချစော်ကားသူ မည်သူကိုမဆိုသေဒဏ်ချမှတ်ရန် ယခုအခါ သတ်မှတ်ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ဤပြစ်မှုဆိုင်ရာဥပဒေအရ ကိုရန်ကျမ်း(the Quran) ကို မလေးမစားပြုမှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ဘာသာရေးအရ သွေးကြွပေါက်ကွဲမှုကိုဖြစ်စေရန်
တမင်တကာ ရည်ရွယ်လျက် တစ်ပါးသူ၏ ဘာသာရေးယုံကြည်မှုများကို စော်ကားမှုအတွက်
ထောင်ဒဏ်(၁၀) နှစ်အထိချမှတ်ရန် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ပါကစ္စတန်အစိုးရက အာမက်ဒီမူဆလင်ဂိုဏ်း(The Ahmadi Muslim sect) ၏ ဘာသာရေးပွဲလမ်းသဘင်များကို တရားဝင်တားမြစ်ခြင်းမပြုသော်လည်း၎င်းမူဆလင်ဂိုဏ်း၏ ဘာသာရေးအလေ့အထများကို ဥပဒေအရ ပြင်းထန်စွာ ကန့်သတ်ထားသည်။ (၁၉၇၄) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်တစ်ခုတွင် အာမက်ဒီများ (Ahmadis) သည် မူဆလင်ဘာသာဝင်မဟုတ်သောလူနည်းစုဖြစ်ကြောင်း ကြေညာခဲ့သည်။ အကြောင်းမှာ အစိုးရ၏ သဘောအရ ၎င်းအာမက်ဒီများသည် မိုဟာမက်ကိုအစ္စလာမ်ဘာသာ၏
နောက်ဆုံးတမန်တော်အဖြစ် လက်မခံသောကြောင့်ဟုဆိုသည်။ သို့သော် အာမက်ဒီများကမူမိမိတို့ကိုယ်ကို မူဆလင်များဟု ထင်မှတ်ကြဆဲ၊ အစ္စလာမ်ဘာသာရေးအလေ့အထများကို လုပ်ဆောင်ကြဆဲပင်ဖြစ်သည်။
(၁၉၈၄) ခုနှစ်တွင် အမိန့်စာအမှတ် (၂၀) (Ordinance XX) အရ အစိုးရက အပိုဒ် - ၂၉၈ (ဂ)ကို ပြစ်မှုဆိုင်ရာဥပဒေတွင် ထပ်လောင်းပေါင်းထည့်ပြီး အာမက်ဒီများကို သူတို့ကိုယ်သူတို့မူဆလင်ဟု ခေါ်ခြင်း၊ မူဆလင်အဖြစ် ပြုမူနေထိုင်ခြင်း၊ ၎င်းတို့၏ ယုံကြည်ကိုးကွယ်မှုအကြောင်းဟောပြောသာသနာပြုခြင်း၊အခြားသူများကိုအာမက်ဒီဘာသာရေးယုံကြည်မှုကို လက်ခံလာအောင် ဖိတ်ခေါ်မှု၊ မူဆလင်များ၏ ဘာသာရေးဆိုင်ရာခံစားချက်များကို စော်ကားခြင်းတို့ကို တားမြစ်ပိတ်ပင်ခဲ့သည်။ (၁၉၄၇) ခုနှစ်တွင် နိုင်ငံအနေဖြင့်သီးခြားခွဲထွက်လွတ်လပ်ရေးရလာကတည်းက ပါကစ္စတန်နိုင်ငံ၏ ခရစ်ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်နှင့်ဗုဒ္ဓဘာသာဝင်များမှာလည်း အကြမ်းဖက်မှု၊ ဖျက်ဆီးမှု၊ မှားယွင်းဖမ်းဆီးမှုတို့ တစ်နေ့တခြားပိုမိုတိုးပွားလာပြီး၊ ပိုမိုဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ(Bangladesh)
ယခု ဘင်္ဂလားဒေ့ရှ်ဟူသောနိုင်ငံသည် ယခင်ရာစုနှစ်ပေါင်းများစွာကြာကြာဗုဒ္ဓဘာသာထွန်းကားပြန့်ပွားခဲ့ရာ
နေရာဌာနတစ်ခုဖြစ်ခဲ့သည်။ ယခုအခါ လက်ကျန် ဗုဒ္ဓဘာသာဝင်များမှာနိုင်ငံလူဦးရေ၏ ၀.၇ % သာရှိပြီး လျင်မြန်စွာ ကျဆင်းလျက်ရှိသည်။ (၁၃) ရာစု အစောပိုင်းတွင်အိန္ဒိယနိုင်ငံကို မူဆလင်များ ကျူးကျော်တိုက်ခိုက်ခဲ့သည်။ မူဆလင်များအုပ်စိုးမှုက ဟိန္ဒူဘာသာဝင်များနှင့်ဗုဒ္ဓဘာသာဝင်များကို
နှောင့်ယှက်သတ်ဖြတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေခဲ့သည်။ ၎င်းဘာသာဝင်များ၏
ဘုရားကျောင်းများ၊ဘုန်းကြီးကျောင်းများနှင့် အခြားအရေးပါသော နေရာများကို အကြီးအကျယ်ဖျက်ဆီးမှုတို့ပြုခဲ့ကြသည်။ဗုဒ္ဓဘာသာဝင်ရဟန်းတော်များကို သတ်ဖြတ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များကိုအစ္စလာမ်ဘသာသာသို့ အတင်းအဓမ္မ ကူးပြောင်းစေရန် အကြမ်းဖက်နည်းများကို အသုံးပြုခဲ့ကြသည်။ဤသို့ အကြမ်းဖက် သတ်ဖြတ်မှု မခံရဘဲ အသက်ချမ်းသာရာ
ရခဲ့သည့် ဗုဒ္ဓဘာသာဝင်အများစုမှာလည်းဘေးကင်းလုံခြုံရာ ရှာရင်း စစ်တကောင်းတောင်ကုန်းဒေသသို့
ပြောင်းရွှေ့ခဲ့ကြသည်။ သို့သော်အမိန့်မထုတ်ဘဲ အကြမ်းဖက်မှုဒဏ်ကို ခံနေခဲ့ရဆဲပင်ဖြစ်သည်။
(၁၉၄၈) ခုနှစ်တွင် ဗြိတိသျှအိန္ဒိယ (British India) ကိုလွတ်လပ်ရေးပေးသောအခါ မူဆလင်လူထုက ကိုယ်ပိုင်နိုင်ငံတောင်းဆိုခဲ့ကြသည်။ ကိုယ်ပိုင်နိုင်ငံကိုလည်း၎င်းတို့ကိုပေးခဲ့ပြီး၊ ပါကစ္စတန်နိုင်ငံဟု အသစ်ဖွဲ့စည်းခဲ့သည်။ ၎င်းပါကစ္စတန်နိုင်ငံသစ်တွင်မိုင် (၁၀၀၀) ကွာဝေးသော ဒေသကြီးနှစ်ခု
ပါဝင်ခဲ့သည်။ ဤနိုင်ငံသစ်ကို ဘာသာရေးသက်သက်ဖြင့်အဓိပ္ပာယ်သတ်မှတ်ပြီး မူဆလင်နိုင်ငံဟူ၍ပင် သမုတ်ခဲ့ကြသည်။ ဟိန္ဒူဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်နှင့်အခြားမူဆလင်မဟုတ်သူ သန်ပေါင်းများစွာကို
နှင်ထုတ်လျှင်နှင်ထုတ်၊ နှင်မထုတ်ဖြစ်လျှင်သတ်ပစ်လိုက်ကြသည်။ အိန္ဒိယနိုင်ငံမှ ဟိန္ဒူဘာသာဝင်များကလည်းမူဆလင်သန်းပေါင်းများစွာကိုနှင်ထုတ်ခြင်းဖြင့် တုန့်ပြန်ခဲ့သည်။ (၁၉၇၁) ခုနှစ်တွင် အရှေ့ပါကစ္စတန် (EastPakistan) က ပါကစ္စတန်လက်အောက်မှ လွတ်လပ်ရေးကို တိုက်ခိုက်ယူခဲ့သည်။ (၄) လတာ သွေးချောင်းစီးစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်အရှေ့ပါကစ္စတန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (Bangladesh) ဟူ၍ ဖြစ်လာခဲ့သည်။ မူဆလင်ပါကစ္စတန်နိုင်ငံသားများ
ကမူဆလင်ဘင်္ဂါလီများအပေါ် လူမျိုးရေးခွဲခြားမှု၊ လူတွင်ကျယ်လုပ်မှုတို့ကြောင့် စစ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်
။နှစ်ဖက်စလုံးက စစ်ပွဲကို အသုံးချ၍ ၎င်းပဋိပက္ခနှင့် လားလားမှ မသက်ဆိုင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဟိန္ဒူဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင် သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြသည်။ ယခု လတ်တလောအခြေအနေတွင်ဘင်္ဂလားဒေ့ရှ်လူမျိုးများသည် ကမ္ဘာတွင် ဘာသာရေးအရသည်းမခံနိုင်
ဆုံး၊ ပေါက်ကွဲအကြမ်းဖက်လွယ်ဆုံးသောမူဆလင်များဖြစ်လာနေကြသည်။ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင်လူနည်းစုများမှာအကြမ်းဖက်မှု၊ မီးရှို့မှု၊ မြေလုမှု၊ အဓမ္မဘာသာပြောင်းခိုင်းမှုတို့ကို ဒီလှိုင်းပမာ တစ်လုံးပြီးတစ်လုံးလာအရိုက်ခံနေကြရရှာသည်။ မူဆလင်မဟုတ်သူများ (မူဆလင်မဟုတ်သော ကလေးများ အပါအဝင်) ကို အစ္စလာမ်ဘာသာ(သို့) မိုဟာမက်နှင့် ပတ်သက်၍ ဝေဖန်သည်၊ အမနာပပြောဆိုသည်ဟုဆိုကာ လွဲမှားစွာ စွပ်စွဲလျက်သေဒဏ်ပေးခံကြရသည်။
အိန္ဒိယနိုင်ငံသည် မိမိကိုယ်ကို ကာကွယ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်စပ်နေသော ရှည်လျားသည့် နယ်နိမိတ်တလျှောက်တွင် မိုင်ပေါင်း (၁၇၉၀) ရှည်လျားသော သံမဏိဆူးကြိုးများဖြင့်ခံတပ်သဖွယ် ကာရံထားသည့် ခြံစည်းရိုးကို တည်ဆောက်ထားပြီး ဖြစ်သည်။ ရည်ရွယ်ချက်မှာ အစ္စလာမ်အစွမ်းရောက်များအိန္ဒိယလူမျိုးများ၏ အလုပ်အကိုင်ကို လုယူကြမည့် ရွှေ့ပြောင်း
အလုပ်သမားများ၊ ‘ရိုဟင်ဂျာဆိုသူများ’ (သို့) အခြားသော မူဆလင်များတည်းဟူသော ထိန်မနိုင်သိန်းမရ ဖြစ်သည့် လှိုင်းတံပိုးများအိန္ဒိယပြည်တွင်းသို့ မဝင်ရောက်နိုင်စေရေး ကာကွယ်ရန်ဖြစ်သည်။ ၎င်းခြံစည်းရိုးသည် ကမ္ဘာ့အရှည်ဆုံးသောနယ်နိမိတ်ခြား စည်းရိုးကြီးပင်
ဖြစ်ပေသည်။
ဤမည်သော နိုင်ငံများက မြန်မာနိုင်ငံတွင် (သို့) အခြားနိုင်ငံတစ်နိုင်ငံတွင်မည်သည်က အမှန်တရားဖြစ်မည်၊ မည်သည်က အမှန်တရားဖြစ်သည်ဟု မည်သို့ အဆုံးအဖြတ်ပေးနိုင်ပါမည်နည်း။
 Thakin AungGyi ဖေ့စ်ဘုတ်မှ

No comments: