ဟိုချီမင်း ဇွန် ၁
ဗီယက်နမ် နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် ပိုင်နက်နယ်မြေ အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိစဉ် ၎င်း၏ ကာကွယ်ရေးကို မြှင့်တင်ရန် ကြိုးပမ်းသည့် အနေဖြင့်
ဗီယက်နမ် ဒုတိယ ကာကွယ်ရေး ဝန်ကြီး ငုယင်ချီဗင့် က ဇွန် ၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံသည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွင် တရုတ်နိုင်ငံအား ရန်လိုစွာ တုံ့ပြန်သည့်အနေဖြင့် အရှေ့တောင် အာရှ နိုင်ငံများအား အစွမ်းကုန် အထောက်အကူ ပေးအပ်သွားမည် ဖြစ်ကြောင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က မေ ၃ဝ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ထို့အပြင် တရုတ်နှင့် ပိုင်နက်နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားနေသော ဂျပန်နိုင်ငံသည် ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့အား လေ့ကျင့်ပေးမှု၊ သတင်းအချက်အလက် ဖလှယ်မှုနှင့် စစ်သင်္ဘောအချို့ စေလွှတ်မှုတို့ဖြင့် ဗီယက်နမ် နိုင်ငံကို အကူအညီ ပေးလျက်ရှိကြောင်း ငုယင်ချီဗင့် က ပြောကြားခဲ့သည်။ ဗီယက်နမ်နှင့် တရုတ် စစ်သင်္ဘောများသည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသော ရေပိုင်နက် အတွင်း ဆောက်လုပ်နေသည့် တရုတ်ရေနံတူးစင် ပတ်ဝန်းကျင်၌ ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုတိုးမြှင့် ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်
မြဝတီ
်
No comments:
Post a Comment