Jun 4, 2014
နောင်လာမယ့် အနှစ် နှစ်ဆယ်အတွင်း ရန်ကုန်မြို့ကို ခေတ်မီလှပပြီး နေချင့်စဖွယ်ကောင်းတဲ့ မြို့ကြီးတစ်မြို့ ဖြစ်အောင် ဝိုင်းဝန်းဖန်တီးကြရအောင်။
အဲဒီအတွက်၂၁ ရာစု ရန်ကုန်မြို့ဖြစ်ဖို့လိုတယ်။ အခြေခံအဆောက်အအုံတွေ ခေတ်မီရမယ်၊ အိမ်ရာတန်ဖိုးတွေက အများတတ်နိုင်ရမယ်။ အများသုံး သယ်ယူပို့ဆောင်ရေး စနစ်တွေ ကောင်းမွန်ရမယ်။
ရွှေတိဂုံစေတီတော်ကို ဖူးတွေ့ရတဲ့ ရှုခင်းကို ကာကွယ်ရမယ်။ မြို့ရဲ့ အမှတ်သင်္ကေတ မြင်ကွင်းတွေ ပိတ်ဆို့တာကို တားဆီးရမယ်။ အဖိုးမဖြတ်နိုင်တဲ့ ဗိသုကာလက်ရာတွေ တည်တံ့အောင် ထိန်းသိမ်းရမယ်။ စိမ်းစိုတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ အများပြည်သူ အပန်းဖြေစရာ ပန်းခြံ ဥယျာဉ် ရေကန်တွေကို ထိန်းသိမ်းတိုးချဲ့ ရမယ်။ ရန်ကုန်မြစ်ကမ်းဘေး တစ်လျှောက်လုံးကို လှပအောင် ပြုပြင်ရမယ်။
ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျ ပြုပြင်လိုက်မယ်ဆိုရင် ရန်ကုန်မြို့ဟာ ကမ္ဘာလှည့် ခရီးသည် အများအပြား ဝင်ထွက်သွားလာတဲ့ နိုင်ငံတကာ အဆင့်မီ မြို့ကြီးတစ်မြို့ ဖြစ်လာလိမ့်မယ်။ အလုပ် လုပ်ကိုင် နေထိုင်တဲ့ သူတွေ နှစ်ခြိုက်တဲ့ နေရာတစ်ခု ဖြစ်လာမယ်။ မြန်မာ့အနာဂတ် စီးပွားရေး ကို မောင်းနှင်မယ့် အဓိကအင်အား တစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။
ကာလတို အမြတ်အစွန်းအစား ရေရှည်အကျိုးစီးပွားကို ကြည့်ကြရအောင်။ အနာဂတ်ကောင်းကို ဖန်တီးမယ် ဆိုရင် အတိတ်ကို ဖယ်ချန်ထားလို့ မရပါဘူး။ ရှိနေတဲ့ သမိုင်းဝင် အခင်းအကျင်းတွေကို ခေတ်မီတဲ့ မြို့ပြစီမံမှု စနစ်နဲ့ ပေါင်းစပ် ဖန်တီးရပါမယ်။
လာမယ့်လအနည်းငယ်အတွင်းမှာ ချမှတ်မယ့် ဆုံးဖြတ်ချက်တွေ ဟာ နောင် နှစ်တစ်ရာမက ရန်ကုန်ရဲ့ အနာဂတ်အပေါ် သက်ရောက်မှာဖြစ်တယ်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဟာ ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့တော်ရဲ့ အမွေအနှစ်များ ထိန်းသိမ်းရေးတို့အတွက် အစိုးရအဖွဲ့အစည်းများ၊ အခြားသော လူမှုအဖွဲ့အစည်းများနဲ့ ဖွံ့ဖြိုးရေးမူဝါဒများကို ပုံဖော်ရာမှာ ပူးပေါင်းဆောင်ရွက်နေပါတယ်။
မြို့ရဲ့အနာဂတ်အရေးဟာ မြို့နေပြည်သူလူထုရဲ့ အရေးဖြစ်ပါတယ်။ ရှိပြီးသား အမွေအနှစ်များနဲ့ အသစ် ယှဉ်တွဲခြင်းအပေါ် မိမိတို့အမြင်နဲ့ အကြံဉာဏ်များကို ဝေမျှပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ထပ်မံသိရှိလိုပါက www.yangonheritagetrust.org မှာလေ့လာနိုင်ပါတယ်။
Rough translation:
* Yangon can be the most modern, beautiful and liveable city in southeast Asia.
* Yangon must be a 21st century city, with modern infrastructure,
affordable housing and efficient public transport.
* We must protect our views of the Shwedagon pagoda and other iconic
views, our collection of priceless architecture and we must protect
and expand our green areas, public spaces, our lakes and waterfront.
* The development of downtown Yangon can make our city a world-class
tourism destination, a great place to live and work, and a driver of
the Myanmar economy.
* We should not place short-term profits ahead of long term value.
Instead we must find the best way to integrate our old and historic
landscape into a modern landscape.
* Decisions made over the coming months will affect Yangon for the
next hundred years. The Yangon Heritage Trust is working with
Government and Civil Society to formulate new policies, new
regulations, and realistic new ideas to protect our heritage and
redevelop Downtown Yangon.
* Tell us how you think we can best protect our heritage and integrate
the old and the new by visiting our Facebook page. For more
information visit www.yangonheritagetrust.org

No comments:
Post a Comment