Thursday, June 5, 2014

ဘရာဇီးဘောလုံးသူရဲကောင်း ပီလီ၏သားငွေကြေးခဝါချမှုဖြင့်ထောင် ၃၃ နှစ် ချမှတ်ခံရ


ဆော်ပေါ်လို ဇွန် ၂
ဘရာဇီးဘောလုံးသူရဲကောင်းပီလီ၏သားဖြစ်သူအား မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုမှရရှိသော ငွေကြေး များအား ခဝါချမှုစွဲချက်များဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။
ထောင်ဒဏ်ချမှတ်ခံရသူ အီဒင်ဟိုသည် ၎င်း၏ဖခင် ပီလီကစားခဲ့သော ဆန်တို့စ်ဘောလုံးအသင်းတွင် ဂိုးသမား အဖြစ် ၁၉၉ဝ ပြည့်လွန်နှစ်များတွင် ပါဝင်ကစားခဲ့ဖူးသူ ကစားသမားဟောင်းလည်းဖြစ်သည်။

၎င်းသည် ဆန်တို့စ်မြို့ရှိ နာမည်ဆိုးဖြင့်ကျော်ကြား သော မူးယစ်ဆေးဝါးဖြန့်ချိသည့်အဖွဲ့နှင့် ဆက်စပ်မှုရှိခြင်း ကြောင့် ၂ဝဝ၅ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဖမ်းဆီး ကာ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။
၎င်းသည် မူးယစ်ဆေးဆိုင်ရာ ပြဿနာများရှိကြောင်း ဝန်ခံခဲ့ပြီး မူးယစ်ဆေးမှောင်ခိုရောင်းချမှုနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်သည့် အီဒင်ဟိုသည် ဆန်တို့စ်ဘောလုံးအသင်းတွင် ဂိုးနည်းပြအဖြစ် လုပ်ကိုင် လျက်ရှိသည်။
ဘီဘီစီ

No comments: