Tuesday, June 3, 2014

အခြေခံဥ ပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး နတ်မောက်မြို့၊ ဗိုလ်ချုပ်ရပ်ကွက်သားများ လက်မှတ်မထိုး

3 June 2014
ခုတလော ခေတ်စားနေတဲ့ ခြေဥ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အမြို့မြို့၊ အနယ်နယ်မှာ လက်မှတ်ထိုးမှုကောက်ယူမှုတွေလုပ်နေချိန်မှာ ဗိုလ်ချုပ်ရဲ့ဇာတိ၊ လွတ်လပ်ရေးဖခင်ကြီး မွေးဖွားရာ ဇာတိသွေးဇာတိမာန်တက်ကြွတဲ့ နတ်မောက်မြို့၊ ဗိုလ်ချုပ်ရပ်ကွက်သားတွေကတော့ ဒီနေ့ထိ တစ်ယောက်မှ လက်မှတ်မထိုးကြပါဘူးလို့ NLD နဲ့နီးစပ်တဲ့ နတ်မောက်မြို့ခံတစ်ဦးက ပြောပါတယ်။..
ဒီကိစ္စနဲ့ပတ်သက်ပြီး နတ်မောက်မြို့ခံတစ်ယောက်ကို မေးကြည့်ရာမှာတော့ ” ကျွန်တော်တို့က ကိုယ့်အမျိုးကို ချစ်တဲ့သူလေဗျာ. ခု ၄၃၆ ကိုပြင်ဖို့လုပ်နေတာဟာ ဒေါ်စု သမ္မတအဖြစ် ဝင်ရောက်အရွေးခံဖို့အဓိကလုပ်နေတာဗျ၊ အခြားအကြောင်းတွေမပါဘူး၊ ကျွန်တော် ဒေါ်စုကိုထောက်ခံသူပါ။ ဒါပေမယ့် ၄၃၆ လို အခြေခံဥပဒေကို ပြင်ဖို့အတွက် အရေးပါတဲ့ကိစ္စကို လွယ်လွယ် လုပ်လို့ရမယ်ဆိုရင် မှားသွားမှာပေါ့။ ဒီနှစ် ဒေါ်စု သမ္မဖြစ်ဖို့ ၅၉(စ) ကိုပြင်မယ်၊ နောက်နှစ် တိုင်းတစ်ပါးသွေးနှောတွေဝင်မလာအောင် ၅၉(စ) ကို တစ်ခါ ထပ်ပြင်အုံးမယ် ဆိုရင် လွယ်လွယ်နဲ့ပြင်လို့ရတဲ့ ပေါချောင်ချောင် ဥပဒေဖြစ်နေရင် ဘယ်နိုင်ငံကမှ လေးစားမှာမဟုတ်ဘူး။ ဒါကြောင့် လက်မှတ်မထိုးတာ” လို့ပြောပါတယ်

မြကြီး (နတ်မောက်)
Ref & Credit :
www.thefreenote.com

No comments: