ဗန်ကောက် ဇွန် ၃ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် သင်္ကေတဖြစ်သည့် လက်ချောင်း သုံးချောင်းထောင် ပြခြင်းနှင့် ပတ်သက် ၍ ထိုကဲ့သို့ ပြုမူသူများကို ဖမ်းဆီးသင့်ကြောင်း
ထိုင်းနိုင်ငံ ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ (NCPO) ကပြောကြားခဲ့သည်ဟု သိရသည်။ ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ အနေဖြင့် အဆိုပါ အပြုအမူနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မချမီတွင် လက်ချောင်း သုံးချောင်းထောင်ပြ ရသည့် ရည်ရွယ်ချက်ကို ပထမဦးစွာ လေ့လာ သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ လက်ချောင်းသုံးချောင်း ထောင်ခြင်း သည် Hunger ဂိမ်းဗီဒီယိုတွင် အသုံးပြုသော စစ်ဘက်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် သင်္ကေတ ဖြစ်ကြောင်း ထိုင်းကြည်းတပ်၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Win- thai Suwaree က ပြောကြားခဲ့သည်။
သို့ရာတွင် သင်္ကေတအသုံးပြု ဆန့်ကျင်ရေးလှုပ်ရှားသူများ အသုံးပြုသော သင်္ကေတ သည် လွတ်လပ်မှု၊ ညီမျှမှုနှင့် လူမှုရေးစိတ်ဓာတ် ရှိမှုတို့ကို ကိုယ်စားပြုခြင်း ဖြစ်ကြောင်း သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။ စစ်ဘက် အရာရှိများအနေဖြင့် ဆန့်ကျင် ဆန္ဒပြသူများနှင့် ပတ်သက်၍ အပေးအယူ ပြုလုပ်ခြင်းနှင့် စေ့စပ် ဆွေးနွေးခြင်း နည်းလမ်းများကို အမြဲတမ်း အသုံးပြုခဲ့သော်လည်း လိုအပ်လာပါက ဥပဒေ ပြဋ္ဌာန်းခြင်းနှင့် ဖမ်းဆီးခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း Win- thai Suwaree က ပြောကြားခဲ့သည်ဟု သိရသည်။
မြဝတီ
No comments:
Post a Comment