Friday, June 6, 2014

အမေရိကန်န်ရဲ့ ဖုန်းခိုးနားထောင်မှုကို ဂျာမနီဝန်ကြီးချုပ်က စုံစမ်း စစ်ဆေးသွားမယ်

်
photo>> အမေရိကန်သမ္မတ အိုးဘားမားနဲ့ ဂျာမနီနိုင်ငံ ၀န်ကြီးချုပ် အန်ဂျယ်လာ မာကဲလ (Credit: AFP
5.6.2014
ဂျာမနီဝန်ကြီးချုပ် အန်ဂျယ်လာ မာကဲလ်ရဲ့ လက်ကိုင်ဖုန်းကို အမေရိကန်တွေက သူလျှိုလုပ် ခိုးနားထောင်ခဲ့တယ်ဆိုတဲ့ အမေရိကန်ထောက်လှမ်းရေးဟောင်း Edward Snowden ရဲ့ ဖွင့်ဟချက်နဲ့ ပတ်သက်ပြီး ဂျာမနီနိုင်ငံက တရားရေးရာ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်က ပေါ်လာတဲ့ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ ဂျာမနီ နှစ်နိုင်ငံအကြား သံတမန်ရေး ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

သူမရဲ့ ဖုန်းကို ဘာကြောင့် ခိုးနားထောင် ခဲ့ရသလဲ ဆိုတာကို အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ အနေနဲ့ ဖြေရှင်းချက်ပေးဖို့ ဂျာမနီဝန်ကြီးချုပ်က လူသိရှင်ကြား တောင်းဆိုခဲ့ပါတယ်။
အမေရိကန် သမ္မတအိုဘားမား ဥရောပရောက်ခိုက်မှာပဲ အခုလို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ထွက်ပေါ်လာတာ ဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး သံတမန်ရေးအရ ထိလွယ်ရှလွယ်ရှိလှတယ်လို့ ဥရောပဆိုင်ရာ အေဘီစီ သတင်းထောက်က ပြောပါတယ်။
အမေရိကန် နဲ့ ဂျာမနီ အပါအ၀င် ကမ္ဘာ့ ထိပ်သီး ၇ နိုင်ငံရဲ့ ညီလာခံကို ဒီကနေ့ နှောင်းပိုင်းကျရင် ဘရာဆဲလ်မြို့မှာ ပြုလုပ်ကျင်းပသွားဖို့ ရှိပါတယ်။
radioaustralia

No comments: