Jun 4, 2014
ဟိန်းကောင်းကင်
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးလွှတ်တော်လမ်းကြောင်းကနေသွားမှာဖြစ်ပြီး ဒီကိစ္စကို အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒေါ်စုက ပြောဆိုထားပါတယ်။
လွှတ်တော်လမ်းကြောင်းကသွားမယ်ဆိုပြီး အပြင်မှာ ၃၄၆ ပြင်ဆင်ရေးဟောပြောပွဲတွေပြုလုပ်၊
နောက်တစ်ချက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောပွဲပြုလုပ်တဲ့နေရာမှာ ပုဒ်မ၄၃၆ကို ပြင်ဆင်ဖို့ ဟောပြောတာထက် လူထုကိုတပ်မတော်အပေါ်မှာ ယုံကြည်မှုလျော့ပါအောင်
တပ်မတော်အပေါ်မှာ အမြင်ကြည်လင်မှုမရှိအောင်သွေးထိုးပြောဆိုခြင်း၊ ပုဒ်မ၄၃၆ ကိုအကြောင်းပြ
ပြီး တပ်မတော်ကို ပြင်းပြင်းထန်းထန်းဝေဖန်ပုတ်ခတ်ပြောဆိုခြင်းတွေသာ အဓိကထားပြုလုပ်နေ
နေတာဖြစ်ပါတယ်။
ဒါအပြင် ပြည်သူလူထုကိုလည်း လမ်းပေါ်တက်လာအောင်လုပ်ဆောင်နိုင်စွမ်းရှိတယ်၊အရေးအခင်း
တစ်ခုကို ဖန်တီးလိုက်နိုင်တယ်ဆိုတဲ့ မပြောအပ်မပြောဆိုသင့်တဲ့ ပညာဥာဏ်မဲ့ အပေါစကား
တွေပြောဆိုပြီး ဆူပူအုံကြွမှုဖြစ်လာအောင် တွန်းအားပေးတဲ့ ပုံစံမျိုးတွေဖန်တီးလာတာတွေကလဲ
တစ်ကယ့်ကိုစိတ်မကောင်းစရာပါပဲ။
ဒီလိုပြောဆို ပြုမှုချက်တွေကြောင့် ရွေးကောက်ပွဲကော်မရှင်က ဥပဒေဘောင်အတွင်းကပြောဆိုဖို့
လုပ်ကိုင်ဖို့ သတိပေးစာ ပေးပို့တာကိုလည်း တွေ့လိုက်ရပါတယ်။
ဒါပေမဲ့ NLD ကဒါကို ဂရုမစိုက်ဖူးဆိုတဲ့ပုံစံမျိုးနဲ့ ဆက်လက် လုပ်ဆောင်မြဲ ပြောဆိုမြဲပါပဲ၊
ဥပဒေနဲ့အညီတာမြစ်တာကို ဂရုမစိုက်တဲ့ပုံစံမျိုးဆက်ချိုးနေမယ်ဆိုရင်တော့ ရွေးကောက်ပွဲ
ကော်မရှင်ကလဲ သူတို့အနေနဲ့ သတိပေးသင့်တာကိုပေးပြီးဖြစ်လို့ အရေးယူသင့် အရေးယူ
ထိုက်တယ်ဆိုရင် အရေးယူသွားမှာပဲဖြစ်ပါတယ်၊NLD ဖြစ်လို့ လျောပေးမှာတော့မဟုတ်ပါဘူး။
ဒါကတစ်ပိုင်းပါ၊ အဓိကတင်ပြခြင်တာကတော့NLD အနေနဲ့ ၄၃၆ ကို အကြောင်းပြပြီး တပ်မ
တော်ကို အဓိက ပစ်မှတ်လိုသဘောထားပြီးတပ်မတော်ကိုပြိုကွဲစေလိုတဲ့စိတ်၊တပ်မတော်ကို
လက်ရှိဆောင်ရွက်နေတဲ့ အမျိုးသားနိုင်ငံရေးဆိုတဲ့ အခန်းကဏ္ဍကိုတောင်ပါဝင်ဆောင်ရွက်တာ
မလိုလားတဲ့ဆန္ဒတွေနဲ့ တမင်ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်ဆိုတဲ့ထင်ရှားစေမဲ့အကြောင်းအချက်
လေးတစ်ခုဖြစ်ပါတယ်။
အခုလုပ်ဆောင်နေတဲ့ NLDနဲ့ ၈၈ တို့ရဲ့ ၄၃၆ ပြင်ဆင်ရေးအတွက်၊ ဟောပြောပွဲနဲ့ လက်မှတ်ထိုး
ခိုင်းတာတွေ ပြုလုပ်ပြီးရင် သူတို့ပြောတဲ့လွှတ်တော်လမ်းကြောင်းကသွားမယ်ဆိုတဲ့အတွက်
လွှတ်တော်လမ်းကြောင်းပေါ်ကို ရောက်လာပြီဆိုရင်ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ လက်ရှိသတ်မှတ်
ပြဌာန်းထားတာက လွှတ်တော်အမတ် ၇၅% နှုန်းကျော်မှ ပြည်သူ့ ဆန္ဒခံယူပြီး ထက်ဝယ်ကျော်က
ပြင်မယ်ဆိုရင် ပြင်နိုင်တယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။အဓိကတင်ပြခြင်တာက ဒီအချက်ပါပဲ၊NLD အနေနဲ့လွှတ်တော်မှာရှိတဲ့ တပ်မတော်သားအမတ် ၂၅ %မပါ ကျန်တဲ့ ၇၅ % က ၄၃၆ ကိုပြင်ဆင်ဖို့ သဘောတူပြီးသားဖြစ်တယ်၊ တပ်မတော်သားတွေကသာ သဘောမတူတဲ့ပုံစံမျိုးနဲ့ ဟောပြောပြီး ပုတ်ခတ်နေတာဖြစ်ပါတယ်၊
လွှတ်တော်မှာရှိတဲ့ တပ်မတော်သားမပါ ၇၅%သောအမတ်တွေအားလုံးက နိုင်ငံတော်အတွက် ဒီလောက်
အရေးကြီးတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ သဘောတူမတူနိုင်ပါဘူး၊ ဒါကြောင့်တပ်မတော်သားဖယ်ထားပြီး
၇၅ % နှုန်းသော အမတ်တွေကို ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒကောက်ရင်တောင် မပြင်ဆင်လိုတဲ့ သူတွေ အများစု
ရှိနေဦးမှာဖြစ်တယ်ဆိုတာ မုချမလွဲပြောရဲပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုမှုကောင်မတီက ပုဒ်မ ၄၃၆ကို
လွှတ်တော်အမတ်ဦးရေရဲ့ စုစုပေါင်း ၃ ပုံ ၂ ပုံကပြင်မယ်ဆိုရင် ပြင်ဆင်နိုင်ဖို့ ကော်မတီမှာ အတည်ပြု
ထားတယ်လို့ဆိုပါတယ်၊ ဒါကိုလွှတ်တော်မှတင်ပြီးအတည်ပြုနိုင်ခဲ့မယ်ဆိုရင် ၇၅ % ကျော်မှ ပြင်
ဆင်နိုင်မယ်ဆိုတာကို ၆၆.၆၆ % နှုန်းက ထောက်ခံရင် ပုဒ်မ ၄၃၆ ကိုပြင်ဆင်နိုင်မှာဖြစ်ပါတယ်၊
ဒါကြောင့် ဒီကနေ့ NLDနဲ့ ၈၈ တို့ပူးပေါင်းပြီးပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်ဟောပြောပွဲပြုလုပ်နေတာ
ပုဒ်မ ၄၃၆ အကြောင်းနားမလည်တဲ့ ပြည်သူတွေကိုလက်မှတ်ထိုးခိုင်းနေတာဟာ ပုဒ်မ ၄၃၆ ကို အကြောင်းပြပြီးတပ်မတော်ကို ဖြိုခွဲဖို့ ကြံစည်နေတာဖြစ်တာလားဆိုတာ မေးခွန်းထုတ်စရာအဖြစ် တင်ပြလိုပါတယ်။
From OppositEye

No comments:
Post a Comment