2 June 2014
အခြေခံဥပဒေ အခန်း (၁၂) အခြေခံသပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ အား ပြင်ဆင်သင့်သည် မှာမှန်က န်သော်လည်း လွှတ်တော်ကိုယ်စား ၇၀% (သို့မဟုတ်) ၇၅% ၏ ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်သည်ဟု ပဲပြောင်းလည်းသင့်ပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း မှ အခြေခံဥပဒေ ပြင်ဆင်ခြင်းပုဒ်မကို တင်ကြပ်ထားမှုမရှိပါက အခြေခံဥပဒေ ပါ ပြဌာန်းချက်များကို လွယ်လင့်တကူ ပြင်ဆင်ခြင်း ဖျက်သိမ်းခြင်းများပြုလုပ်နိုင် သွားမည်ဖြစ် သည်။
ထိုသို့ လွယ်ကူစွာ ပြုပြင် ဖျက်သိမ်း နိုင်ခြင်းရှိသွားပါခဲ့သည်ရှိသော် အခြေခံဥပ အခန်း(၁) မှ ပုဒ်မ ၄၂(ခ) ကို ဖျက်သိမ်းခဲ့သည်ရှိသော် မြန်မာနိုင်ငံရေး ပိုမိုရှုပ်ထွေးလာနိုင်သည်ကို သတိချပ်စေလိုပါတယ်.။
အခန်း(၁) ပုဒ်မ ၄၂ (ခ) မှာ ပြဌာန်းထားသည်မှာ အောက်ပါ အတိုင်းဖြစ်သည်
၄၂ (ခ) နိုင်ငံတော် အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု။
အထက်ဖေါ်ပြပါ ပုဒ်မ သည် မြန်မာနိုင်ငံရေးတည်ငြိမ်ရေး အတွက် အရေးပါကြောင်းပြောကြားလိုပါသည်။
အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံရဲ့ ပထ၀ီ အနေအထားအရ မည်သည့် နိုင်ငံရဲ့ စစ်တပ်ကိုမျှ တပ်ချခွင့်ပြုလို့ မဖြစ်နိုင်သောကြောင့်ပင်တည်း။
မြန်မာ နိုင်ငံဟာ အရှေ့အလယ်ပိုင်းနှင့် အရှေ့အာရှကို စစ်ရေးအရ သြဇာလွမ်းမိုးထားဖိုကြံစည်နေသော အနောက်ဥရောပ နိုင်ငံတွေအတွက် အဓိကကျသောနယ်မြေ တစ်ခုဖြစ်နေပါသည်။
အခြေခံဥပဒေ ပါ ပုဒ်မ ၄၃၆ အား လျော့ရဲစွာ ထားလိုက်ပါက လွှတ်တော်တွင်း အနောက်ဥပရောပ သြဇာခံအချို့ စိုးမိုးခဲ့သော် အမေရိက တိုက်သားတို့ရဲ့ အကြံအစည်အကောင်ထည်ဖေါ်ဆောင်ရွက်လာပါက အိန္ဒိယ နှင့် တရုတ်အတွက် အနီးကပ်ေ စာင့်ကြည့်ခံသလို ဖြစ်လာနိုင်ပါတယ်။ တစ်စပ်တွေးမိတာက လွန်ခဲသော 7 လောက်က မြန်မာ-အန္ဒိယ နယ်စပ်က ပြသနာဟာ အန္ဒိယ ဘက်မှ ခေါင်းလောင်း သံအချက်ပေးလိုက်လေသလား။အကယ်၍သာ အမေရိကတိုက်သားတို့ မြန်မာမြေမှာ တပ်စွဲခွင့်ရခဲသော် တရုတ်တို့ သည်တိုင်းနေမည်လား။အင်းအားကြီး နိုင်ငံတွေကြားက မြန်မာနိုင်ငံဟာ မိမိတို့၏ ပိုင်နက်မြေပေါ်မှာ မည်သည့် တပ်ကိုမှ တပ်စွဲခွင့် ပေးလို့မရနိုင်တဲ့ အကြောင်းတရားတွေပင်။ မြန်မာ နိုင်ငံသည် စီးပွားရေးအရသာ မဟာဗျူဟာ ကျနေသည်မဟုတ်ပဲ စစ်ရေးအရပါ မဟာဗျူဟာကျသောနေရာဖြစ်နေလေရာ ………..
အရာရာသတိရှိဖို့လိုအပ်ပါကြောင်း အတိုချုပ်ဖေါ်ပြလိုက်ရပါသည်။ အထက်ဖေါ်ပြပါ အကြောင်းအရာများကို သေချာစွာ သိရှိလိုပါက မြန်မာ့ ပထ၀ီနိုင်ငံရေးစာအုပ်ကို လေ့လာပြီး အမေ၇ိကန်တို့ရဲ့ အရှေ့အလယ် ပိုင်း ဒေသ တပ်စခန်းများချထားမှုကို လော့လာပြီးနော်က ကမ္ဘာမြေပုံပေါ်မှာ ပွိုင့်လေးတွေမှတ်ကာ မိမိတို့ဖာသာစဉ်းစားကြပါလေ….
အထက်ဖေါ်ပြပါ စာစုကို မိတ်ဆွေတို့ အနေဖြင့် လူပုဂ္ဂိုလ်စွဲ ပါတီစွဲ နှင့် မကြည့်ပဲ အလယ် အလတ်လမ်းစဉ်ဖြင့်ကြည့်ကြပါမှ သာ စာစု၏ ဆိုလိုရင်းကို သိရှိနိုင်မည်ဖြစ်ကြောင်း တင်ပြရင်းနိဂုံးချုပ်လိုက်ရပါတယ်။
အခွင့်အခါကြုံလို့အချက်အလက်ပိုမိုပြည့်စုံခဲ့ရင် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ရေးသားသွားပါဦးမည်။
လေးစားလျှက်
အောင်ရဲစိုး(ဥပဒေ)

No comments:
Post a Comment