http://feedproxy.google.com/~r/mwdmedia/~3/3IKNfTNzuvc/45638-2014-07-08-10-47-40?utm_source=feedburner&utm_medium=email
ရန်ကုန် ဇူလိုင် ၇ အမေရိကန် နည်းပညာကုမ္ပဏီ Google နှင့် တောင်ကိုရီးယား
အခြေစိုက် LG ကုမ္ပဏီတို့ ပူးပေါင်း၍
မကြာမီ တွင် မိမိတို့၏ အိမ်ပုံစံများကို တိုင်းတာခြင်း၊ မြေပုံများကို
ရုပ်ကြွကြည့်ရှုခြင်း၊ 3D ရုပ်ထွက်ဂိမ်းများ ဆော့ ကစားခြင်းများကို Tablet
တစ်လုံးတည်းဖြင့် လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ယခု
နည်းပညာအတွက် Google မှ ကမ္ဘာ့ တက္ကသိုလ်များ၏ သုတေသနပြု အဖွဲ့အစည်းများ၊
ဆော့ဖ်ဝဲလ်ရေး ဆွဲသူများ၊ အခြားနည်းပညာ ကုမ္ပဏီများနှင့် ပူးပေါင်းကာ
စမ်းသပ်တီထွင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ မြေပုံတစ်ခုလုံး၏ 3D
မြင်ကွင်းများကို Tablet တစ်လုံးတည်းဖြင့် ကြည့်ရှုနိုင်စေမည် ဖြစ်သည်။
Tango ပရောဂျက်၏ အစိတ်အပိုင်းအဖြစ် ပါဝင်သည့် ၎င်းနည်းပညာ စမ်းသပ်လုပ်ဆောင်မှုကို
ဖေဖော်ဝါရီ လကပင် ကမ္ဘာ့နည်းပညာ အသိုင်းအဝိုင်းသို့ အသိပေးခဲ့ပြီး ဖြစ်သော်လည်း
ယခုအချိန်ရောက်မှသာ သတင်း အချက်အလက် အသေးစိတ်ကို ထုတ်ပြန်နိုင်ခြင်း
ဖြစ်ကြောင်း သိရသည်။ ယင်းနည်းပညာ ရလဒ်အဖြစ် Google 3D Tablet ကို
အသုံးပြုပြီး Google Map ဖြင့် မိမိ၏ တည်နေရာကို ကြည့်ရှုပါက ယခုအချိန် တွင်
မြင်တွေ့ရသည့် အနေအထားကဲ့ သို့ ကောင်းကင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံများကို
မြင်တွေ့စေနိုင် မည် ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်ဇော်

posted from Bloggeroid
No comments:
Post a Comment